#Local_News
Published_ 1 May 2023
စစ်ပွဲများနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေဘိုဆန်ဈေး မြင့်တက်နေပေမယ့် ယခုလအတွင်းမှာ ဈေးပြန်ကျလာနိုင်တယ်လို့ ဆန်ကုန်သည်များအသင်းကပြောပါတယ်။
#Local_News #ဒေသတည်ငြိမ်မှုမရှိ #ရွှေဘိုဆန် #ဆန်ကုန်သည်အသင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 1 May 2023
၁။ ဒေသတည်ငြိမ်မှု မရှိသော်လည်း ရွှေဘိုဆန်ဈေး ပြန်ကျလာမည်ဟု ဆန်ကုန်သည်အသင်းပြေ
၂။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၃။ အပူချိန်မြင့်၍ ပုသိမ်ဆေးရုံရှိ အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station မီးလောင်ကျွမ်းခဲ့ ၊ ထိခိုက်ဒဏ်ရာရသူ မရှိဟုဆို
၄။ နာမကျန်းဖြစ်နေသည့် တူရကီသမ္မတ ပူတင်နှင့်ဗီဒီယိုရုပ်သံတွင် ပြောဆိုကာလူရှေ့ ပြန်လည်ပေါ်ထွက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 May 2023
ရန်ကုန်မြို့နဲ့ အနီးဆုံးမြို့နယ်ဖြစ်တဲ့ ဒလမြို့နယ်တွင် သောက်သုံးရေကန်များခမ်းခြောက်လာတာကြောင့် ရပ်ရွာ ဒေသခံများ ပူးပေါင်းပြီး ရေကန်တွေပြည်လည်တူဖော်နေတယ်လို့ ဒေသခံတွေက YMG ကိုပြောပါတယ်။
#Local_News #အပူရှိန်မြင့်လာခြင်း #ဒလမြို့ #ရေကန်များခမ်းခြောက်
#YMG #Yangon_Media_Group
#Loacl_News
Published_ 1 May 2023
ခရီးသည်တင် ကားပေါ် တက်အိပ်နေသည့် အမျိုးသား ၁ဦး သေဆုံးမှု မန္တလေးတွင် ဖြစ်ပွါးကြောင်း "မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး) မှသိရသည်။
မေလ ၁ ရက်နေ့ နံနက် ၂ နာရီကျော်က မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၂လမ်း သီရိမန္တလေးကားကွင်းထဲရှိ ကမ္မရာဇာ ခရီးသည်တင် ကားပေါ်မှာ တက်အိပ်နေသည့် အသက်၃၀ ခန့်အ ရွယ်အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်စဉ်ပွါးခဲ့ကြောင်းသိရသည်။
အဆိုပါ ကမ္မရာဇာ ခရီးသည်တင် ကားသည်မန္တလေး-ပခုက္ကူ-ကမ္မ-ပြင်ဦးလွင်ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်ပြီး သေဆုံးသည့် အမျိုးသားမှာ ကားပိုင်ရှင်နဲ့ဆွေမျိုးနီးစပ်တော်သူလို့လည်း ဒေသခံတွေက ပြောသည်။
သေဆုံးသည့် အမျိုးသားမှာ အသက်၃၀ခန့်အရွယ် သာရှိပြီး ဘာကြောင့် သေဆုံးလည်းဆိုတာကို တော့ မသိရသေးကြောင်း "မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး) မှသိရသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာမြန်မာU22ဘောလုံးအသင်းရဲ့အုပ်စုပွဲစဉ်တွေကိုတိုက်ရိုက်ပြသသွားမယ်လို့သိရသည်။
မြန်မာU22ဘောလုံးအသင်းအုပ်စုပွဲစဉ်တွေကိုမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့MRTV HD နဲ့MRTV Sports ရုပ်သံလိုင်းတွေမှာတိုက်ရိုက်ပြသသွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းဟာအရှေ့တီမောအသင်း၊အင်ဒိုနီးရှားအသင်း၊အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့နှင့်တစ်အုပ်စုတည်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရုပ်သံတိုက်ရိုက်ထုတ်လွင့်ပြသမှုအနေဖြင့်မေလ၂ရက်နေ့ညနေလေးနာရီတွင်အရှေ့တီမောအသင်း၊မေလ၄ရက်နေ့ညနေလေးနာရီတွင်အင်ဒိုနီးရှားအသင်း၊မေလ၇ရက်နေ့ညနေခုနှစ်နာရီတွင်ကမ္ဘောဒီယားအသင်းနှင့်မေလ၁၀ရက်နေ့ညနေလေးနာရီတွင်ဖိလစ်ပိုင်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားကြပုံများကိုထုတ်လွှင့်သွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းမှာအသင်းသား၂၀ပါဝင်ပြီးတော့နာမည်ကျော်တိုက်စစ်မှုးဟိန်းထက်အောင်၊ချစ်အေး၊အောင်သီဟ၊စွမ်းထက်နှင့်ဥက္ကာနိုင်တို့ပါဝင်တဲ့အပြင်ရတနာပုံကလပ်ဂိုးသမားပြည့်ဖြိုးသူနဲ့ဧရာဝတီကလပ်ဂိုးသမားဟိန်းထက်စိုးတို့ကပါဝင်ယှဉ်ပြိုင်သွားမည်ဟုသိရသည်။
ကမ္ဘာဒီးယားနိုင်ငံတွင် မေလ ၆ ရက် မှ ၁၇ ရက်အထိ ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ မြန်မာနိုင်ငံမှအုပ်ချုပ်ရေးအဖွဲ့ ၅၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲဝင် ၁၀၄ ဦး၊ အမျိုးသားအားကစားသမား ၁၉၈ ဦး၊ အမျိုးသမီး အားကစားသမား ၁၄၃ ဦးစုစုပေါင်း ၅၀၁ ဦးက အားကစားနည်း ၂၁ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး စက်ရုံမှအပြန် ကားလမ်းဖြတ်ကူးစဉ် YBS ကားက ဝင်တိုက်၊ တက်ကြိတ်မိပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ၃၀ရက်ညနေ ၅နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်၃လမ်းမကြီး၊ ပုလဲလမ်းဆုံအနီး လမ်းဖြတ်ကူးစဉ်မီးပွိုင့်ကွေ့ကြော ကားလမ်းအလယ်တွင် ရပ်နေရာ တစ်ဖက်ကွေ့ကြောမှ မီးပွိုင့်ဖြတ်လာသော YBS ၉၂မီနီဘတ်စ်က လမ်းဖြတ်ကူးသူအမျိုးသမီးအား ဝင်တိုက်မိကာ ဦးခေါင်းကိုတက်ကြိတ်မိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
"စက်ရုံကအပြန် ၃ယောက် လမ်းဖြတ်ကူးတာမှာ ၁ ယောက်က ကျန်ခဲ့တာ
လမ်းလေးခွဆုံတာမီးပွိုင့်ဖြစ်တာ ကြောင့် တစ်ဖက်ကွေ့ကြောကမီးပွိုင့်ဖြတ်လာတဲ့လိုင်းကားက ရပ်ထားတဲ့လိုင်းကားကိုကျော်တက်မောင်းတာမှာရပ်နေတဲ့ အမျိုးသမီးကို တိုက် မိတာလို့ မျက် မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရသိရတယ်"ဟု ပုလဲအရန် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ မုံရွာဇာတိဖြစ်ပြီး အသက်၂၀ ကျော်အရွယ်ခန့်ကာ မဂ်လာဒုံမြို့နယ်တွင် သူမ၏အဒေါ်နှင့်နေထိုင်ခြင်းဖြစ်ကြောင်း၊သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှမေဓာဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #အမျိုးသမီးတစ်ဦး #YBS ကားကဝင်တိုက် #ဦးခေါင်းပွင့်ထွက်ဒဏ်ရာ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
မေ ၁ ရက်၊ ယနေ့နံနက် ၆ နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် မြို့ပတ်လမ်းထောင့်၌ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
"ဦးခေါင်းမှာ ၃ လက်မလောက်နက်တဲ့ ဒဏ်ရာတွေ့ရတယ်။ တခြားခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ရဘူး။
ဦးခေါင်းကို ရိုက်ပြီး သတ်သွားတဲ့ ပုံစံမျိုးတော့ ယူဆရတာပေါ့။
မိသားစုနဲ့တော့ အခုထိအဆက်အသွယ် မရသေးဘူး“ ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသား၏ ပုံသဏ္ဍာန်မှာ နားဖောက်ထားခြင်း၊ နောက်ကျောတွင် တက်တူးထိုးထားခြင်း၊ ယာလက်တွင် မိုးကြိုးသွား တက်တူးထိုးထားခြင်း၊ ဘယ်နံရိုးပေါ်တွင် ဂျိုကာပုံတက်တူးထိုးထားခြင်းများရှိကာ ခန့်မှန်း အရပ်မှာ ၅ ပေ ၈ လက်မ ဝန်းကျင်ရှိပြီး အသားဖြူ၍ ခန္ဓာကိုယ်အနည်းငယ်ဝကြောင်း သိရသည်။
သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/ppk
#Local_News #မန္တလေး #ဦးခေါင်းထိခိုက်ဒဏ်ရာ #လမ်းပေါ်သေဆုံးနေသူ
#YMG #Yangon_Media_Group
Page 1147 of 2054