#Local_News
Published_ 2 May 2023
မြန်မာအလုပ်သမားများ ဟောင်ကောင်အထူးအုပ် ချုပ်ခွင့်ရဒေသသို့လာရောက်၍ကာလရှည်အလုပ်လုပ်ကိုင်ရန်အခက်အခဲရှိနိုင်သည်ဟုဟောင်ကောင်မြို့ရှိမြန်မာကောင်စစ်ဝန်ရုံးမှထုတ်ပြန်လိုက်သည်၊၊
မြန်မာနိုင်ငံနှင့်ဟောင်ကောင်အစိုးရအကြား အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့လာရောက်၍ ကာလရှည်အလုပ်လုပ်ကိုင်မည့်မြန်မာအလုပ်သမားများအနေဖြင့်အခက်အခဲရှိနိုင်သည်ဟုဆိုသည်၊၊
ထုတ်ပြန်ချက်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်အလုပ်သမားခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းအချို့မှ ၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်အလုပ်အကိုင် ကြေညာများထုတ်ပြန်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်ပြည်ပနိုင်ငံများမှ အလုပ်သမားခေါ်ယူရန်အစီအစဥ်ရှိသော်လည်း မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူညီချက် တစ်စုံတစ်ရာလက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် ဟောင်ကောင်ဒေသသို့လာရောက်၍ ကာလရှည်အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိနိုင်ပါကြောင်း ဟောင်ကောင်မြို့ရှိမြန်မာကောင်စစ်ဝန်ရုံး၏ထုတ်ပြန်ထားသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။
မေလ ၂ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အသက် ၃၃နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးနေခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူသည် တာမွေကြီး(က+ဂ)ရပ်ကွက်၊ ၁၅၆လမ်းနေသူ ဦးဝင်းအောင်ကို(အသက် ၃၃နှစ်)ဖြစ်တယ်လို့ သိရပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူရဲ့ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ကုသိုလ်ယူခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့က ထုတ်ပြန်ထားသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ဧရာဝတီမြစ်အတွင်း ရေဆော့သူ ၊ ရေချိုးလာသူ ၊ အပန်းဖြေသူများ အသက်အန္တရာယ်မဖြစ်စေရေး အတွက် သတိပေး ဆိုင်းဘုတ်များကို ဧပြီလ ၃၀ ရက်က စိုက်ထူခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ မကြာခဏ ရေနစ်မြုတ်သေဆုံးသူများ ရှိလာနေသည့်အတွက် ယင်းဆိုင်းဘုတ်များကို ပြည်မြို့ ဘောတံတားအောက်တစ်လျှောက် မြစ်ကမ်းဘေးတွင်အသက်အန္တရာယ်မဖြစ်စေရေးအတွက်ရည်ရွယ်၍ "သတိ-ရှေ့ဆက်တိုးလျှင်သေတတ်သည်" ဟု ရေးသားထားကြောင်း သိရသည်။
"အခု ရက်ပိုင်းအတွင်းမှာ အရမ်းပူနေတာကြောင့် မြစ်ထဲမှာ ရေဆင်းချိုးသူတွေ များနေတယ်။ရေချိုးတာကနေ ရေနစ်တာတွေ ဖြစ်တယ်။ဒါကြောင့် ဒီလို အန္တရာယ်တွေ မဖြစ်အောင် ဆိုင်းဘုတ် စိုက်တာ ဖြစ်ပါတယ်"ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၇ရက်ကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်းမိသားစု ၆ဦး ပြည်မြို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာ ၃ဦးရေနစ်ခဲ့သေးကြောင်း၊ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း အမျိုးသား၁ဦးရေဆင်းချိုးရာမှရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News ##ဧရာဝတီမြစ် #အသက်အန္တရာယ်မဖြစ်စေရေးသတိပေ #ဆိုင်းဘုတ်
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ကာ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)များကိုလည်းကောင်း တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာမြို့ နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်း လူငယ်စခန်း များတွင်လည်းကောင်း သင်ကြားလျက်ရှိကြောင်း သိရသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို မေလ ၁ ရက်တွင် သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်းလူငယ်စခန်း ၁၁ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊တပ်မတော်(လေ)က လည်း လေကြောင်း လူငယ်စခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/pl
#Local_News #ရေကြောင်းနှင့်လေကြောင်းလူငယ် #အခြေခံသင်တန်းများ
#YMG #Yangon_Media_Group
#Loacl_News
Published_ 1 May 2023
အလှူပွဲလမ်းသဘင်များတဲ့ ပွင့်လင်းရာသီနဲ့ သင်္ကြန်တွင်းကာလတွေအပြီး အသားတိုးကြက် ခြံဖမ်းဈေးဟာ ဈေးအနည်းငယ်သာပြန်ကျလာတယ်လို့ အသားတိုးကြက် မွေးမြူသူများသူထံမှ သိရပါတယ်။
#Loacl_News #အသားတိုးကြက် #ဈေးပြန်ကျ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ဆေးရုံကြီး ကိုးထပ်ဆောင်ကို အောက်ဆီဂျင်ဖြန့်ဝေပေးတဲ့ Stationမှာ မီးလောင်ကျွမ်းမှုဧပြီလ (၃၀)ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပုသိမ်ရှိ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်၊၊
#Local_News #အပူချိန်မြင့် #ပုသိမ်ဆေးရုံ #အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station #မီးလောင်ကျွမ်းခဲ့ #ထိခိုက်ဒဏ်ရာရသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
Page 1146 of 2054