#Daily_News
Published_ 28 September 2023
၁။ လေဖိအားနည်းဆဲလ်ကြောင့် ရန်ကုန်နှင့်ဒေသအချို့တွင် မိုး(၆)ရက်သည်းနိုင်
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး အောက်တိုဘာ ၁ ရက်မှစတင် တိုးကောက်မည်၊လည်ပတ်ချိန် ၃ ရက်အတွက်သာဖြစ်ဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်လိုအား လာမယ့်အောက်တိုဘာလကုန်မှသာ ပြန်ရှိနိုင်မည်
၄။ ဗီယက်နမ်မှ(၁၉)ကြိမ်မြောက် ဆောင်းဦးလယ်အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီး စနေနေ့ကစတင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 28 September 2023
ယနေ့စက်တင်ဘာလ(၂၈)ရက်ညနေပိုင်းတွင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအတွက်အဆုံးအဖြတ်ပေးမည့်ပွဲစဉ်များဖြစ်သော မြန်မာ-ဂျပန်(အမျိုးသား ဘောလုံးအသင်း)နှင့် မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်တို့ယှဉ်ပြိုင်မည်ကြမည် ဖြစ်ကြောင်းသိရသည်။
မြန်မာ-ဂျပန်(အမျိုးသားဘောလုံးအသင်း)ပြိုင်ပွဲသည် ရှုံးထွက်အဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယနေ့စက်တင်ဘာလ(၂၈)ရက်ပြိုင်ပွဲသည်မြန်မာအမျိုးသားဘောလုံး အသင်းအတွက်အရေးကြီးသည့်အဆုံးအဖြတ်ပေးနိုင်မည့်ပွဲစဉ်ဖြစ်ပြီး ရှုံးနိမ့်ပါက အာရှအားကစားပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ပြီး အနိုင်ရပါက အုပ်စုဒုတိယအဆင့်ရှုံးထွက်အဆင့်မှနောက်တစ်ဆင့်ကိုတက်ရောက် နိုင်မည်ဖြစ်သည်။
ဂျပန်အသင်းသည် အုပ်စုပွဲများတွင် ကာတာနှင့် ပါလက်စတိုင်း နှစ်သင်းစလုံးအနိုင်ယူကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်လာခြင်းဖြစ်သလို ၂၀၁၈ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အသင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိန္ဒိယနှင့် တစ်ဂိုးစီသရေကျကာ တရုတ်အသင်းကို လေးဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ဒုတိယအဆင့်(၁၆)သင်း ထဲတွင်ပါဝင်ခဲ့သောအသင်းဖြစ်ကြောင်းသိရသည်။
မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်သည်လည်း အရေးကြီးပြီး မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် ဖိလစ်ပိုင်ကို အနိုင်ကစားရန် လိုအပ်သလို အခြားအုပ်စုရ လဒ်များကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများတွင် တောင်ကိုရီးယားကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဟောင်ကောင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးငါးသင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်းရှစ်သင်းသာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ယနေ့မြန်မာဘောလုံး #ဘောလုံးပွဲစဉ်များ #Yangon_Times
‘ငမိုးရိပ်တမံမှာ ရေပြည့်နေပြီး ရေပိုလွှဲမှရေ ၂.၅၀ ပေကျော်နေသလို မဟူရာတမံမှာလည်း ရေပြည့်ကာ ရေပိုလွှဲမှရေ ဝ.၉၀ ပေကျော်နေပြီး ပေါင်းလင်းတမံမှာတော့ ရေပြည့်မှတ်ရောက်ဖို့ ဝ.၂၀ပေလိုသေးတယ်’ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
Published_ 28 September 2023
#Local_News
#ရေလှောင်ကန်နှင့်တမံများ #ငမိုးရိပ်တမံ
#tthl #Yangon_Times
တောင်သူတွေ လက်ထဲရောင်းချရမယ့် နှမ်းတင်းပေါင်းများစွာကျန်နေသေးပေမယ့် ဈေးဆက်တိုက် ကျလာတာကြောင့် နှမ်းစုပေါင်းရောင်းချပွဲကို သတ်မှတ်ကာလအတွင်းမှာပဲ ပိတ်သိမ်းတော့မှာ ဖြစ်တယ် လို မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Published_ 28 September 2023
#Local_News
#ဈေးဆက်တိုက်ကျ #နှမ်းစုပေါင်းရောင်းချပွဲ
#YMG/LW #Yangon_Times
ဂျင်းတပင်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဂျင်းတက်ခူးဆွပ်နိုင်ပြီး လာမယ့် အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာလအထိ ထွက်ရှိမယ့် ဂျင်းဟာ ပြည်ပကဝယ်ယူတာများတဲ့ ဂျင်းအခက်ကြီးများဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု ပြန်ရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Published_ 28 September 2023
#ဂျင်းဝယ်လိုအား #ဘင်္ဂလားဒေ့ရှ်မှဝယ်ယူမှု
#YMG/LW
#Yangon_Times
#Local_News
Published-28 September 2023
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီးတွင်Hijet (အဖြူရောင်)ယာဉ်က လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက် မှ ဝင်ရောက်တိုက်မိပြီးသေဆုံးသူ ၂ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၈ရက် ၊ နံနက် ၆နာရီအချိန်က မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်အမှတ်(၈၉/၇)နှင့်(၉၀/၀)ကြားတွင် Hijet (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက်မှဝင်ရောက်တိုက်မိပြီး Hijet (အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းကားခေါင်းခန်းတွင် ညပ်နေမှုဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး (သေဆုံး)ခဲ့ပြီးအမျိုးသား၃ဦးနှင့် အမျိုးသမီး ၄ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နေရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပြီးဟဲဟိုးမြတ်စေတနာလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ယာဉ်တိုက်မှုဖြစ်ပွား #ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိ
#Yangon_Times/PP
"အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပြည်ပနိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး (၃၀၀၀၀)ကျပ်သို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။နေထိုင်လည်ပတ်ခွင့်သက်တမ်း(၃)ရက် နာရီအားဖြင့် (၇၂)နာရီလည်ပတ်ခွင့်ရမှာဖြစ်ကာ (၃)ရက် ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေးထပ်မံကောက်ခံသွားမှာဖြစ်တယ်"
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Published_ 28 September 2023
#Local_News
#ပုဂံဇုန်ဝင်ကြေးတိုးကောက် #ယဉ်ကျေးမှုဝန်ကြီးဌာန
#tthl #Yangon_Times
Page 1157 of 2319