#Local_News

Published 22 December 2023


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ Taxi ကားလုပြေးသူအား အငှားယာဉ်များမှ လိုက်လံဖမ်းဆီးကြရာ တာမွေမြို့နယ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Taxi မောင်းသူအား ဓါ-းဖြင့်ထောက်ကာ ကားပေါ်မှကန်ချခဲ့ပြီး ကားမောင်းပြေးသွားခဲ့ရာ အခြား Taxi ယာဉ်မောင်းများက နောက်မှလိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မောင်းပြေးသည့်ကားသည် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းထိပ်တွင် လိုင်းကားနှင့် တိုက်မိပြီးရပ်သွားသည့်အတွက် ကားလုယက်သူကိုဖမ်းမိခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး လိုအပ်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တက်စီကားလုပြေးသူ #လိုက်လံဖမ်းဆီး #YMG/NN #Yangon_Times