#Local_News
Published_ 30 September 2023
နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်လလျှင့် ကျပ်သုံးသောင်း ချီးမြှင့်သွားမယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင်ကျပ်တိတိထပ်မံခံစားခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။
အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့် ကိစ္စရပ်နှင်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့်ကြေညာစာထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News #နိုင်ငံ့ဝန်ထမ်းများ #တပ်မတော်သား #အပိုထောက်ပံ့ကြေးသုံးသောင်းကျပ်
#Yangon_Times
#BreakingNews
၃၀ စက်တင်ဘာ ၂၀၂၃
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး . (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ .. စောရောဂျာခင်၊ 


ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ကြခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒီစာများသည် မမှန်ပါဘူး အတုများဖြစ်ပါတယ်။
ဒီလိုသတင်းတုတွေဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရ ထိုးနှက်မှုကို အချိန်ကိုက်လုပ်ဆောင်နေကြခြင်းဖြစ်တယ်”
ဗိုလ်ချုပ်ဇော်မင်းထွန်း
၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာများသည် လုပ်ကြံထားသည့် အမိန့်ကြော်ငြာစာအတုများသာဖြစ်ကြောင်း နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အတည်ပြုပြောကြားပါတယ်။
#Local_News
Published_ 30 September 2023
၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များရုပ်သိမ်းခြင်းဟူ၍ ဆိုရှယ်မီဒီယာပေ့ချ်အချို့တွင် ရေးသားနေကြသည်မှာ သတင်းတုသတင်းမှားများသာဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ဖြေရှင်းလိုက်ကြောင်း သိရသည်။
လူမှုကွန်ရက်ပေါ်တွင်ပျံနှံ့လာသည့် မြန်မာနိုင်ငံအတွင်းလက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ(၂၉)ရက်ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟု အမိန့်ကြေညာစာအတုထွက်ပေါ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် အမိန့်ကြေညာစာများသည် သတင်းတုသတင်းမှားများသာ ဖြစ်ကြောင်း၊ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်မှလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်အတု၌ (၅၀)ကျပ်တန်၊ (၁၀၀) ကျပ်တန်များအား စက်တင်ဘာ (၂၉ )ရက်နံနက်( ၆ )နာရီမှစတင်၍ ရုတ်သိမ်းလိုက်သည်ဟု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၂၇/ ၂၀၂၃)ဖြင့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၄၁ တို့အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရေးသားထားကြောင်းသိရသည်။
#Local_News #၅၀ကျပ်တန်နှင့်၁၀၀ကျပ်တန် #ဆိုရှယ်မီဒီယာပေ့ချ်အချို့ #နစကမှထုတ်ပြန်ဖြေရှင်း #tthl #Yangon_Times
#Daily_News
Published_ 29 September 2023
၁။ မြန်မာနိုင်ငံတွင် ‘ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့’ကျင်းပ၊ ရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိဟုဆို
၂။ ငှက်ပျောသီး ဈေးထက်ဝက်ခန့် မြင့်လာပေမယ့် ငှက်ပျောစိုက်တောင်သူတွေအတွက်အကျိုးမြတ်မရှိဟုဆို
၃။ စာသင်ကျောင်းများတွင် စားပွဲခုံအောက်ထက် ကျောင်းကွင်းပြင်ကျယ်သည် ငလျင်ဘေးအန္တရာယ်အကင်းဆုံးဖြစ်ဟုဆို
၄။ အီဂျစ်တွင်ပထမဆုံး လျှပ်စစ်မီးရထားလိုင်း LRT စနစ်စတင်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 29 September 2023
ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းတွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သက်ကြီးအမျိုးသမီး(၂)ဦးသေဆုံးခဲ့ကြောင်း စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှသိရသည်။
စက်တင်ဘာလ ၂၉ ရက်၊ မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းသည်ကိုသိရှိမှုနောက်ကျခဲ့ သလိုသော့အဆင့်ဆင့်လည်းခတ်ထားသည့်အတွက် အသက်(၆၀)ကျော်အမျိုးသမီးကြီးတစ်ဦးနှင့် အသက်(၃၅)ခန့်ရှိသောအမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်။
‘အင်းလျားမြိုင်လမ်းမှ ာမီးလောင်တယ်ဆိုတာဟုတ်ပါတယ်။ Yangon Tea House ဆိုင်လောင်တာ မဟုတ်ပါဘူး။ အဲဒီ့နားကနှစ်ထပ်တိုက်နေအိမ်မီးလောင်တာပါ။ အမျိုးသမီးကြီးနှစ်ဦးသေဆုံးပါတယ်။ အဲဒီ့ရပ်ကွက်ကနေအိမ်တွေကကျယ်ဝန်းပြီး လူတွေလည်းသိပ်မသိတာလည်းပါတယ်။ သော့အဆင့်ဆင့်ခတ်ထားတာလည်းပါပါတယ်’ဟု စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့ နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရန်ကင်း မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ငြှိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။
#tthl #Local_News #အင်းယားမြိုင်လမ်း #အမျိုးသမီး(၂)ဦးသေဆုံး #Yangon_Times
‘အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အခုရက်ပိုင်းမှာ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်သလို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်တို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်တယ်’မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 29 September 2023
#လေဖိအားနည်းရပ်ဝန်း #မြန်မာ့ကမ်းရိုးတန်း
#tthl #Yangon_Times
Page 1155 of 2319