#Local_News
Published_ 27 May 2023
အခုရက်ပိုင်းအတွင်းကျောင်းဖွင့်ချိန်နီးလာပြီဖြစ်လို့ ကျောင်းဝတ်စုံဝယ်ယူတဲ့သူတွေ ပိုများလာတယ်လို့ ကျောင်းဝတ်စုံအရောင်းဆိုင်တွေထံမှ သိရပါတယ်၊၊
#Local_News #ကျောင်းဝတ်စုံရောင်းအားပိုကောင်းလာ #မနှစ်ကထက်ကျောင်းဝတ်စုံဈေးနှုန်းပိုမြင့်နေ #YMG #Yangon_Media_Group
#Local_News
Published_ 27 May 2023
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ယနေ့ နေ့လည် ၁နာရီ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၂၉၅၀ ဝန်းကျင် ပြန်တက်လာတယ်လို့ ပြင်ပငွေကြေးလဲလှယ်တဲ့ဈေးကွက်ကနေ သိရပါတယ်။
#Local_News #ဒေါ်လာဈေးပြန်တက်
#YMG #Yangon_Media_Group
#Daily_News
Published_ 27 May 2023
၁။ ပြည်တွင်းဒေါ်လာဈေးပြန်တက်လာ
၂။ ကျောင်းဖွင့်ချိန်နီးလာ၍ကျောင်းဝတ်စုံ ရောင်းအားပိုကောင်းလာ၊ ပိတ်စဈေးကြီးလာသဖြင့် မနှစ်ကထက်ကျောင်းဝတ်စုံဈေးနှုန်းပိုမြင့်နေ
၃။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလစတုတ္ထအပတ်ထိ ကျောင်းသားကျောင်းသူ ၄ ဒသမ ၇ သန်းကျော် ကျောင်းအပ်နှံထားပြီးဖြစ်
၄။ တိုင်းပြည်အတွင်း ဓာတ်အားပြတ်တောက်မှုများကြောင့် တောင်အာဖရိကမြို့တစ်မြို့အမှောင်ထဲနေထိုင်နေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 27 May 2023
Atom ဆင်းကဒ်အချို့ အထွက်ခေါ်ဆိုမှုများခေါ်မရဘဲ ရပ်တန့်နေတယ်လို့ Atom သုံးစွဲသူပြည်သူအချို့က YMG ကိုပြောပါသည်။ မေလ ၂၇ရက်နေ့ နေ့လည်ပိုင်းလောက်ကစပြီး မြန်မာနိုင်ငံအနှံ Atom သုံးစွဲသူများအထွက်ခေါ်ဆိုမှုတွေ မရရှိဘဲ အဝင်ခေါ်ဆိုမှုများရရှိနေကြောင်း သိရသည်။
Atom ရဲ့ Hot line ကို YMG က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်၍မရရှိသေးချေ။ Atom တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာတော့ အထွက်ခေါ်မှုပြတ်တောက်နေတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းတော့မရှိသေးချေ။
လက်ရှိမှာ Atom ဆက်သွယ်ရေးအော်ပရေတာတစ်တည်းလိုင်းပြတ်နေတာဖြစ်ပြီး ကျန်သည့် အော်ပရေတာများမှာ အဝင်ရောအထွက်ခေါ်ဆိုမှုများရရှိနေသေးကြောင်း သုံးစွဲသူပြည်သူများထံမှ သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကတော့ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က ပြည်တွင်းမှာ သုံးဆွဲနေသည့် ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ရက်ပေါင်း ၃၀ အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို (SMS) များ ပေးပို့သွားမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားစိစစ်ရေးကဒ်အချက်အလတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင်ခြင်းမရှိသည့် ဆင်းကဒ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #Atom ဆင်းကဒ်အချို့ #အထွက်ခေါ်မှုများပြတ်တောက်နေ
#YMG #Yangon-Media-Group
#Local_News
Published_ 27 May 2023
မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် Sky Net တို့ ပူးပေါင်းပြီး ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှသိရသည်။ ယခုဒုတိယအကြိမ်ပြိုင်ပွဲမှာ ဝိတ်တန်း ၄ ခုသတ်မှတ်ထားပြီး ၅၇ ကီလိုတန်း ၊ ၆၀ ကီလိုတန်း၊ ၆၃.၅ကီလိုတန်း၊ ၆၇ ကီလိုတန်းဆိုပြီး ကီလိုတန်း ၄ ခုခွဲထားပြီး တစ်ပွဲလျှင် ၃ မိနစ် ၅ချီ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ရွှေအောင်လံရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်ရရှိသူများ ကို ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။
ဗိုလ်လုပွဲကျင်းပသည့် ဇွန်လ ၁၈ ရက်နေ့တွင် စိန်ခေါ်ပွဲနှစ်ပွဲပါဝင်မှာဖြစ်ပြီးပြိုင်ပွဲပုံစံမှာ အလဲထိုး၊ ဒိုင်ပွဲရပ်နှင့် အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးမှာဖြစ်ကြောင်းလည်းသိရသည်။ ယှဉ်ပြိုင်မည့်ဝိတ်တန်းများကို ကွာတားဖိုင်နယ်မှ စတင်ကာရှုံးထွက်စနစ်ကျင့်သုံးမှာဖြစ်ကြောင်းလည်း သိရသည်။
ကီလိုအလိုက်ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမား ၂၈ဦးရှိပြီး သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအလိုက် ကိုယ်စားပြုချန်ပီယံဆုရှင်အပြင် မျိုးဆက်သစ်များလည်းပါဝင်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။
#ymg/ynzw #Local_News #ရိုးရာလက်ဝှေ့အဖွဲ့ချုပ် #Sky Net #ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲကျင်းပမည် #YMG #Yangon-Media-Group
#Local_News
Published-27 May2023
ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်းနဲ့ ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်လွှဲပြောင်းပေးခြင်း အခမ်းအနားကို မေ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု များခဲ့စဥ်အချိန်ကလည်း ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ဆေးနဲ့ဆေးပစ္စည်းတွေ၊ လှူဒါန်းငွေများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ကိုဗစ်ကာကွယ်ဆေးတစ်သန်းလှူဒါန်း
#YMG #Yangon-Media-Group
#Local_News
Published_ 27 May 2023
ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းအားလုံး၏ (၇၅)ရာခိုင်နှုန်းကို ဇွန်လ(၁)ရက်၌အချိန်မီဖွင့်လှစ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိကျန်သည့်ကျောင်းအားလုံးကို ဇွန်လတတိယပတ်၌ ရာနှုန်းပြည့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနစက၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်၊၊
ရခိုင်ပြည်နယ်အတွင်းမြို့နယ် (၁၇)မြို့နယ်တွင်အခြေခံပညာကျောင်းစုစုပေါင်း(၃၁၉၃)ရှိသည့်အနက် မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းအချို့ပျက်စီးခဲ့ရကြောင်းနှင့် ဇွန်(၁)ရက်တွင်ကျောင်းစုစုပေါင်း (၂၄၁၀)ကို အချိန်မီဖွင့်လှစ်သွားမည်ဖြစ်သည် ဟုဆိုသည်၊၊
တပ်မတော်အနေဖြင့်ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်ပါ ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေတွင် အထကကျောင်းပေါင်း (၁၇)ကျောင်းရှိပြီး ပြန်လည်ပြင်ဆင်မှု ရာခိုင်နှုန်းက မေလ(၂၆)ရက်နေ့အထိ (၆၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးပြီဖြစ်ကြောင်း၊သန့်ရှင်းရေးအားလုံးလုပ်ပြီးပြီဖြစ်ကြောင်း သိရသည်၊၊
ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများအတွက် ကျောင်းများကို ကျန်သည့် ပြည်နယ်နှင့်တိုင်းများကဲ့သို့ အချိန်မီတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း၊ အချိန်မီကျောင်းတက်နိုင်ရေးကို ပြင်ဆင်ရေးလုပ်ငန်းများ ဆက်တိုက်အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်ပေးနေသည့်အပြင် ကျောင်းများအချိန်မီတက်ရောက်နိုင်ရေး၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များအချိန်မီရရှိနိုင်ရေး၊ ကျောင်းအပ်နှံမှုများအဆင်ပြေချောမွေ့စေရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အလေးထားဆောင်ရွက်လျက်ရှိသည် ဟုနစက၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်၊၊
#ymg/tthl #Local_News #ကျောင်းအားလုံးရာနှုန်းပြည့်ဖွင့်လှစ်သွားမည်
#YMG #Yangon_Media_Group
Page 1010 of 1973