#Local_News
Published_ 29 August 2023
တရုတ်နိုင်ငံထဲသို့ သွားရောက်မည့်ခရီးသည်များ ပြည်မဝင်မီကိုဗစ်စစ်ဆေးမှုခံယူရန် မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များသည် ပြည်မဝင်မီ ကိုဗစ်-၁၉ PCR သို့မဟုတ် Antigen test စစ်ဆေးရန် မလိုအပ်တော့သည့်အပြင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း ဖြည့်သွင်းရန်မလိုအပ်တော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခင်က တရုတ်နိုင်ငံသို့သွားရောက်လိုပါက ပြည်မဝင်ခင် ကိုဗစ်မရှိကြောင်းစစ်ဆေးထားသည့်အထောက်အထားများပြသကြရသော်လည်း ယခုချိန်တွင်ကိုဗစ်ဖြစ်ပွားမှု လျော့ကျသွားသည့်အတွက် ကိုဗစ်စစ်ဆေးရန် မလိုတော့ကြောင်းသိရသည်။
#tthl #Local_News #ကိုဗစ်စစ်ဆေးရန်မလိုတော့
#Yangon_Times
#Daily_News
Published_ 28 August 2023
၁။ နယ်ဘက်တွင် တရားမဝင်ဆန်စပါးလှောင်နေသူများကြောင့် ဆန်ဈေးတက်နေ၊ ဥပဒေအရအရေးယူတော့မည်
၂။ Myanmar Women League 2023 ပြိုင်ပွဲတွင် မြဝတီအသင်းက သုံးမှတ်အသာဖြစ် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးရရှိ
၃။ ဈေးထက်ဝက်မြင့်လာသည့်အတွက် ငါးခြောက်အရောင်းဝယ်အလွန်အေး
၄။ ဂျာမနီနိုင်ငံ၏ အယ်လ်ကိုဟောမပါဝင်သော ဘီယာလုပ်ငန်း တွင်ကျယ်လျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအနေနဲ့ ရည်ညွှန်းလက်ကားဈေးနဲ့သာ ရောင်းချပေးသွားမှာ ဖြစ်တယ်။ ဆီကုန်သည်တွေ၊ ဈေးဆိုင်တွေအနေနဲ့လည်း လက်ကားရည်ညွှန်းဈေးအပေါ်မှာ အထွေထွေစရိတ် နဲ့အသားတင်အမြတ်(၂)ရာခိုင်နှုန်းကိုသာ ပေါင်းပြီးရောင်းချရမည်ဖြစ်တယ်’ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းဥက္ကဌ
Published_ 28 August 2023
#ဆီကုမ္ပဏီ #ဆီကုန်သည်
#tthl
#Yangon_Times
#Local_News
Published_ 28 August 2023
မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအပြီး ဂျပန်ကလပ်အသင်းသုံးသင်းဖြင့် ခြေစမ်းပွဲများကစားရာတွင် ဂိုးပြတ်များဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ယနေ့ ဩဂုတ် (၂၈)ရက်က ခြေစမ်းပွဲကစားရာတွင် Saitama City North FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်းကောင်း၊ Una Primavera Football Club အား (၆) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း ၊ Niiza Katayama FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ- ၁၂ အသင်းသည် ဘာစီလိုနာ လူငယ်ဘောလုံးအသင်းအပါအဝင် အခြားအသင်းများကို အုပ်စုပွဲစဉ်အလိုက်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှုံးနိမ့်ထားသည်။
အဆိုပါပွဲများတွင်ရရှိလာသောအတွေ့အကြုံများအရ ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားရာတွင် အနိုင်ရလာဒ်များရရှိခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ ယူ၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၄) မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သည့် Soccer World Challenge 2023 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး၊ အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။
ဓာတ်ပုံ-MFF
#YMG/my #Local_News #ယူ-၁၂
#Yangon_Times
#Local_News
Published_ 28 August 2023
ပြင်ဦးလွင်မြို့ပိတ်ချင်းမြောင် မီးစက်ကြီးရေတံခွန်တွင်လူငယ်အမျိုးသားတစ်ဦးရေနစ်သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ဩဂုတ်လ၂၈ရက် မနက်ပိုင်းတွင် သူငယ်ချင်းနှစ်ဦးနှင့်လာရောက်ရေကူးရင်း အဆိုပါရေတံခွန်တွင်ရေနစ်သေဆုံး ခဲ့သည်ဟုဆိုသည်။
‘‘ရေနစ်သွားတဲ့သူက လူငယ်အမျိုးသားအသက်(၂၀)လောက်ပါ။သူကတော့ကျောင်းသားပဲ။ အတန်း ပညာဆယ်တန်း၊ မေမြို့ တပ်မတော်နည်းပညာတက္ကသိုလ်မှာတက်နေတဲ့ တက္ကသိုလ်ကျောင်းသားလို့ပြောတယ်။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့လာတာ။ ပိတ်ချင်းမြောင် အရင်မီးစက်ကြီးရှိခဲ့တဲ့ရေတံခွန်နေရာမှာရေနစ်တာ။
အရင် ပြီးခဲ့တဲ့တစ်လနှစ်လလောက်ကလည်းနစ်ဖူးတယ်။ အဲ့ဒီနေရာကတော်တော်လေးလှမ်းတယ်။သွားတဲ့သူနည်းတဲ့နေရာ ဖြစ်တယ်။ ကျွန်တော်တို့သတင်းရတဲ့အချိန်နောက်ကျတာ။၁၁နာရီကျော် လောက်မှာနစ်တယ်။ကျွန်တော်တို့နဲ့ က ၁၃မိုင်ကွာတယ်။ဟိုမှာ လိုက်ရှာတယ်။သူနဲ့ပါတဲ့သူငယ်ချင်းတွေကတော့ ရေကူးတတ်ပေမယ့်ကျွမ်း ကျွမ်းကျင်ကျင်တော့မရှိဘူး’’ဟု ပြင်ဦးလွင် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကYMGကိုပြောပြသည်။
ရေနစ်သွားသည့်လူငယ်ကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များဖြင့် သွားရောက်ရှာဖွေကူညီဆောင်ရွက်ခဲ့ကြပြီး ရေနစ်သေဆုံးသူ ကျား(၁)ဦးအား ၁၃ ၃၀ အချိန်တွင် ရှာဖွေတွေ့ရှိ ခဲ့ကာသန္တိသုခအသင်းယာဉ်ဖြင့် ကုတင်(၇၀၀)တပ်မတော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#tthl #Local_News #လူငယ်အမျိုးသားတစ်ဦးရေနစ်သေဆုံး
#Yangon_Times
#Local_News
Published-28 August 2023
ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟုဆို၍ မြန်မာလုပ်သား (၅၆)ဦးထံမှ မြန်မာပွဲစား ၂-ဦးက ထိုင်းဘတ် ငွေ (၂၇၆၀၀၀) ကို လိမ်လည်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အလိမ်ခံရသူများက အကူအညီတောင်းခံမှုအပေါ် လိုက်လံ ဆောင်ရွက်ပေးခဲ့ရာတွင် လိမ် လည်သည့် မြန်မာပွဲစား၂ဦးအနက် မြန်မာပွဲစား တစ် ဦးက ငွေတစ်ဝက်ကိုပြန်လျော်ပေးခဲ့သော်လည်း ကျန် တစ် ဦးကထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
"လိမ်လည်သွားတဲ့၂-ယောက်ထဲက မြန်မာပွဲစား ၁-ယောက်ကငွေတစ်ဝက်လာရောက် ပေးလျော်ခဲ့ပေမဲ့ "မွန်လေး”ဆိုတဲ့ တစ်ယောက်က တိမ်းရှောင်နေတယ်"ဟု လိုက်ပါကူညီသည့် (MHAC) မဟာမိတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစားတစ်ဦးအား ထိုင်းရဲစခန်းတွင် အလုပ်သမားများက အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
#Local_News #မြန်မာလုပ်သား (၅၀)ဦး #လိမ်လည်မှုထိုင်းတွင်ဖြစ်ခဲ့
#Yangon_Times/PP
ဒေဝကဘယ်သူဟာ အရှေ့တောင်အာရှရဲ့ လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရမယ်လို့ကြုံးဝါး
Published_ 28 August 2023
#ခွမ်ခမာလက်ဝှေ့ကျော် #ပရွန်ဆမ်နန်နှင့်ဒေဝ
#YMG/my
#Yangon_Times
Page 1007 of 2115