ဘိန်းအစားထိုး စိုက်ပျိုးနေတဲ့ရှမ်းပြည်မြောက်ပိုင်းက ပြောင်းတွေကိုတရုတ်နိုင်ငံကို တင်ပိုလျက်ရှိ
Published 19 July 2023
#Local_News #YMG/my #မြန်မာ့ပြောင်းဂျပန်ဈေးကွက်အထိထိုးဖောက်
#Yangon_Times
‘မုတ်သုန်အားအလွန်ကောင်းလာသလို တာလင်းမုန်တိုင်းရဲ့သက်ရောက်မှုနဲ့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်မှုတွေကြောင့် မွန်၊ ကရင်၊ တနင်္သာရီမှာ လေပြင်းတိုက်တာ၊ မိုးသည်းထန်တာတွေဖြစ် နိုင်တယ်’ ဦးလှထွန်း(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး)
Published 19 July 2023
#Local_News #tthl/my #မွန်၊ ကရင်၊ တနင်္သာရီ
#Yangon_Times
(၇၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို နစကအဖွဲ့ဝင်တွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုဝင် အပါအဝင်ကျန်ရစ်သူမိသားစုဝင်တွေက တက်ရောက်ဂါရဝပြုခဲ့တယ်။
Published 19 July 2023
#Local_News #tthl #အာဇာနည်နေ့အခမ်းအနားကျင်းပ
#Yangon_Times
#Daily_News
Published_ 19 July 2023
၁။ အာဇာနည်နေ့အခမ်းအနားသို့ နစကအဖွဲ့ဝင်များနှင့် အာဇာနည်မိသားစုဝင်များတက် ရောက်ဂါရဝပြု
၂။ မွန်၊ ကရင်၊ တနင်္သာရီဒေသနှင့်ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက်သည်းမည်
၃။ မြန်မာ့ပြောင်း ဂျပန်ဈေးကွက်အထိ ထိုးဖောက်နိုင်ရန်အရည်အသွေးမြှင့်တင်နေ
၄။ ရာသီဥတု အပူချိန်မြင့်မားလွန်းခြင်းနှင့် မိုးခေါင်ရေရှားမှုများကြောင့် အီရတ်မှပျားရည်ထုတ်လုပ်မှုများစွာထိခိုက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published-19 July 2023
စင်္ကာပူနိုင်ငံ ပတ်စ်ပို့ သည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးပတ်စ်ပို့အဖြစ် ဂျပန်နိုင်ငံကို ကျော်ဖြတ်ရောက်ရှိသွား တယ်လို့ အင်္ဂါနေ့ကထုတ်ဝေတဲ့ ဟင်လေပတ်စ်ပို့ အညွန်းကိန်းအရ သိရပါတယ်။
၂၀၂၁ခုနှစ်တုန်းက စင်္ကာပူဟာ ဗီဇာမလိုဘဲ နေရာပေါင်း ၁၉၄ နေရာသွားနိုင်တဲ့ ပတ်စ်ပို့အဖြစ် ထိပ်ဆုံးနေရာရှိခဲ့ပါတယ်။ အဲဒီတုန်းက ဂျပန်ရဲ့နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ဟာ ၁၉၃နေရာ ဗီဇာကင်းလွတ်တဲ့ ပတ်စ်ပို့အဖြစ်ဒုတိယနေရာ လိုက်ခဲ့ပါတယ်။ စင်္ကာပူဟာ ၂၀၂၂ခုနှစ်အရောက်မှာ တောင်ကိုရီးယားနှင့်အတူ ၁၉၂နေရာ ဗီဇာမလိုပတ်စ်ပို့အဖြစ် ဒုတိယနေရာရခဲ့ပါတယ်။ဂျပန်က ၁၉၃ နေရာနှင့် ပထမအဆင့်ရရှိထားတာပါ။
ယခုနောက်ဆုံးအဆင့်သတ်မှတ်ချက်အရ ဂျပန်ဟာ တတိယနေရာ ပြုတ်ကျသွားပြီး ဗီဇာကင်းလွတ်တဲ့နေရာ ၁၈၉ နေရာပဲရှိပါတော့တယ်။ တတိယနေရာမှာ ဂျပန်နှင့်အတူ ဩစတြီးယား၊ဖင်လန်၊ပြင်သစ်၊လူဇင်ဘတ်၊တောင်ကိုရီးယားနှင့် ဆွီဒင်တို့ အဆင့်တူရှိနေပါတယ်။
အီတလီ၊ဂျာမနီနှင့်စပိန်တို့ဟာ နေရာပေါင်း ၁၉၀ ဗီဇာမလိုသွားနိုင်ပြီး ဒုတိယနေရာပူးတွဲရရှိထားတယ်လို့ လန်ဒန် အခြေစိုက် လူဝင်မှုဆိုင်ရာအကြံပေး ဟင်လေအင်န်ပါတနာအဖွဲ့က ထုတ်ဝေတဲ့စာရင်းအရသိရပါတယ်။
အောက်ဆုံးအဆင့်ရှိနေတဲ့နိုင်ငံက အာဖဂန်နစ္စတန်ဖြစ်ပြီး ၂၇နေရာဗီဇာမလိုအဆင့်ရှိပါတယ်။ အောက်ဆုံငါးနိုင်ငံက ယီမင်(၉၉)၊ ပါကစ္စတန်(၁၀၀)၊ဆီးရီးယား(၁၀၁)နှင့် အီရတ်(၁၀၂)တို့ ဖြစ်ကြပါတယ်။
Source: The Nation #စင်္ကာပူပတ်စ်ပို့ကဂျပန်ကိုကျော်ဖြတ်အဆင့်(၁)ချိတ်
#Yangon_Times
#Local_News
Published-19 July 2023
ကားငှားစီး၍ကားပေါ်တွင် လက်ကိုင်ဖုန်းကျန်ခဲ့၍ ပိုင်ရှင်ဖြစ်သူဆီလာပြန်ပေးသည့် တက္ကစီယာဉ်မောင်းကို တက္ကစီယာဥ်မောင်းများအနေဖြင့် အတုယူသင့်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင်ဝိုင်းဝန်းချီးကျူးပြောဆိုနေကြသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် Taxi MDY CC/3819 ကို မောင်းနှင်နေသည့် ယာဉ်မောင်း ဖြစ်သူသည်သူ၏ ကားပေါ်တွင် ခရီးသည်မေ့ကျန်ခဲ့သည့် ဖုန်းကိုပိုင်ရှင်ဖြစ်သူထံ ပြန်လာပေးခဲ့၍ ခရီးသည်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတစ်ဆင့်မျှဝေခဲ့ပြီး လူအများက ချီးကျူးပြောဆိုနေကြသည်။
ခရီးသည်က “ကျွန်တော် ၉ နာရီကျော်က သံသုမာလမ်းကနေ ကျွန်တော့်အိမ်ကိုငှားလာတာဆင်းမယ့်နေရာလဲရောက်ရော ကားခက နှစ်ထောင်တဲ့ အဲ့ဒါနဲ့ ၅၀၀၀ တန်ထုတ်ပေးလိုက်ရော ပြန်အမ်းဖို့ အကြွေမပါဘူးတဲ့။ အဲ့ဒါနဲ့အသိအိမ်ရှေ့မှာ ရပ်တော့ခဏလေး အကြွေလဲပြီး ပြန်လာပေးမယ် အစ်ကိုဆိုတော့ရတယ်တဲ့။ ကျွန်တော်လဲ ဆင်းပြီးတစ်ထောင်တန် ငါးရွက်လောက် လဲပေးပါ ဆိုပြီး အသိဆီက လဲပြီး Taxi အစ်ကိုကိုနှစ်ထောင်ပေးလိုက်တယ်။ သူလည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောတယ်ကိုယ်လည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောပြီးသူကားထွက်သွားတယ်။ တစ်အောင့်ကြာတော့ အသိကို စကားပြော နှုတ်ဆက်ပြီးဖုန်းကို သတိရသွားတယ်။ ဖုန်းမရှိတော့ဘူး ကားပေါ်ပါသွားပြီလို့ အသိကိုယ်ပြောရင်း အသိဖုန်းနဲ့ လှမ်းဆက်တယ် တစ်ခါခေါ်တာမကိုင်ဘူး နောက်တစ်ခါ ထပ်ခေါ်မှ ဖုန်းကိုင်တယ်။ အစ်ကို ကျွန်တော် ခုနက ကားငှားတဲ့ ညီလေးပါ ဖုန်းလေးကား ပေါ်ပါသွားလို့ ခုန နေရာလေးကို ပြန်ပို့ပေးပါလားလို့ပြောတော့ သူက ဖုန်းနဲ့ပြန်ပြောရင်း ခုနနှစ်ထောင်နဲ့ ငှားတဲ့ညီလားတဲ့ ဟုတ်ကဲ့ပါ အစ်ကိုပြောတော့အခု အဲ့နေရာကို ပြန်လာပို့ပေးမယ်တဲ့ စောင့်နေတဲ့မကြာပါဘူး ပြန်ရောက်လာပြီး ဖုန်းကိုပြန်ပေးတယ်။ကျွန်တော်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အကိုမုန့်ဖိုးလေးပြန်ယူသွားပါလို့ အတင်းပေးခဲ့ရတယ်။ ဘာပဲပြောပြောအခက်အခဲတွေ ကြားထဲကစိတ်ထားမွန်မြတ်တဲ့ လူတစ်ယောက်ကို တွေ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်"ဟု ရေးသားထားသည်။
ယင်းအပြင်ခရီးသည်က "တန်ဖိုးအများကြီး မရှိသော်လည်း စိတ်ထားကောင်းစွာပြန်လာပေးသည့် အစ်ကိုတူသောအကျိုးတူသော စေတနာလက်ငင်း မြန်စွာ ရပါစေ” ဟု ဆုတောင်းပေးထားသည်။
#Local_News #ဖုန်းကို ပိုင်ရှင်ခရီးသည်ဆီလာပြန်ပေးသူတက္ကစီယာဉ်မောင်း
#Yangon_Times/BM
#Daily_News
Published_ 18 July 2023
၁။ မိုးရာသီဖြစ်သော်လည်း ရွှေတိဂုံစေတီတော်သို့တစ်ပတ်ကို နိုင်ငံခြားသားခရီးသွား(၇၀၀)ခန့်ဝင်ရောက်နေ
၂။ ယခုလအတွင်း EVကား(၁၃၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိပြီဖြစ်
၃။ ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာအသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
၄။ နာမည်ကျော်ဇာတ်လမ်းများရိုက်ကူးဖူးသည့် တရုတ်နိုင်ငံမှ ရှီအန်းရုပ်ရှင်စတူဒီယိုဟောင်း ခရီးသွားဧည့်သည်များ လာရောက်ရာနေရာဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Page 1009 of 2044