#Local_News
Published_ 15 March 2024


Online Trading Platform မှ တစ်ဆင့်ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက်သုံးကြိမ်မြောက် အမေရိကန်ဒေါ်လာ ၅ သန်းကိုဗဟိုဘဏ်က ယနေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

 

ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း ရောင်းချပေးထား၍ တစ်လကျော်အတွင်း Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ နှစ်ကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၅ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၆၂ သန်း ထုတ်ရောင်းပေးထားပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးတွင် ဗဟိုဘဏ်မှ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းလည်းဖြစ်သည်။

 

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိနေရာမှ ဖေဖော်ဝါရီလမှစတင်ကာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာမှ  မတ် ၁၅ ရက်ယ‌နေ့တွင် တစ်ဒေါ်လာလျှင် ၃၆၆၀ ကျပ် အထိရောက်ရှိလာကြောင်း သိရသည်။

 

ထိုသို့ ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်နေချိန် နိုင်ငံခြားငွေလဲလှယ်ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သည့် Money Changer ငါးခုကို ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကိုမလိုက်နာသာ့်အတွက်  လိုင်စင်ခြောက်လနှင့် သုံးလဆိုင်းငံ့ထားကြောင်း သိရသည်။

 

#Local_News #Online_Trading_Platform #ယနေ့ဗဟိုဘဏ်ထုတ်ရောင်း #YMG/NN #Yangon_Times