Published_ 02 November 2023
အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင်ပိုးသတ်ဆေး၊ ဓါတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါအန္တရာယ်ကင်းရှင်းသည့် ISO ထောက်ခံချက်ရရှိ ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ (၁) ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များတွင် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်၊ အကြံပြုချက်များအတွက် တွေ့ဆုံညှိနှိုင်းပွဲမှ သိရသည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံသည် ၄င်းတို့၏ Food Safety Law အရ လယ်ယာထွက်ကုန်များ တင်ပို့သည့်အခါ Food Safety ကို ပထမဆုံးတောင်းဆိုသော နိုင်ငံဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုဓါတ်ခွဲခန်းက အသိအမှတ်ပြု လက်မှတ်ရရန်တောင်းဆိုထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က လယ်ယာထွက်ကုန်များ စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်းတပ်ဆင်ပစ္စည်း၊ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဆင်သင့် မဖြစ်သေးသည့်အတွက် ပြည့်စုံစွာဆောင်ရွက်နိုင်မှု မရှိသေးခဲ့သော်လည်း ယခုအခါတွင် ဓာတ်ခွဲစစ်ဆေးမှု အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ ပိုးသတ်ဆေး၊ ဓါတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါ အန္တရာယ်ကင်းရှင်းစေရန် မြန်မာနိုင်ငံဖက်က အစဉ်တစိုက်ကြိုးပမ်းခဲ့ရာ ယခုအခါ ISO 17025 ထောက်ခံချက် ရရှိခဲ့ပြီ ဖြစ်သည့်အပြင် လယ်ယာထွက်ကုန် ပို့ကုန် လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ဈေးကွက်သို့ ဂုဏ်သိက္ခာရှိစွာ တင်ပို့ရောင်းချနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား Sanitary and Phytosanitary မှာ ချောမွေ့သော ကူးသန်း ရောင်းဝယ်မှုများ ဖြစ်ခဲ့သလို ခက်ခဲသော ကာလများလည်း ကြုံတွေ့ခဲ့ရတာရှိပါတယ်။
နိုင်ငံတော်မှ ပြည်ပသို့ တင်ပို့မဲ့ လယ်ယာထွက်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် တောင်သူ လယ်သမားများအတွက်လည်း အဆင်ပြေသလို ပို့ကုန်လုပ်ငန်းရှင်များ အတွက်လည်း အကျိုးကျေးဇူးများ ခံစားနိုင်ရပါတယ်၊ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူဦးရေများတဲ့အတွက် လယ်ယာထွက်ကုန်များ ပိုမိုလိုအပ်သလို၊ မိမိတို့နိုင်ငံအတွက် ဈေးကွက် ချဲ့ထွင်ရန်လည်းလိုအပ်ပါတယ်၊ ကြီးမားသော ဈေးကွက်မှာ အရည်အသွေး ကောင်းမွန်စွာ ပေးပို့နိုင်ဖို့အတွက် အရေးကြီးပါတယ်၊ ယခုလိုဆွေးနွေးပွဲမှာ ဓါတ်ခွဲ စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်သည့်အခါ ဝယ်ယူမည့်နိုင်ငံ၏ လိုအပ်ချက်၊အကန့်အသတ်၊ စံသတ်မှတ်ချက်များအား သိရှိရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
" လိုအပ်ချက်ကို ပြည့်မီအောင် မပို့နိုင်ပါက ကုန်ပစ္စည်းများ ဆိပ်ကမ်းကနေ ပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်ရပါတယ်၊ ယနေ့ဆွေးနွေးပွဲက လယ်ယာ ထွက်ကုန်များတွင် ဓါတုဓာတ်ကြွင်းတွေ ၊ ပါဝင်နိုင်တဲ့ မှိုအဆိပ်အသင့်မှု၊ အဆိပ်သင့်ပစ္စည်းများကို စစ်ဆေးရတာဖြစ်ပါတယ်၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကို တင်ပို့မဲ့ ပစ္စည်းအားလုံးကို နမူနာယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး၊ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြစ်ပါတယ်၊ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့တင်ပို့မဲ့ ပို့ကုန်မှာ ကိုယ်စားပြုမဲ့ သီးနှံSampleပစ္စည်းကိုသာ ဓါတ်ခွဲခန်းကို ပေးပို့စေလိုပါတယ်၊ ပို့ကုန် ကိုယ်စားပြုမဲ့ သီးနှံSampleကို ယူတတ်ဖို့လိုပါတယ်၊ တောင်သူများကလည်း ပိုးသတ်ဆေး၊ ဓါတ်ကြွင်းမပါအောင် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်၊ လုပ်ငန်းရှင်များက တောင်သူများကို အသိပညာပေး၊ နည်းပညာပေး၊ လုပ်ငန်းများတွင်လည်း တိုက်တွန်း ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပြောကြားခဲ့သည်။
စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း (Agricultural Products Analytical Lab - APAL)သည် ISO 17025 ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ အတည်ပြုလက်ခံသော ဓါတ်ခွဲခန်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအတွက်သာမက အခြားနိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့လက်မှုလုပ်ငန်းများ ပြန်ရှင်သန်အောင် ရှော့ပင်းစင်တာများတွင် အရောင်းပြပွဲများ ပြုလုပ်မည်
‘မြန်မာ့လက်မှုလုပ်ငန်းရှင်တွေအနေနဲ့ တစ်ဦးချင်းစီက လုပ်ငန်းရှင်သန်နိုင်အောင် ကြိုးပမ်းနေသလို အသင်းအနေနဲ့လည်း လက်မှုလုပ်ငန်းတွေ ရှင်သန်လည်ပတ်နိုင်အောင် ပြည်တွင်းဈေးကွက်နေရာရဖို့ ရှော့ပင်းစင်တာတွေမှာ လက်မှုအရောင်းပြပွဲတွေ ပြုလုပ်ပြီး ကြိုးပမ်းရုန်းကန်နေတယ်’ မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌဦးသာဓု
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပတင်ပို့နိုင်မည့် ဂျင်းအခက်များ ယခုလကုန်ပိုင်းမှ ထွက်ရှိမှာဖြစ်ပေမယ့် ဘင်္ဂလားဒေရှ် မှ ကုန်သည်တွေဝယ်ယူရန် ကြိုတင်ရောက်ရှိနေ
ပြည်ပကိုတင်ပို့ နိုင်မယ့် အရည်သွေးရှိ ဂျင်းအခက်အရင့်တွေဟာ ယခုလကုန်ပိုင်းမှ ဈေးကွက် အတွင်း ရောက်ရှိမှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေရှ်မှ ကုန်သည်တွေဝယ်ယူရန် ကြိုတင်ရောက်ရှိနေ တယ်လို့ ရှမ်းပြည်နယ်အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကုန်ကြမ်းဈေးကြောင့်လက်မှုထည်အပါအဝင်ဝါးထုတ်ကုန်များဈေးနှုန်းမြင့်တက်
ကုန်ချောထုတ်တာမှာ အသုံးပြုတဲ့ ဝါးကုန်ကြမ်း၊ ဆေး စတာတွေ ဈေးမြင့်တာရယ်၊ လုပ်အားခ ဈေးမြင့်လာတာရယ်ကြောင့်လည်း ဈေးနှုန်းတွေတက်လာတာပါ ။ လတ်တလောတော့ demand ကောင်းတယ်ပြောရမယ်
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
မြို့နယ်အချို့တွင် ပဲဆီမစားနိုင်၍ စားအုန်းဆီကိုသာ အားပြုစားနေရ၊ ဆီတိုးရခြင်းမရှိတော့ဟုဆို
အချို့မြို့နယ်တွေမှာ ဆင်းရဲနွမ်းပါးတဲ့သူတွေများလို့ ပဲဆီမစားနိုင်ဘဲ စားအုန်းဆီပဲဝယ်စားနိုင်တယ်။ တွံတေးမြို့နယ်မှာ စားအုန်းဆီတစ်ပိဿ ကျပ်၄၆၀၀၊ ၄၇၀၀ခန့်နဲ့ ရောင်းချပေးနေပြီး စားအုန်းဆီ ပြတ်သွားတုန်းကလို ဆီတိုးပြီးလာဝယ်ရတာမျိုး မရှိတော့ဘဲ ပုံမှန်ရောင်းချနေတယ်’ တွံတေးမြို့နယ်ရှိ ဆီလက်ကားဒိုင်မှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းမြောက် တိုက်ပွဲများကြောင့် မှုဆယ်တွင် ကုန်ဈေးနှုန်းမြင့်တတ်လာပြီး ပြည်သူများခက်ခဲနေ
ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ကုန်သွယ်စီးဆင်းမှု အခက်ခဲဖြစ်ပေါ်ပြီး မူဆယ်မြို့နယ်တွင် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တတ်လာတဲ့အတွက် အခြေခံလူတန်းစားများ အဆင်ပြေစေဖို့ ပရဟိတအသင်းမှ စားသောက်ကုန်တွေကို မူလဝယ်ရင်းဈေးနဲ့ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 02 November 2023
တရုတ်နိုင်ငံနန်နင်းမြို့တွင်ကျင်းပမည့် ‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’သို့မြန်မာနိုင်ငံမှအဖွဲ့ဝင်များတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့သိရသည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့ဝင်များသည် နိုဝင်ဘာလ၁ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ၊နန်နင်းမြို့သို့ထွက်ခွာသွားပြီဖြစ်သည်ဟုဆိုသည်။
‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’ကိုနိုဝင်ဘာလ၃ရက်မှ၄ရက်အထိ တရုတ်နိုင်ငံနန်နင်းမြို့၊ကွမ်ရှီးကွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပမည်ဖြစ်ပြီးဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များကို တရုတ်သံရုံးမှကောင်စစ်ဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးတို့နှင့်တာဝန်ရှိသူများက လေဆိပ်သို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 982 of 2201