#Local_News
Published- 31 March 2024

ယခုနှစ်အတွင်း ပြည်ပခရီးသွားပိုမိုဝင်ရောက်နေပြီး နေပြည်တော်အပါအဝင်ကမ်းခြေဒေသများသို့လည်ပတ်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံသို့  တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်မှုအများဆုံးဖြစ်ပြီး  ကျိုက်ထီးရိုးစေတီ၊ ချောင်းသာကမ်းခြေ၊ (ရှေးဟောင်း သုတေသနပြတိုက်)ပုဂံ၊ ငွေဆောင်ကမ်းခြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်သို့  ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပြည်တွင်းသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ဦးရေ ၂၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ထက် အလားတူကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု ဦးရေ ၈၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်မှုရှိလာကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times