#Local_News
Published -31 March 2024

တရုတ်သို့တင်ပို့သည့် ဖရဲ၊သခွှားမွှေးဈေးနှုန်းများဈေးနှုန်းမတည်မငြိမ်ဖြစ်နေပြီး တန်ဆာခနှုန်းထားမြင့်မားနေကြောင်း  ဖရဲကုန်သည်များထံမှသိရသည်။

 

"ဒီဘက်မှာ အပြောင်းလဲမြန်တဲ့စျေးကွက်အချိန်တိုင်းမိနစ်တိုင်းနာရီတိုင်းပြောင်းလဲနေပါတယ် ၊
အရည်သွေးတူဆိုဒ်တူအသီး တွေ တစ်နာရီအတွင်းရောင်းစျေး၂ယွမ်က‌နေမှ ၃ယွမ် အထိကွာဟနိုင်ပါတယ်၊ " ဟု သစ်သီး ကုန်သည် တစ်ဦးကပြောသည်။

 

လတ်တလောတွင် ကုန်ကျစရိတ်ကားခ များပြားနေပြီး ဖရဲတောင်သူများသခွါးတောင်သူများ အနေဖြင့်မိမိ၏အသီးအရည်အသွေးတင်သင့်မှသာ ချိန်ဆ၍တင်ကြရန်လိုအပ်ကြောင်းသိရသည်။


"လွန်ခဲ့တဲ့ ရက်အနည်းကဘဲ ဖရဲသခွါးဈေးဟာတစ်ရက်ကို နှစ်ကျော့ ကနေ ငါးကျော့အထိ တစ်အိအိနဲ့ မြင့်တတ်လာတယ်၊ တစ်ဖက်ကကြည့်ရင် ဒီရိုက်ခက်မှုဟာ အသီးတင်ဖို့ကားလုလာတဲ့ပြဿနာဖြစ်စေခဲ့ပါတယ်၊ သူ့ထက်ငါအပြိုင်ပေးလို့ ကားခဟာ မြန်မာငွေ သိန်း(100)နဲ့ သိန်း(120 )ဝန်းကျင် မြင့်တက်လာတာပါ၊တနည်းအားဖြင့် ကားပေါ်မှာပါလာတဲ့ အသီးကုန်ချိန် မက်ထရစ်တန် 5တန်လောက်ဟာ ကားခအဖြစ်ပေးလိုက်ရတာပါ၊ ကုန်သည်တွေဟာ အရမ်းစွန့်စားရာ ကျနေပါပြီ "ဟု၎င်းကဆက်ပြောသည်။

 

ထို့အပြင် ထျန်ဝှမ်ဖရဲသီးနှင့်ရွှေဝါအရည်သွေးညံ့သီးများအရည်သွေးမကောင်းလျှင်လုံးဝမတင်ကြပါရန်လိုအပ်ကြောင်း၊ အသီးစျေးနှုန်းတက်ရန်ဆိုပါက အရည်သွေးညံ့သီးမဝင်ပဲအရည်သွေးအာမခံသီးတွေသာ ဝင်မည်ဆိုပါက မျှော်လင့်ချက်ရှိနိုင်ကြောင်းဆိုသည်။

 

လတ်တလောတွင် အသီးအညှာလတ် ရောဂါစက်မပါ အသံကောင်းအာမခံနိုင်မယ့်အသီးများမှာ 855ဖရဲ အမျိုးအစား 800/900လုံးပါရှိသည့်   16တန်လျှင် ယွမ် 35000မှ 42000 ယွမ်၊
1000မှ1100လုံး ပါရှိသည့် 16တန်လျှင် ယွမ် 30000မှ 33000 ယွမ်၊ 1200မှ 1300လုံး ပါရှိသည့် 16တန်လျှင် ယွမ် 20000မှ28000 ယွမ်စသဖြင့်ဈေးနှုန်းအသီးသီးရရှိနိုင်ကြောင်းသိရသည်။

 

ထို့အပြင် အညှာခြောက်ရောဂါစက်ပါရှိပါက  ယွမ်10000မှ20000 ယွမ်အထိသာရရှိပြီး စရိတ်မကာမိကြောင်း၊ ထျန်ဝှမ်ဖရဲ ယွမ် 20000မှ 45000ယွမ်အထိဈေးနှုန်းအသီးသီးရရှိကြောင်းသိရသည်။

 

#YMG/ NN #Yangon-Times #ဖရဲ၊ သခွှားမွှေးဈေးနှုန်းမတည်ငြိမ်