#Local_News
Published- 31 March 2024


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အဝေးသင်တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်နှင့်အထက်သင်တန်းကျောင်းများမှကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ အသိပေး ကြေညာချက်အရသိရသည်။

 

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် ယခု ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ် အဝေးသင် သင်တန်းကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ  ဧပြီ ၃၀ ရက် နောက်ဆုံးထား၍လည်းကောင်း ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

 

ထို့အတူ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ  မေလ ၁၇ ရက် နောက်ဆုံးထား၍လည်းကောင်း ကျောင်းဝင်မှတ်ပုံတင်ကြေးကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#အဝေးသင်တက္ကသိုလ် #သင်တန်းကျောင်းများကျောင်းအပ်လက်ခံ #YMG/NN #Yangon-Times