#Daily_News
Published_4 January 2024
၁။ မိုးနှမ်း ရာသီကုန်ချိန်ရောက်မှ တရုတ်၀ယ်လိုအားကြောင့် နှမ်းဈေးပြန်မြင့်လာ
၂။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ ကျင်းပ
၃။ ကျိုက်သလ္လံစေတီတော်ရှိ ဆွေးမြေ့ပျက်စီးနေသော စောင်းတန်းအမိုးများကို ပြုပြင်မွမ်းမံမည်
၄။ အီရန်အပါအဝင် နိုင်ငံ(၅)နိုင်ငံ BRICS စီးပွားရေးပူးပေါင်းအဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်များဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_4 January 2024
ရန်ကုန်တိုင်းဒေသကြီးတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်ကျင်းပမည်ဖြစ်ပြီးထိုင်း- မြန်မာ လက်ဝှေ့အားကစားသမားပါဝင် ယှဉ်ပြိုင်ကြကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။
MLWC လွတ်လပ်ရေးနေ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယနေ့ဇန်နဝါရီ(၄)ရက် နေ့လည်၁နာရီတွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ရန်ကုန်၌ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးကိုရိုးရိုးတန်း- အခမဲ့၊ ကြိုးဝိုင်းအနီး ၅၀,၀၀၀ ကျပ်၊၃၀,၀၀၀ ကျပ်ဖြင့် ကြည့်ရူနိုင်သလို Sky Netရုပ်သံလိုင်းမှလည်း ကြည့်ရူနိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင်Saw Ba Heinမြန်မာ & A Pyone Thwayမြန်မာ၊ Kyaw Swar Winမြန်မာ&Pong Siriထိုင်း၊ Yar Man မြန်မာ& Warajaklekထိုင်းအစရှိသည့်လက်ဝှေ့ပွဲစဉ်များကိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
ယင်းလက်ဝှေ့ပွဲအပြင် ရိုးရာလက်ဝှေ့ဆောင်းပါးများကိုနှစ်ပေါင်း၂၀ကျော်တစိုက်မတ်မတ်ရေးလာသောဆရာဇင်လင်းထွန်း (ဓနုဖြူ) ၏ မြန်မာ့ရိုးရာလက် ဝှေ့ပွဲတွေ့သတ်ကွက်များစာအုပ်ကို MMAG မှထုတ်ဝေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲတွင် ရောင်းချပေးမည်ဖြစ်သည်။
ရိုးရာလက်ဝှေ့ကျော်များဖြစ်သော သမိန်ဗရမ်း၊ ဦးဘိုစိန်၊ သမန်းကျား၊ ဦးဒေါင်းနီ၊ ရွှေဝါထွန်း၊ ရွှေဓူဝံ၊ ဝမ်ချိုင်း၊ ရွှေဆိုင်း၊ လုံးချော၊ စောငမန်း၊ ကြယ်လင်းအောင်၊ တွေ့မရှောင်၊ တူးတူး၊ထွန်းထွန်းမင်း၊ ရန်ကြီးအောင်၊ ဝင်းထွန်း၊ ဖိုးကေနှင့် စိုးလင်းဦးတို့ပုံမျက်နှာဖုံးဖြင့်စာမျက်နှာ ၁၉၂ မျက်နှာ၊ ပွဲတွေ့သတ်ကွက်ဓါတ်ပုံပေါင်း ၆၈ ပုံပါဝင်မည်ဖြစ်သည်။
မဂ္ဂဇင်းဆိုက်ဖြစ်ပြီး စာအုပ်၏ ကုန်ကျစရိတ်သာဖြစ်သော ရောင်းစျေးကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု သိရသည်။
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ကျိုက်သလ္လံစေတီရှိ ဆွေးမြေ့ပေါက်ပြဲနေသော စောင်းတန်းအမိုး စုစုပေါင်း (၂၈)ခန်းကို ပြန်လည်ပြုပြင်ဖို့ ရှိပြီး စောင်းတန်းအမိုးသွပ်ပြား (၁)ခန်းလျှင် ၈၀၀၀၀၀ ကျပ်နှုန်းနဲ့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်တယ် " ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ International Show Jumping (အပြည်ပြည်ဆိုင်ရာမြင်းစီး တန်းခုန်ပြိုင်ပွဲ) ကို FEI(ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်)ရဲ့ တန်းခုန်ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်
Yangon Times/NN
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ဈေးမြင့်လာပေ့မယ့် ကုန်က တောင်သူတွေလက်ထဲ အလွန်နည်းသွားပြီ ကားတစ်စီးစာ ကုန်ရဖို့ စုရတဲ့အချိန်က ၁၄ရက်၊ ၁၈ရက်လောက် ကြာတယ်။ တစ်ချို့တောင်သူတွေကလဲ အရင်ပေါက်ဈေး ပြန်ရမယ့်အချိန်ကို စောင့်နေတဲ့ အတွက် မရောင်းကျဘူး
Yangon Times/LW
#Local_News
#Published_ 04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၄ ဇန်နဝါရီ ၂၀၂၄
အမိမြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် တေးပြုစာဆို ဆရာရန်နိုင်ဆွေ ရေးသားပြီး အဆိုတော် ကြီး (ဒေါ်)မေလှမြိုင်သီဆိုခဲ့သည့် မူရင်းအမည် “ ဗမာ့ကြွေးကြော်သံ”၊ ယခုခေတ်နှင့်အညီ ပြင်၍ “မြန်မာ့ကြွေးကြော်သံ”ဟု သီဆိုနေကြသည့် သီချင်းကို တည်းဖြတ်တင်ဆက်လိုက်ပါတယ်။
၄ ဇန်နဝါရီ ၂၀၂၄
နစက သည် နိုင်ငံသားအကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦတို့ကို ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်များထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမိန့်အမှတ်၁/၂၀၂၄တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသော်အားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၉၆၅၂ဦး တို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
အမိန့်အမှတ်၂/၂၀၂၄အရ(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေ့ရှုသောအားဖြင့်လည်းကောင်း လူသာချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်း ကောင်း၊အကျဉ်းထောင်၊အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ်လိုက်ကြောင်း သိရှိရပါတယ်။
-ymg/knl
Page 984 of 2321