၄ နိုဝင်ဘာ ၂၀၂၃
ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံတပ်မတော် ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းဖျော်ဖြေပွဲကို နိုဝင်ဘာ ၄ရက်မနက်က ကျင်းပရာ နစက ဥက္ကဋ္ဌ ၊တပ်မတော်ကာကွယ်ရေးဦီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့်ရုရှားရေတပ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရေက်အား ပေးခဲ့ကြတယ်လို့သိရပါတယ်။
မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့နှင့်ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့တို့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖျော်ဖြေပွဲအခမ်းအနားတွင် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာတေးသီချင်းကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ၊ မြဝတီ တေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” တေးသီချင်း တို့အား မြန်မာ့ရိုးရာတူရိယာ ပစ္စည်း များဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအကများဖြင့် လည်းကောင်း၊ ရုရှားတေးသီးချင်းဖြစ်သည့် “Ar Thi Na Si Me Yar” ကို သီဆို၍လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
ဖျော်ဖြေမှုများအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
၄ နိုဝင်ဘာ ၂၀၂၃
မြန်မာနှင့်ရုရှား တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိမှုအခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၄ရက် မနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ယင်းအပြင် နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အဆင့် မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု အခြေအနေများ၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော် အရာရှိများ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်လှန်ဖလှယ်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော် အရာရှိကြီး များတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှားရေတပ်မှ တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
-ymg/knl
#Daily_News
Published_ 04 November 2023
၁။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဗိုလ်တထောင်စေတီ၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ဆက်ကပ်ပူဇော်ပွဲ ကျင်းပမည်
၂။ မြန်မာ့ရိုးရာ သိုင်းအားကစားရုံများ မြို့နယ်တိုင်း၌ တည်ဆောက်နိုင်ပါက သိုင်းပညာ ပိုမိုပြန့်ပွားနိုင်မည်
၃။ ကိုယ်ပိုင်ဝင်ငွေမရှိသည့် အမျိုးသမီးကြီးငယ်များ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများနေဟုဆို
၄။ အိန္ဒိယမှ ကြက်သွန်နီများ ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
နွေကြက်သွန် လက်ကျန်ရှိနေသည့်အတွက် ဘဂ်လားဝယ်လိုအားပေါ် မူတည်၍ မြင်းခြံကြက်သွန်နီဈေးနှုန်းများ အတက်အကျဖြစ်နေ
' တောင်သူတွေထဲမှာ ကြက်သွန်လက်ကျန်အင်အားရှိတာလည်းပါတယ် 'မြင်းခြံကုန်စည်ဒိုင်ဒုတိယဥက္ကဌဦးကျော်ရှိန်
#Yangon_Times/NN
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းထွက်ကုန်များ ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်ပေးပေမယ့် ဈေးပြန်မကျ
ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ အသီးအနှံဈေးကွက်မှာ သီတင်းကျွတ်ပွဲတော်ပြီး နောက်ပိုင်းကတည်းက ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်အေးနေပေမယ့် ဈေးနှုန်းကတော့ ကျဆင်းခြင်းမရှိဘဲ ညိမ်နေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်ရောင်းဝယ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 4 November 2023
မြန်မာနှင့်လာအို နှစ်နိုင်ငံ အလုပ်သမား များ အကြား အလုပ်အကိုင်အခွင့် လမ်းတရားဝင် ရရှိစေဖို့ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမားပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှ နိုဝင်ဘာ ၃ရက်နှင့်၄ရက် နေ့အထိ တရုတ်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ-တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်မှု ပူးပေါင်း
ဆောင်ရွက်ရေးနှင့် လူ့စွမ်းအား အရင်းမြစ် ဝန်ဆောင်မှုဆိုင်ရာ ဖိုရမ် ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကို သွားရောက် တတ်ရောက်စဉ် တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ အလုပ်သမား
နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး Mrs.Baykham Kha Hiya နှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးများ နွေးရာ တွင် နှစ်နိုင်ငံ နယ်စပ်ရှိ မြန်မာနှင့် လာအို နိုင်ငံသာများ အကြား နှစ်နိုင်ငံ တည်ဆဲအလုပ်သမား ဥပဒေများနှင့် အညီ၊ အလုပ်အကိုင် အခွင့်
လမ်းများ တရားဝင် ရရှိစေရေး အလုပ်သမား အဝင်/အထွက် စည်းကြပ်နိုင်ရေး၊နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးဆောင်ရွက် သွားနိုင်ရေးနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက် များနှင့် အညီ အလုပ်သမား များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ကို လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ-လာအို နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိပ် မြို့မှ တဆင့် လာအိုနိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ ရာချီရှိကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 977 of 2201