Published_ 10 August 2023
မြန်မာလက်ရွေးစင် ယူ၂၃ ဘောလုံးအသင်းအနေဖြင့် အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း စိန်ခေါ်မှုကောင်းများ ရရှိသည်ဟု မြန်မာ အသင်းနည်းပြချုပ် Michael Feichten beiner ကဆိုသည်။
"အိမ်ရှင်အသင်းတွေနဲ့ ဆုံတွေ့နေရတာ ကျွန်တော်တို့အတွက် ခက်ခဲပေမယ့် ဒါကိုက စိန်ခေါ်မှုကောင်းတွေ ဖြစ်နေပါတယ်။"ဟုဆိုသည်။
လာမည့် သြဂုတ် (၁၇) မှ (၂၆)ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ထိုင်း၊ ကမ္ဘော ဒီးယား၊ ဘရူနိုင်းတို့ကို ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းအနေဖြင့် စက်တင်ဘာလအတွင်း အာရှ ယူ ၂၃ ခြေစစ်ပွဲတွင်လည်း တောင်ကိုရီးယားနှင့် ကာဇက်စတန်အသင်းတို့ဖြင့် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ထို့အပြင် မြန်မာ ယူ၂၃ အသင်းအနေဖြင့်အောက်တိုဘာလအတွင်း အာရှအားက စားပွဲတော်တွင်လည်း ဝင်ရောက်ယှဉ် ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာယူ၂၃ အသင်းအနေဖြင့် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် ပွဲများဆက်တိုက်ရှိနေခြင်းဖြစ်သည်။
Yangon Times/my
#Local_News
#ဘောလုံးအဖွဲချုပ် # မြန်မာလက်ရွေးစင် ယူ၂၃ #တောင်ကိုရီးယား # အသင်းနည်းပြချုပ် Michael Feichten beiner
#YMG #Yangon_Times
ဘောလုံးအဖွဲချုပ်က နည်းပြသင်တန်းကို လေးရက်ကြာပြုလုပ်မည်
သင်တန်းကို ဩဂုတ်လ (၁၀)ရက်နေ့ကနေ ဩဂုတ်လ (၁၃) ရက်နေအထိ လေးရက်ကြာ သင်ကြားပို့ချမည်
Yangon-Times/my
#Local_News
#ဘောလုံးအဖွဲချုပ် # နည်းပြသင်တန်း #လေးရက်ကြာပြုလုပ်မည်# Coach Education
#YMG #Yangon_Times
ဆီမီးဖိုင်နယ်အဆင့်တွင် မြန်မာအသင်းနှင့် ချက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်
ချက်အသင်းဟာ အုပ်စု(ခ)ပွဲစဉ်မှာ အုပ်စုပထမရရှိခဲ့တဲ့ အသင်းတစ်သင်း
Yangon-Times/my
#Local_News
#မြန်မာအသင်း #ချက်အသင်း #ယှဉ်ပြိုင်ကစားမည် # ဆီမီးဖိုင်နယ်အဆင့်
#YMG #Yangon_Times
မြန်မာရုပ်ရှင်ဇာတ်ကားများ နိုင်ငံတကာပြပွဲ ပြသနိုင်အောင်စီစဉ်နေ
‘‘အခုကျင်းပမယ့် အာဆီယံရုပ်ရှင်ပြပွဲဟာ စက်တင်ဘာလဒုတိယအပတ်မှာ သီရိလင်္ကာနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှအင်္ဂလိပ်စာတမ်းထိုးတားတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကား(၁)ကား နဲ့ ဇာတ်လမ်းတို(၃)ကားပါဝင်ပြသနိုင်မှာဖြစ်တယ်။ ဒီပြပွဲအပြင် နိုင်ငံတကာပြပွဲတွေမှာလည်းပြသနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်’’ ဦးချမ်းသာကြည်စိုး၊ပြန်ကြားရေးမှူး (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊နိုင်ငံတကာဆက်ဆံရေးကော်မတီ
Yangon-Times/tthl
#Local_News
#မြန်မာရုပ်ရှင် #ဇာတ်လမ်းတွဲများ #နိုင်ငံတကာပြပွဲများ # ပြသရန်စီစဉ်နေ #အာဆီယံရုပ်ရှင်ပြပွဲ #သီရိလင်္ကာနိုင်ငံ
#YMG #Yangon_Times
ဘားအံမြို့ ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်သော ပစ္စည်းများ လူကယ်ပြန်ဝန်ကြီးထောက်ပံ့
ဘားအံတွင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ထောက်ပံ့ပစ္စည်းတွေပေးအပ်
Yangon-Times/my
#Local_News
#မြစ်ရေကြီး #မိုးသည်းထန်စွာရွာသွန် #ဘားအံမြို့ #ရေဘေးသင့်ပြည်သူ #လူကယ်ပြန်ဝန်ကြီး #ကယ်ဆယ်ရေးစခန်း
#YMG #Yangon_Times
Published_ 10 August 2023
အဖမ်းခံထားရသော မီးသတ်ဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား လူ ၃၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက် ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေး ရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများ အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများက ဖမ်းဆီးခံ ကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ခင်ဦးမြို့နယ်၊ ရွာသန်း ကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဖမ်းဆီးခံထားရသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အရပ်သား ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရသည်။
၎င်းအပြင် လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ် သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းလည်း နစက သတင်းတွင် ဖော်ပြထားသည်။
Yangon-Times/PP
#Local_News
#အဖမ်းခံထားရ #မီးသတ်ဝန်ထမ်းတစ်ဦး #အရပ်သား #လုံခြုံရေးတပ်ဖွဲ့ဝင်များ #နစက
#YMG #Yangon_Times
Published_ 10 August 2023
သာကေတမြို့နယ် ၊ ဧရာဝဏ်လမ်းမကြီး ပေါ်ရှိ(၈)ထိပ်မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်မှုတစ်ခု ယနေ့ ဩဂုတ် (၁၀)ရက် နံနက်( ၇ )နာရီ ဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်အခြေစိုက်လူမှူကုညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာဉ်သုံးစီးဆင့်တိုက်မှုသည် အမှတ် (၃၃) YBSယာဉ်နှင့် Passo အမျိုးအစားယာဉ်တစ်စီးတို့ ကနဦးတိုက်မိရာမှ လမ်းဘေးတွင်ရပ်ထားသော သုံးဘီးအငှားဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
" ဒဏ်ရာရတဲ့သူတွေအသက်အန္တရာယ်တော့မရှိပါဘူး။ တစ်ဦးကိုတော့ဆေးရုံပို့လိုက်ရပါတယ်။ ကျန်တစ်ဦးကတော့မြေပြင် ဆေးကုသပေးလိုက်ပါတယ်"ဟု လူမှုကူညီရေးအဖွဲ့ က Yangon Times ကို ပြောသည်။
ယင်း ဖြစ်စဉ်ကြောင့် Passoအမျိုးအစားယာဉ်ပေါ်ပါသူ အမျိုးသားငယ်တစ်ဦးနှင့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ အမျိုးသားတစ်ဦးတို့ ဦးခေါင်းနှင့် ခြေလက်တို့တွင် ထိခို က်ဒဏ်ရာအချို့ရရှိခဲ့ကြောင်းသိရသည်။
ထို့အတွက် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီး ဒဏ်ရာရသူနှစ်ဉီးအနက် တစ်ဦးကို ရန်ကုန်ပြည့်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟုဆိုသည်။
Yangon Times/my
#Local_News
#သာကေတမြို့နယ် #ယာဉ်သုံးစီးဆင့်တိုက် #နှစ်ဦးထိခိုက်
#YMG #Yangon_Times
Page 766 of 1843