#Local_News
Published 13 September 2024

▪️ ပုဂံတွင် မိုးသည်းထန်၍ရှေးဟောင်းအဆောက်အအုံ(၉)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

▪️ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်

 

▪️ (၁)ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း၊ ခြင်္သေ့ရုပ်မြောက်ဘက်ကပ် လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျခြင်း၊

 

▪️ (၂)ဘုရားအမှတ်၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊

 

▪️ (၃)ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊အရှေ့ ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျခြင်း၊

 

▪️ (၄) ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) ရင်ပြင်အုတ်ခုံပဲ့ကျခြင်း၊

 

▪️ (၅)ဘုရားအမှတ်၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊

 

▪️ (၆) ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျခြင်း၊

 

▪️ (၇)ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျခြင်း၊

 

▪️ (၈)ဘုရားအမှတ် ၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်အနည်းငယ်ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များ ပဲ့ကျခြင်းနှင့်

 

▪️ (၉)ဘုရားအမှတ်-၃၄၅ ဘုရား အနောက်တောင်ထောင့်နှင့်အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

 

#YMG/tthl #Yangon_Times