#Local_News
Published_ 13 February 2023
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် လုပ်ကြံခဲ့ကြသူများကို ဖမ်းမိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ အငြိမ်းစား စစ်မှုထမ်းဟောင်း ဦးမြင့်စိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ရာ တင်စိုး(ခ)ဘိုးတော် ၊ အေးသိန်း ၊ချစ်ကို ဆိုသူတို့ကို ဖေဖော်ဝါရီလ ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းတွင် ဖော်ပြထားသည်။
ယင်းတို့၏ ထွက်ဆိုချက်အရ အောင်ဇော်လင်း(ခ)အောင်ကြီး ၊ အောင်ဇော်လင်း(ခ)အောင်ကြီး၏ ထွက်ဆိုချက်အရ အောင်ခန့်ဖြိုး(ခ)မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း ညီညီထွေး(ခ)သံချောင်းတို့ကို အသီးသီး ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးမြင့်စိုးအားလုပ်ကြံသည့် အမှုအပါအဝင် ၎င်းတို့အနေဖြင့် စစ်မှုထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖမ်းဆီးရမိသူများ၏ ပြောပြချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်း(၂)လမ်းထိပ်၌ ပြည်သူ ၃ ဦးကိုလည်းကောင်း၊ဇူလိုင်လ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ပွင့်လမ်း၌ ရာအိမ်မှူး ဦးခင်မောင်လတ်(ခ)ကိုလတ်ကိုလည်းကောင်း၊ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်(၉)လမ်းပေါ်၌ တပ်မတော်မှအရာရှိ ၁ ဦးနှင့် ဇနီးဖြစ်သူတို့အားလည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်း(အရှေ့)ရပ်ကွက်၊ အင်းစိန်ဈေးအနီးပြည်သူ ၁ ဦးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ရတနာလမ်း၌ရာအိမ်မှူး ဦးအောင်စိုးကိုလည်းကောင်း၊အောက်တိုဘာလ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၌ စစ်မှုထမ်းဟောင်း ဦးသိန်းမြင့်ဦးကိုလည်းကောင်း၊အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဗဟိုလမ်းထောင့်နှင့် ပေါင်းစည်းလမ်းထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ ၁ ဦးတို့ကိုလည်းကောင်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် အမှတ်(၂)လမ်းထောင့်၌ စစ်မှုထမ်းဟောင်း ဦးကျော်မင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်နော်စောမြတ်မွန်တို့ကိုလည်းကောင်း၊ဖေဖော်ဝါရီလ ၃ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျမင်္ဂလာ(၂)လမ်း၌ မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကိုလည်းကောင်း လုပ်ကြံခဲ့ကြကြောင်း ထွက်ဆိုချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 742
#Local_News
Published_ 13 February 2023
လွန်ခဲ့သည့်(၆)လအတွင်း မွန်ပြည်နယ်တွင်ခွေးရူးကိုက်ခံရသူ(၆၈)ဦးရှိခဲ့ပြီး ခွေးရူးပြန်ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ခွေးရူးကိုက်ခံရသည့် (၆၇)ဦးကို ခွေးရူးပြန်ကာကွယ်ဆေး(RV)ရော၊ခွေးရူးပြန်ကာကွယ်သော ပဋိပစ္စည်း(RIG)ရော အချိန်မှီထိုးနိုင်ခဲ့၍ အသက်ရှင်ခဲ့သော်လည်းကာကွယ်ဆေးထိုးရကောင်းမှန်းမသိသော ဘီးလင်းကကလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့်သေဆုံးခဲ့သည်ဟု ဆိုသည်၊၊
ယင်းကိန်းဂဏန်းများသည် မွန်ပြည်နယ်အတွက် ခွေးရူးရောဂါသည်ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေကြောင်း ဖော်ပြနေပြီး ခွေးများ၏ ၇၀% ကို ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလိုအပ်ကြောင်း၊ မိမိအိမ်ကခွေးများကို မိမိတာဝန်ယူကာ ကာကွယ်ဆေးထိုးကြရန်လိုအပ်ကြောင်း၊ လမ်းပေါ်ကပိုင်ရှင်မဲ့ခွေးများကိုလည်း တိရစ္ဆာန်ချစ်သူများက စုပေါင်း၍ ကာကွယ်ဆေးစနစ်တကျထိုးပေးကြစေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
- Category: Myanmar
- Hits: 339
#Local_News
Published_ 13 February 2023
ကောလဟာလသတင်းတွေကြောင့် ပြည်တွင်းမှာရှိတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေလဲနှုန်းများ မြင့်စေရန်ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရတဲ့အတွက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
ဘဏ်များအနေနဲ့ ထိုသို့ဆောင်ရွက်ခြင်းမရှိစေဖို့ ဝင်ရောက်ထိန်းကျောင်းပေးရန်နဲ့ ထိုသို့ဆောင်ရွက်နေ့တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင်ဘဏ်များအနေနဲ့လည်း လုပ်ငန်းရှင်တွေကို အသိပေးထားရန်နဲ့ ဝင်ရောက်ထိန်းကျောင်းခြင်းမရှိတဲ့ ဘဏ်တွေကိုလည်းအရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိပြင်ပဒေါ်လာပေါက်ဈေးဟာ တစ်ဒေါ်လာကို ၂၈၆၀ ကျပ်ပေါက်ဈေးရှိနေပြီး ယူရို ၃၀၆၅ကျပ်အထိ ပေါက်ဈေးရှိနေတာပါ။
#ymg/ynzw
#Yangon_Media_Group
- Category: Myanmar
- Hits: 297
#Local_News
Published_ 13 February 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)တွင် ဖေဖော်ဝါရီလ ၁၂ ရက်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ Sky Cable Car ပေါ်မှ ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ကြောင်း၊ Sky cable Car ပြေးဆွဲမည့်လမ်းကြောင်းမှာ အသွားအပြန်(၁၁၀၈)မီတာ ရှည်လျားကာ Drive Station House၊ Return Station House အဆောက်အဦ(၂)လုံး၊ Tower (၆)ခုပါဝင်တည်ဆောက်ထားပြီး လူလိုက်ပါစီးနင်းနိုင်သည့် (၄)ယောက်စီး Cabins (၃၆)လုံး တပ်ဆင်မောင်းနှင်ကာ အသွားအပြန် Full Circle တစ်ပတ်လျှင် (၂၄)မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ရန် Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ Safety Precaution၊ Emergemcy Rescue Drills ဆောင်ရွက်ခြင်းလုပ်ငန်းများကို စစ်ဆေးစမ်းသပ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
အဆိုပါ အပမ်းဖြေစခန်းကို နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 573
#World_News
Published 13 February 2023
မြောက်အတ္တလန်တိတ် သဘောတူညီရေးအဖွဲ့အစည်း (နေတိုး)မှာ အကြီးအကဲအဖြစ် နှစ်ရှည်လများတာဝန်ထမ်းဆောင်ခဲ့တဲ့ 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'ဟာ စတုတ္ထအကြိမ်ရာထူးသက်တမ်းတိုးရန် စိတ်ကူးမရှိဘဲ အောက်တိုဘာလမှာ အစားထိုးခန့်အပ်သွားရန် မျှော်မှန်းထားကြောင်း နေတိုးအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
"အထွေထွေအတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်ဟာ ရာထူးသက်တမ်းကို ၃ ကြိမ်တိုင်တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ယခုနှစ်အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူကနောက်ထပ်သက်တမ်းတိုးဖို့ စိတ်ကူးမရှိပါဘူး" လို့ ပြောရေးဆိုခွင့်ရှိသူ 'အိုနာလွန်ဂျက်ဆူ'က ပြောကြားခဲ့ပါတယ်။
ယခုအချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး နော်ဝေဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ စတိုလ်တန်ဘာ့ဂ်ဟာ ၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့က ဘရူဆဲလ်မြို့ရှိ နေတိုးဌာနချုပ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုအချိန်ကတည်းက အနောက်နိုင်ငံများမဟာမိတ်ကို နိုင်ငံတကာအကျပ်အတည်းများကြားမှ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။
၂၀၂၁ ဩဂုတ်လ အစ္စလာမ်အစိုးရပြန်လည်ထူထောင်ခဲ့တဲ့ တာလီဘန်တပ်ဖွဲ့များလက်ထဲသို့ အာဖဂန်မြို့တော်ကာဘူးလ်မကျရောက်ခင်မှာ ကျန်ရှိနေသေးတဲ့ နေတိုးနဲ့အမေရိကန်စစ်သားများကို အာဖဂန်ကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။
ဒါ့အပြင် ၁၉၄၀ နောက်ပိုင်း ဥရောပတခွင်မှာ အရှည်ကြာဆုံးပဋိပက္ခဖြစ်နေတဲ့ ရုရှားကျူးကျော်မှုမှာလည်း နေတိုးရဲ့တုန့်ပြန်မှုတွေကို စတိုလ်တန်ဘာ့ဂ်က ကိုင်တွယ်ခဲ့ပါတယ်။
နေတိုးကို အပြင်းအထန်ဝေဖန်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်' အုပ်ချုပ်စဉ်တုန်းကလည်း ဥရောပမဟာမိတ်များနဲ့ အမေရိကန်တို့ကြား ဆက်စပ်ချိတ်ဆက်ပေးခဲ့ပါတယ်။
နောက်နှစ်မှာပြည့်မြောက်မယ့် နေတိုးရဲ့ ၇၅ နှစ်မြောက်အထိမ်းအမှတ်အတွက် အစည်းအဝေးမတိုင်ခင်အထိ စတိုလ်တန်ဘာ့ဂ်အနေနဲ့ သက်တမ်းတိုးလို့ရသေးကြောင်း နေတိုးမဟာမိတ်များထံမှ သံတမန်များရဲ့အဆိုအရ သိရှိရပါတယ်။
Source: WION
#Yangon_Media_Group
- Category: Myanmar
- Hits: 260
#Myanmar_News
Published 12 Feb 2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမဥပစာရင်ပြင် သို့ရောက်ရှိကြရာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟဿရေစည်သူ စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီး ဒုတိယဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCAစာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှခေါင်းဆောင်များနှင့် … ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်အဆင့်ပုဂ္ဂိုလ်များနှင့် နစကကောင်စီဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#Myanmar
#Myanmr_Politics
#Yangon_Media_Group
- Category: Myanmar
- Hits: 487
#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 312