ကန်ထရိုက်လယ်ယာအတွက် သွင်းအားစုတွေ နှစ်သိန်းဖိုးပေးသလို အရှည်သဖြင့် တောင်သူတွေစိုက်ပျိုးရေးကို လုပ်နိုင်အောင် စိုက်ဧကတစ်ဧကကို အလွယ်တကူ သင့်တင့်ရာအစိုးရဖြတ်တဲ့ဈေးနှုန်းနဲ့ပဲ အလွယ်တကူဝယ်ယူနိုင်မယ့်ဈေးနှုန်းနဲ့ ပဲတစ်ဧကကို အနည်းဆုံး လေးဂါလံထုတ်ပေးနိုင်ရင် နွေနဲ့မိုးစပါးစိုက်တောင်သူတွေ စိုက်ပျိုးရိတ်သိမ်းရာမှာ အထောက်အကူပြုပါမယ်
Yangon Times/NN
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
တံတားများ ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ယခင်ထက် ပိုခက်ခဲလာ
နိုဝင်ဘာ ၂၂ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံများအနေနဲ့ ဘေးကင်းရာ စစ်ရှောင်စခန်းမှာ လာရောက် နေထိုင်ခဲ့ရာ လက်ရှိအချိန်အထိ မြေပြင်အခြေနေ မအေးချမ်းသေးတဲ့အတွက် စစ်ရှောင်စခန်းမှာပဲ နေထိုင်နေကျရတယ်လို့ ဆိုပါတယ်။ Yangon Times/LW #Local_News #Published_ 12 January 2024 #YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၂ ဇန်နဝါရီ ၂၀၂၄
မြန်မာ့တပ်မတော်နှင့် ရှမ်း(မြောက်)မဟာမိတ်(၃)ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကူမင်းမြို့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်များနှင့် ရှမ်း(မြောက်) ညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နှင့် AA ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြရာမှာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတာဖြစ်တယ်လို့ အဆိုပါဆွေးနွေးပွဲနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်များက YMGကိုအတည်ပြုပြောဆိုပါတယ်။
တရုတ်နိုင်ငံအစိုးရဲ့ ကြားဝင်စေ့စပ်မှုနှင့် ပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲမှာ အဆိုပါသဘောတူညီချက်ကို ဇန်နဝါရီ (၁၁)ရက် ဒေသစံတော်ချိန် ည(၁၀)နာရီမှာ ရရှိလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သတင်းများကဆိုပါတယ်။
သဘောတူညီချက်များကို နှစ်ဘက်စလုံးက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးသောလည်း လက်ရှိရောက်ရှိနေတဲ့နေရာကနေ နှစ်ဘက်တပ်တွေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ထားရန်၊ ညီနောင်(၃)ဖွဲ့ မြို့သိမ်းတိုက်ပွဲတွေမလုပ်ရန်နှင့် တပ်မတော်မှလည်း လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများမလုပ်ရန်မူအားဖြင့် သဘောတူခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီ့အပြင် နယ်စပ်ကုန်သွယ်ရေးတွေပြန်လည်ဖွင့်လှစ်ဖို့လည်း နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအတွက် အပစ်အခတ်တွေရပ်စဲသွားပြီးမှ တရုတ်နိုင်ငံ၊မြန်မာအစိုးရနှင့် ညီနောင်(၃)ဖွဲ့တို့ အသေးစိတ်ပြန်လည်ဆွေးနွေးဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြတာလို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ယခုဆွေးနွေးပွဲနှင့်ဆက်စက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကိစ္စလည်း ဆက်လက်ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိတယ်လို့လည်းသတင်းများထွက်ပေါ်နေပါတယ်။
ယခုဆွေးနွေးပွဲကို မြန်မာဘက်မှ MNSPC ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ MNDAAမှ ဖုန်ခွန်း၊ကျင်းရှင်နှင့် အဖွဲ့ဝင်(၅)ဦး၊ TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်အဖွဲ့၊ ULA/AA. မှဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့ဝင်(၇)ဦးတို့တက်ရောက်ကြပြီး တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် Mr. Deng Xin Junတို့တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
-ymg/knl
" ပြည်တွင်းကူးစက်မှုအနေနဲ့ ကိုဗစ်ပိုးသစ်တွေဖြစ်တဲ့ အိုမီခရွန် HV .1 ကူးစက်ခံရသူ (၁၁) ဦးနဲ့ XBB.1.16.17 ကူးစက်ခံရသူ (၂)ဦးကို ထပ်မံတွေ့ရှိခဲ့တယ်။" ကျန်းမာရေးဝန်ကြီးဌာန
Yangon Times/tthl
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_12 January 2024
ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကစားမှုများ မဖြစ်ပေါ်စေရန် ဈေးဝယ်စင်တာများနှင့် လက်လီ/လက်ကား ဆန်အရောင်းဆိုင်များအတွက် သိုလှောင်ထားသည့် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့တွင် အသိပေးကြေညာထားသည်။
ဈေးဝယ်စင်တာ (Supermarket) များနှင့် လက်လီ လက်ကား ဆန်အရောင်းဆိုင်များတွင် ခင်းကျင်းရောင်းချမှုအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်၊ စီးပွားဖြစ် ရောင်းဝယ်ရန် အလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိမှုများကို မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် အသိပေးကြေညာထားပြီးဖြစ်ကာ ဈေးဝယ်စင်တာများတွင် ခင်းကျင်းပြသရောင်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးကို အထူးကြပ်မတ်ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီ ၃ ရက်တွင် စာဖြင့်ပေးပို့အကြောင်းကြားလာ၍ မြန်မာနိုင်ငံနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် ထပ်မံအသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရာတွင် လွယ်ကူမြန်ဆန်ရေးအတွက် စက်မှအလိုအလျောက် ဆန်သိုလှောင်ရုံ၏ အကျယ်အဝန်းနှင့် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းလိုက်ပါက မှတ်ပုံတင်ကြေး ကျသင့်ငွေအား တစ်ခါတည်းတွက်ချက်ပေးပြီး မှတ်တင်ကြေးသည် တစ်နှစ်စာအတွက် အများဆုံး ကျပ် ၁၅၀,၀၀၀ သာ ကျသင့်မည်ဖြစ်၍ အမြန်ဆုံးလျှောက်ထားစေလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
လက်ရှိအချိန်တွင် ဆန်စပါးအသင်းချုပ် ညီနောင်အဖွဲ့အစည်းများအောက်ရှိ ဆန်သိုလှောင်ရုံများ အဓိကမှတ်ပုံတင်ထားခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ရန်ကုန်တိုင်းမှ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီတိုင်းမှ သိုလှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းမှ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေးတိုင်းမှ သိုလှောင်ရုံ ၄ လုံး၊ စစ်ကိုင်းတိုင်းမှ သိုလှောင်ရုံ ၁ လုံး၊ နေပြည်တော်ကောင်စီနယ်မြေမှ သိုလှောင်ရုံ ၁၉ လုံးနှင့် ရခိုင်ပြည်နယ်မှ သိုလှောင်ရုံ ၁ လုံး စုစုပေါင်း သိုလှောင်ရုံ ၁၇၄ လုံးအား မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်သည်။
Yangon Times/NN
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_11 January 2024
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် HV .1 ၊JN.1 နှင့် EG. 5(၃)မျိုးထပ်မံတွေ့ရှိ
၂။ ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်း ရွှေအဝယ်လိုက်နေ၍ဈေးမာနေ
၃။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သားရှားပါးလာပြီး လုပ်အားခနှုန်းထားများလဲ နှစ်ဆခန့်ဈေးမြင့်တက်လာ
၄။ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄) အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 11 January 2024
ကိုးရီးယားရောက် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူလိုသူများ အထောက်အထားစုံလင်စွာပြသမှသာကိုယ်စားထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးကယနေ့ အသိပေးထားသည်။
အဆိုပါ ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြကုန်သော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များသက်တမ်းတိုးပြီးပါက ရက်ချိန်းပေးထားသည့် နေ့တွင် မွန်းလွဲ၂နာရီမှ ၄နာရီအထိ ကိုယ်တိုင်ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။
သို့ရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားထုတ်ယူရာတွင် လွဲမှားထုတ်ယူမှု၊ပျောက်ဆုံးမှုများမရှိစေရေးအတွက် ကိုယ်စားလှယ်လွှဲစာ၊ပြန်လည်ထုတ်ယူရန်ရက်ချိန်းပေးထားသည့်စာရွက် ၊နိုင်ငံကူးလက်မှတ်မိတ္တူ(ကာယံကံရှင်နှင့်ကိုယ်စားထုတ်ယူသူ)၊ID Card မိတ္တူ(ကာယံကံရှင်နှင့်ကိုယ်စားထုတ်ယူသူ)များအပြင် ကိုယ်စားလှယ်လွှဲစာအားကာယကံရှင်ကိုယ်တိုင်ရေးရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူလိုသူ #ကိုယ်စားထုတ်ယူနိုင် #YMG/NN #Yangon-Times
Page 770 of 2120