ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ဆိုင်ခန်းပေါင်း၉၀ ခန့်နဲ့ ကျင်းပခဲ့တယ်လို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက သိရပါတယ်။
#Local_News
Published 30 December 2024
#ကရင်နှစ်သစ်ကူးပွဲတော် #ကရင်အမျိုးသားနှစ်သစ်ကူးနေ့
#YMG/NN #Yangon_Times
2025 Countdown Festival ကို ပြည်သူ့ရင်ပြင်မှာကျင်းပသွားမှာဖြစ်တာကြောင့် အဆိုပါနေ့အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 30 December 2024
#ညမထွက်ရအမိန့် #တစ်ရက်ဆိုင်းငံ့
#YMG/SW #Yangon_Times
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားဖို့ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 December 2024
#ပြည်တွင်းထုတ်ဓာတ်ဆီ #ဖြန့်ဖြူးရောင်းချပေး
#YMG/NN #Yangon_Times
အခု ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၀) ကျော် ဝင်ရောက်ဆိုက်ကပ်ခဲ့တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။
#Local_News
Published 30 December 2024
#နိုင်ငံတကာကုန်သေတ္တာယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
#Local_News
Published 30 December 2024
▪️ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် အသက် (၃၅)နှစ်အထက်သက်ကြီးတန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ရှစ်ရက်တိုင်တိုင်ကျင်းပနေကြောင်း ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ သက်ကြီးတန်းဘောလုံးပွဲစဉ်ကို ဒီဇင်ဘာ၃၀ရက်မှ ဇန်နဝါရီ၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဖူဆယ်ဘောလုံးအသင်း (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
▪️ ထိုသို့ စာရင်းပေးသွင်းထားသည့် အသင်းများ၌ အသက်(၃၅)နှစ်အထက် ကစားသမား၆၀ဦး ၊ အသက်(၄၀) အထက် ကစားသမားအယောက်၇၀နှင့် အသက် (၅၀)ကျော် ကစားသမား၁၄ဦး ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၉ ဒီဇင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တိုဟစ်ဟူစိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ချိတ်ဆက်မိစေရေး အရေးကြီးတဲ့အကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။ အဲသလို ဆောင်ရွက်ခြင်းဖြင့် နှစ်ဘက်အကျိုးရှိလိမ့်မယ်လို့လည်း သူက အလေးပေးပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက သတင်းဖော်ပြကြပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများအကြား ချောမွေ့တဲ့ချိတ်ဆက်မှုလိုအပ် ပါတယ်။ အလားအလာအကောင်းဆုံးလမ်းကြောင်းကတော့ မြန်မာနိုင်ငံမှတစ်ဆင့်ဖြစ်တယ်” လို့ သူက ပြောဆိုလိုက်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရေး လိုအပ်တယ်လို့ သူက အလေးပေးပြောဆိုပါတယ်။
“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ရခိုင် ပြည်နယ်ကို ဘင်္ဂလီတွေဟာ အခွင့်အရေးနှင့်လုံခြုံမှုရှိစွာ ပြန်ပို့ပေးရေးအပါအဝင်ပေါ့။ ဒီလိုချိတ်ဆက် မှုဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အပြန်အလှန်အကျိုးကျေးဇူးရှိနိုင်လိမ့်မယ်” လို့ သူကပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နော့တ်ဆောက်တက္ကသိုလ်မှာ သောကြာနေ့ကကျင်းပတဲ့ “ တရုတ်- တောင်အာရှယဉ်ကျေးမှုနှင့်ချိတ်ဆက်မှု” ဆိုတဲ့ နိုင်ငံတကာကွန်ဖရင့်တစ်ခုဖွင့်ပွဲမှာ တိုဟစ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့၇ှ်ရဲ့ မဟာဗျူဟာမြောက်တည်ရှိမှုနှင့် စီးပွားရေးအလာအလာတွေ ဖွံ့ဖြိုးလာနေမှုတွေကို လည်း သူက အလေးပေးပြောဆိုပါတယ်။
ဒေသတွင်းချိတ်ဆက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါမှုတွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲခြင်းနှင့်စီးပွားရေး မရေရာမှုတွေလိုပြဿနာတွေကို ဖြေရှင်းရာမှာ ပိုအရေးပါလာနေတယ်လို့လည်း သူကပြောပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်လုပ်ဖော်ကိုင်ဖက်အဖြစ်သာမက မိတ်ဆွေအဖြစ်နှင့်ပါ လက်တွဲဆောင်ရွက်ရမယ်လို့သူကပြောပါတယ်။
အဲဒီကွန်ဖရင့်ကို တရုတ်-တောင်အာရှစင်တာရဲ့ လူမှုယဉ်ကျေးမှုလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ် တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကွန်ဖရင့်ဖွင့်ပွဲ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
#Daily_News
Published 28 December 2024
၁။ ပို့ကုန်၊ သွင်းကုန်များအပေါ် ဈေးကွက်ငွေလဲနှုန်းဖြင့် အခွန်ပြောင်းလဲကောက်ခံမည်
၂။ ကော်ဖီစိုက်ပျိုးမြေ တဆင့်ပြန်လည်ရောင်းချသူများ ဇန်နဝါရီလ ၁၀ ရက်နောက်ဆုံးထားအခွန်ဆောင်ရမည်
၃။ နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အတွက် အဝေးပြေးယာဉ်လိုင်းများလုံလောက်စွာပြေးဆွဲပေးနေ
၄။ တရုတ်စွမ်းအင်သစ်မော်တော်ယာဉ်ပုံစံသစ်များ အပူချိန်အလွန်နိမ့်သောအခြေအနေစမ်းသပ်မှု၌ အောင်မြင်မှုရရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 236 of 2054