#Local_News
Published 3 October 2024
▪️ မြဝတီ -ကော့ကရိတ်ဒေါနတောင် လမ်းဟောင်း ချောက်ကပါးသို့ (၁၀) ဘီးကုန်ကားတစ်စီးအောက်တိုဘာ ၃ရက်နေ့ မနက်ပိုင်းမှာ ထိုးကျပြီးယာဉ်မောင်းတစ်ဦးသေဆုံး ခဲ့ကြောင်း အလင်းသစ် - Rescue Myawaddy မှ သိရသည်။
▪️ အဆိုပါ မြဝတီ ကော့ကရိတ် ဒေါနတောင် လမ်းဟောင်း ချောက်ကပါး နှင့် အလည်ဗိုလ် တဲကြား တွင် (၁၀) ဘီးကုန်ကား ကားနံပါတ် 4B - 4002 ကား Accident ဖြစ်ပြီးလမ်းဘေး ပေ ၁၀၀ ခန့်အောက်သို့ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်မောင်းအမျိုးသားနေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး ယာဥ်နောက်လိုက်မပါကြောင်း၊ ကားအတွင်း သေဆုံးသူ ယာဥ်မောင်းမှာကားနှင့်ပိနေပါသဖြင့် ကားဆွဲမပြီးမှသာ ကားယာဥ်မောင်း DB ကို ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_3 Oct 2024
▪️ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို CAPI နည်း ပညာဖြင့် MobileTablet များ အသုံးပြုကောက်ယူနေခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ အောက်တိုဘာလ(၁)ရက်တွင်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံ တစ်ဝန်းစာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းကို အောက်တိုဘာလ (၁၅)ရက်ထိ (၁၅)ရက်ကြာလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
▪️ စာရင်းကောက်ယူရာတွင်အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ကို မေးမြန်း ကောက်ယူနေခြင်းဖြစ်ပြီး စာရင်းစစ်၊စာရင်းကောက်များအနေဖြင့် CAPI နည်းပညာဖြင့် MobileTablet များအသုံးပြုကာ ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ အောက်တိုဘာလ ၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းလူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း(၂၇၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၃)ဦးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းစာရင်းကောက် ကွက်ပေါင်း (၁၀၀၀၀)ကျော်တွင် စာရင်းစစ်၊ စာရင်းကောက်ဦးရေ (၈၀၀)ကျော်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၂၇မြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း (၁၉၇၆)ကွက် တွင် စာရင်းစစ်၊စာရင်းကောက် ဦးရေ စုစုပေါင်း (၁၀၂၆)ဦးဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းစာရင်းကောက် ကွက်ပေါင်း (၂၆၈၃)ကွက်ကို စာရင်းစစ်၊စာရင်းကောက်ဦးရေ (၁၀၄၅)ဦးဖြင့် လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း(၁၁၅၄၀)ကို စာရင်းစစ်၊ စာရင်းကောက်ဦး ရေ(၄၂၅၉)ဦးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း (၃၆၇၅)ကို စာရင်းစစ်၊ စာရင်းကောက်(၁၂၀၂)ဦးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၁၅၆၈၆)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၇၀၇၇)ဦးဖြင့်လည်းကောင်း၊ရှမ်းပြည်နယ်အတွင်းရှိ စာရင်းကောက် ကွက်ပေါင်း(၇၁၇၃)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်၊စေတနာ့ဝန်ထမ်း စုစုပေါင်း (၂၉၀၉) ဦးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်း ကောက်ကွက်ပေါင်း (၁၄၂၉၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း(၅၄၇၈)ဦးဖြင့် လည်းကောင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
▪️ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုး သားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံးမှာရှိသော လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူ သည့် လုပ်ငန်းဖြစ်ပြီး သန်းခေါင် စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံ ခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိစေခြင်း၊ ယခင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခု ကောက် ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာ ကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိနိုင်ခြင်း၊ သက် ဆိုင်ရာဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွက်ချက်နိုင် ခြင်းစ သော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
၂ အောက်တိုဘာ ၂၀၂၄
မိသားစုဝင်အချင်းချင်း ကြည့်ရှုစောင့်ရှောက်ကြသကဲ့သို့ပင် အိန္ဒိယနိုင်ငံသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်နေပါကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ ဥပမာ ပြစရာတစ်ခုမှာ မကြာသေးမီက ရေဘေးအကူပစ္စည်း ၅၃ တန်ကို မြန်မာနိုင်ငံအတွက် အိန္ဒိယအစိုးရက “စေတနာ စစ်ဆင်ရေး-Operation Sadbhav အမည်ဖြင့် လှူဒါန်းခဲ့ခြင်းပင်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ် ကြီး Mr. Abhay Thakur ကပြောကြားပါတယ်။
၁၅၅ နှစ်မြောက် မဟတ္တမ ဂန္ဒီမွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာမှာ အိန္ဒိယသံအမတ်ကြီးက ယင်းကိုထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့် ဦးနေအုပ် (စိန်ပေါ) တို့က မဟတ္တမ ဂန္ဒီ အောက်မေ့ဘွယ်ဆီးမီးတိုင်များထွန်းညှိပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur က အမှာစကား ပြောကြားရာ၌ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို မိတ်ဆွေစစ်အဖြစ် ထားရှိခဲ့ပါတယ်။ လိုအပ်တဲ့အခါ ရှိနေမယ့် မိတ်ဆွေအဖြစ်နှင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးအားလုံးဟာ မိသားစုတစ်စု Vasudhaiva Kutumbakam ဆိုတဲ့ စကား လိုပဲ ရှိနေပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို သံအမတ်ကြီးက ရွှေတိဂုံစေတီတော်ကြီးနှင့် ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များသို့လည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဲဒီနောက် မဟတ္တမဂန္ဒီကြီးအား ဂုဏ်ပြုသည့် အိန္ဒိယယဉ်ကျေးမှုအကအစီအစဉ်ကိုတင်ဆက်ခဲ့ပါတယ်။
အခမ်းအနားတွင် စာရေးဆရာဟိန်းလတ်၊ဒေါက်ထွေး(မန်း)နှင့် ဦးနေအုပ်(စိန်ပေါ)တို့က ဂန္ဒီနှင့်ပတ်သက်သော အမှတ်တရ ဂုဏ်ပြုစကားတွေကိုပြောကြားခဲ့ကြပါတယ်။
မဟတ္တမဂန္ဒီသည် ၁၉၀၂ ခုနှစ် ၁၉၁၅ခုနှစ်နှင့် ၁၉၂၉ခု နှစ်တို့တွင် သုံးကြိမ်တိုင်လာရောက်လည်ပတ်ခဲ့ဖူးသည့် အိန္ဒိယ၏ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၂၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ မြန်မာပြည်သူများကို လွတ်လပ်ရေးအသိနိုးကြားရန် လှုံဆော်အားပေးစကား ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။
@ymg/knl
#Daily_News
Published 2 October 2024
၁။ သီတင်းကျွတ်ပိတ်ရက် ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူး(၅၀၀)ကျော် အခမဲ့တည်းခိုနိုင်အောင်စီစဉ်ပေးထား
၂။ ရွှေတောင်ဒေသထွက်မီးပုံးများ အော်ဒါများစတင်ရရှိ
၃။ ကောလဟာလများ မယုံကြရန်နှင့် ရွှေထွက်ရာသီဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုမရှိဘဲ ရောင်းဝယ်ရန် YGEA ဥက္ကဌတိုက်တွန်း
၄။ Black Myth: ဝူခုန်း ဂိမ်းဖန်တီးနေခဲ့ချိန်အတွင်း အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်ငြားကျော်လွှားနိုင်ခဲ့ကြောင်း ဂိမ်းကုမ္ပဏီစီအီးအိုပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်းအပါအဝင်ဒေသ(၁၄)ခု မိုးကြီးရေလျှံဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ နာဂဒေသတွေ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီးနဲ့ထမံသီကြား မိုးအလွန်များနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 2 October 2024
#(၄၈)နာရီအတွင်း #မိုးကြီးရေလျှံ၊မြေပြိုနိုင်
#YMG/tthl #Yangon_Times
ရွှေဈေးကွက်နဲ့ပတ်သက်လို့ ကောလဟာလတွေ မယုံကြဖို့နဲ့ လက်ရှိအချိန်ဟာ ရွှေထွက်ရာသီဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုမရှိဘဲရောင်းဝယ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌဦးမျိုးမြင့်က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 2 October 2024
#ကောလဟာလတွေမယုံကြဖို့ #YGEA
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ကထွက်ရှိတဲ့ ဒေသထွက်မီးပုံး အော်ဒါတွေ စတင်ရရှိနေပြီလို့ မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published 2 October 2024
#ရွှေတောင်ဒေသထွက်မီးပုံး #အော်ဒါများစတင်ရရှိ
#YMG/NN #Yangon_Times
Page 237 of 1959