ရန်ကုန်၊ ပဲခူး၊ ရှမ်း(အရှေ့ပိုင်း) ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်တယ်။ ဧရာဝတီမြစ်ရေဟာ (၅)ပေမှ (၉)ပေအထိ၊ ချင်းတွင်းမြစ်ဟာ (၇)ပေကနေ (၁၀)ပေခန့်နဲ့ ကျန်မြစ်တွေလည်း မြစ်ရေတိုးနိုင်တယ်။ ပြီးခဲ့တဲ့ရက်က သောင်ရင်းမြစ်ကြောင့် မြဝတီမြို့ ရေကြီးရေလျှံခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) မှာ အစုရှယ်ယာတွေ ဝယ်ယူထားတဲ့ ရှယ်ယာရှင် တွေထံကနေ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ကုမ္ပဏီကနေ ပြန်လည်ဝယ်ယူမယ်လို့ ကုမ္ပဏီရဲ့ ကြေညာထားချက်အရ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ရွှေဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိ ကျဆင်းလာပြီး ၊ သတ်မှတ်ဈေးနဲ့ မရောင်းချတဲ့ ရွှေဆိုင် တွေကို တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်ရှင်များအဖွဲ့ချုပ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၇၄၅၉၂)ဦး အောင်မြင်တယ်။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ဂုဏ်ထူး(၆)ဘာသာဖြင့် အောင်မြင်သူ(၂)ဦး၊ ဂုဏ်ထူး(၅)ဘာသာဖြင့် အောင်မြင်သူ(၂)ဦး ရှိခဲ့ပါတယ်။
Yangon_Times/tthl
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးသူဈေးသားများ၊ ဝန်ထမ်းများ၊ ကုန်တင်ကုန်ချလုပ်သားများ နဲ့ကယ်ရီသမားများရဲ့ ကျောင်းနေအရွယ် သားသမီးများ အတွက် မြန်မာအက်ဂရို အိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက် (MAEX) က
သိန်း၄၀၀ကျော်ဖိုး ကျောင်းသုံးပစ္စည်းနဲ့ထောက်ပံငွေတို့ကို ဇွန်လ ၉ရက်နေ့မှာ အခမ်းအနားနဲ့တကွ ထောက်ပံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_11 June 2024
Published-11 June 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟံသာဝတီ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ခုနှစ်ခုကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အဆင့်မြှင့်တင်မည့် လေဆိပ် ခုနစ်ခုမှာ တာချီလိတ်၊ဟံသာဝတီ၊ မော်လမြိုင်၊ သံတွဲ၊ ပူတာအို၊ မြိတ်နှင့် ကော့သောင်းလေဆိပ်များဖြစ်ကြောင်း ၊ ထိုသို့အဆင့်မြှင့်တင်ရာတွင် အရှည်ပေ ၈၀၀၀နှင့် အကျယ်ပေ ၁၅၀ ရှိသည့် ပြေးလမ်းများကို အရှည်ပေ ၉၀၀၀ နှင့် အကျယ်ပေ ၁၅၀ သို့ အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ တိုးချဲ့လိုက်သည့် ပြေးလမ်း၏ ပေ ၁၀၀၀ ရှည်သောအပိုင်းကို ကတ္တရာကွန်ကရစ်အလွှာဖြင့် အဆင့်မြှင့်မည်ဖြစ် ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း မြေဧက ၉၆၉၀ ဒသမ ၄ ဧကပေါ် အကောင်အထည်ဖော်နေကာ လုံခြုံရေး ခြံစည်းရိုးခတ်ခြင်း ဆောင်ရွက်လျက်ရှိပြီး အရှည်ပေ ၃၄၀၀ ခြံစည်းရိုးကို ၁၀ ပေ အမြင့်ရှိသည့် အုတ်နံရံများခတ်ကာ ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်လေဆိပ်ကို အလျား ၁၅၄၅၀ ပေနှင့် အမြင့် ၆ ပေရှိသည့် နံရံများဖြင့် အဆင့်မြှင်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ပူတာအိုလေဆိပ်တွင် အရှည်ပေ ၈၅၀၀နှင့် အကျယ်ပေ ၁၀၀ ရှိသော ပြေးလမ်းကို ကတ္တရာအလွှာဖြင့် ထပ်မံအဆင့်မြှင်တင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်၊ တာချီလိတ်လေဆိပ်၏ ပျက်စီးနေသော ခြံစည်းရိုးအား အုတ်တံတိုင်းများဖြင့် ပြန်လည်ပြုပြင်ကာ လုံခြုံရေးအထောက်အပံ့များဖြင့် ကာရံမည်ဖြစ် ကြောင်းသိရသည်။
မြိတ်လေဆိပ်ကိုမူ ပြေးလမ်း အရှည်ပေ ၉၀၀၀နှင့် အကျယ် ပေ ၂၀၀ တွင် ကတ္တရာကွန်ကရစ်အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင်
ဆောင်ရွက်မည်ဖြစ်ပြီး ပြေးလမ်းအရှည် ပေ ၆၀၀၀နှင့် ပေ ၁၅၀ ကျယ်ဝန်းသည့် ကော့သောင်းလေဆိပ် ပြေးလမ်းကိုလည်း AC အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်တင်မည့် လေဆိပ် ၇ ခုမှာ လေကြာင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန အောက်တွင်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_11 June 2024
ယခုဘဏ္ဍာနှစ်စဖြစ်သည့် နှစ်လတာကာလအတွင်း မြဝတီကုန်သွယ်မှု မှ ကန်ဒေါ်လာသန်း၅၀၀ခန့် ရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လအတွင်း မြဝတီနယ်စပ်ကုန်သွယ်မှု မှ စုစုပေါင်း ကန်ဒေါ်လာ ၄၉၅ ဒသမ ၀၀၄ သန်းရရှိ ကြောင်းသိရသည်။
ယခင် ကာလတူက စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၂၉ ဒသမ ၆၂၂ သန်း အထိရှိခဲ့ရာ ယခင်နှစ်ကာလတူအောက်လျော့ကျနေကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် နှစ်လတွင် ယခင်နှစ်ကာလတူထက် သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၂၉၀ ကျော်အထိ လျော့ကျခဲ့ပြီး ပို့ကုန်တင်ပို့မှု ဒေါ်လာ ၄၄ သန်းကျော် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၄ ဒသမ ၆၁၈ သန်း လျော့ကျခဲ့ ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 232 of 1834