အခု၂၀၂၄ခုနှစ်မှာ ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် ပြန်လည်ကျင်းပမယ်လို့ မကြားမိသေးဘူးလို့ ပွဲတော်ဆိုင်ခန်းစီစဉ်ရေးမှာပါဝင်သူတစ်ဦးထံမှ သိရပါတယ်။
#Local_News
Published 8 October 2024
#ရေကျော်သီတင်းကျွတ်မီးထွန်းပွဲ #ပွဲတော်မကျင်းပ
#YMG/tthl #Yangon_Times
#Local_News
Published 8 October 2024
▪️ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းထောင့်ရှိ ဘိုးဘွားရိပ်သာ၌ မီးလောင်မှု တစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀နာရီ ၂၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "လူအိုရုံ ၊ဘိုးဘွားရိပ်သာ အပေါ် solar တပ်ထားတဲ့ နေရာ မီးအနည်းငယ်လောင်ဝာာပါ ၊ မိနစ်ပိုင်းအတွင်း မီးငြိမ်းပါပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ငြိမ်းသတ်ခဲ့ရာ၁၀နာရီ ၃၃ မိနစ်အချိန် ၌ မီးငြိမ်း ခဲ့ကြောင်း ၊မီးလောင်မှူ ဖြစ်စဉ်မှာ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသော Solar ပြား အနည်းငယ်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 October 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်၌ ယနေ့မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းညှပ်နေ၍ ကူညီရေးအဖွဲ့များမှကယ်ဆယ်ပြီး ဆေးရုံသို့ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ၈ရက်နေ့ မနက် ၁၂ နာရီ ၄၃ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဘုရင်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းညှပ်နေခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၂ နာရီ ၄၆ မိနစ် အချိန်တွင် ယာဉ်မောင်းကျား(၁)ဦး(မစိုးရိမ်ရ)အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 7 October 2024
၁။ စားအုန်းဆီဈေးနှုန်းများ နှစ်ပတ်ဆက်တိုက်ပြန်ကျလာ
၂။ ရန်ကုန်- မန္တလေး အထူးလေအိတ်ရထားနှင့် ပုဂံရထားများပြေးဆွဲပေးနေ
၃။ ကင်ဆာကုသစက်သစ်များတိုးချဲ့တပ်ဆင်ပြီး တစ်ရက်ကိုကင်ဆာလူနာ(၂၀၀)အထိ ကုသပေးနိုင်တော့မည်
၄။ တရုတ်လျှပ်စစ်ကားများတင်သွင်းခြင်းအပေါ် အကောက်ခွန်နှုန်းတင်းကြပ်ရန် ဥရောပသမဂ္ဂကော်မရှင် အသိအမှတ်ပြုခြင်းအပေါ် ဥရောပနိုင်ငံအများအပြားမှဝေဖန်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံခြားဆေးဝါးဈေးကွက်ထဲမှာ ဒေါ်လာဈေးကျဆင်းချိန်မှာ ဆေးဝါးဈေးတွေ မကျဘဲ ဆေးဆိုင်အများစုကပစ္စည်းပြတ်လပ်တယ်လို့သာ ဝယ်ယူသူတွေကိုငြင်းဆိုနေကြတယ်လို့ ဝယ်ယူသုံးစွဲသူတွေဆီက သိရပါတယ်။
#Local_News
Published 7 October 2024
#ဆေးဝါးဈေးမကျ #ပစ္စည်းပြတ်
#YMG/NN #Yangon_Times
ကင်ဆာကုသစက်သစ်တွေအားလုံးတပ်ဆင်မှုပြီးစီးပါက ဒဂုံဆိပ်ကမ်း ကင်ဆာကုသရေးဌာနမှာ လာမယ့်ဒီဇင်ဘာလမှစတင်ပြီး တစ်ရက်ကိုကင်ဆာလူနာ(၂၀၀)အထိ ကုသပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 October 2024
#ကင်ဆာကုသစက်သစ် #ကင်ဆာကုသရေးဌာန
#YMG/tthl #Yangon_Times
ရန်ကုန်- မန္တလေး အထူးလေအိတ်ရထားနဲ့ ပုဂံရထားတွေ ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 7 October 2024
#မြန်မာ့မီးရထား #အထူးလေအိတ်ရထား
#YMG/NN #Yangon_Times
Page 231 of 1958