မြန်မာမှုလက်မှုပညာနဲ့လုပ်ထားတဲ့ မီးပုံးတွေ ရောင်းအားမနှစ်လောက်မမှီသေးပေမယ့် ဒီနှစ်မှာလုပ်ငန်းတွေ၊ ကုမ္ပဏီတွေက ပိုမိုအားပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 9 October 2024
#မြန်မာမှုလက်ရာမီးပုံး #မြန်မာမှုလက်မှုပညာ
#YMG/tthl #Yangon_Times
သီတင်းကျွတ်ကာလအတွက် ညောင်ဦးနဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဟိုတယ်ကြီးတွေနဲ့ တည်းခိုခန်းအများစု လူပြည့်နေပြီလို့ ခရီးသွားဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published 9 October 2024
#ပုဂံ-ညောင်ဦး #တည်းခိုခန်းအများစုလူပြည့်
#YMG/NN #Yangon_Times
#Local_News
Published 9 October 2024
▪️ မြန်မာ့ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍AFC/MFF "A" Diploma Coaching Course - Module I နည်းပြသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်သည်။
▪️ အဆိုပါသင်တန်း တက်ရောက်သူများသည် AFC B (သို့မဟုတ်) AFC/MFF B အောင်လက်မှတ်ရရှိပြီးသူ၊ နည်းပြသက်တမ်းအနည်းဆုံး(၂)နှစ်ရှိရမည်ဖြစ်ပြီး နာရီ (၈၀)စာ log book တင်သွင်းခြင်းစသည့်အရည်အချင်းများနှင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ပြီး လက်ရှိတွင် အသင်းနည်းပြတာဝန်ထမ်းဆောင်နေသူများအား ဦးစားပေး ရွေးချယ် မည်ဖြစ်ကာ အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင်သူ ဖြစ်ရမည်ဖြစ်ကာ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် Module – I သင်တန်း ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်းငါးသောင်း (၂၅၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင့်ငါးရာ (USD 1500) ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သင်တန်းသား အမည်စာရင်းကို အာရှဘောလုံး အဖွဲ့ချုပ်သို့ အချိန်မီတင်ပြရမည် ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသော အထက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သင်တန်းဝင်ခွင့် လျှောက်လွှာကို အောက်တိုဘာ ၁၅ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Coach Education)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 October 2024
▪️ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့နယ်များရှိ ရဟန်းရှင်လူများ စုပေါင်း၍ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သိန်းထောင်ကျော်လှူဒါန်းခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်မှ ကျေးရွာနှစ်ရွာ၊ တပ်ကုန်းမှနှစ်ရွာ၊ရမည်းသင်းမှ ကျေးရွာခုနှစ်ရွာ၊ ပျော်ဘွယ်မြို့အရှေ့ဘက်ရှိ လျှော်ဖြူကုန်းရွာ၊ သာစည်မြို့ ကြက်စခန်း ရွာ၊ ကလောမြို့ရှိ သဖန်းဆိပ်ရွာ၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာ ခုနှစ်ရွာ၊ အင်းလေးဒေသရှိ ကျေးရွာတစ်ရွာစသည်ဖြင့် ရေဘေးသင့်ဒေသမြို့(၇)မြို့ရှိ ရွာ(၂၂)ရွာကို ရေဘေးပြန်လည်ထူထောင်ရေးအလှူဖြင့် စုစုပေါင်းသိန်း၈၀၀ ကိုထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပစ္စည်းတန်းဖိုး သိန်း၅၀၀ကျော်ကိုလည်း လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လှူဒါန်းမှုများသည် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မော်လမြိုင်မြို့သူ/မြို့သားများ၊ ကျိုက်မရောမြို့ရှိကျေးရွာများမှဆရာတော်၊ရဟန်သံဃာတော်များ၊ ဒါယကာ၊ ဒါယကာမများပြည်တွင်း/ပြည်ပအလှူရှင်များ၏စုပေါင်းအလှူအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလှူဒါန်းမှုများအတွက် အင်းလေးနန်းဦးလယ်ခြေဘုန်းကြီးကျောင်းမှအလှူ ရေစက်ချလှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်း ကမ္ဘာဈေးနဲ့အတူ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းတွေပါ အနည်းငယ်လိုက်ပါကျဆင်းနေပြီး ပြင်ပရွှေဈေးကတော့မြင့်တက်လာတယ်လို့ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 9 October 2024
#ကမ္ဘာ့ရွှေဈေးကျ #ပြင်ပရွှေဈေးတက်
#YMG/NN #Yangon_Times
ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မြန်မာလက်ရွေးစင်အသင်းနဲ့ သီရိလင်္ကာအသင်းတို့ ခြေစမ်းပွဲနှစ်ပွဲကန်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 9 October 2024
#မြန်မာ-သီရိလင်္ကာ #ဖီဖာနိုင်ငံတကာခြေစမ်းပွဲ
#YMG/tthl #Yangon_Times
စိုက်ပျိုးရေနဲ့သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်စေဖို့အတွက် ငမိုးရိပ်တမံမှာ တမံရေပြည့်မှတ်ထက်ရေ ပိုမိုသိုလှောင်နိုင်စေဖို့ ရေပိုလွှဲမှာ Shutter တွေထောင်ပြီး ရေသိုလှောင်ထားဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 9 October 2024
#ငမိုးရိပ်ဆည် #ရေပိုလွှဲတွင်Shutter
#YMG/tthl #Yangon_Times
Page 229 of 1958