လေပွေလှိုင်းတွေရဲ့ အရှိန်၊လေအေးတွေရဲ့တွေ့ဆုံမှုကြောင့် ဒေသ(၁၄)ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ဖိုရှိတယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 30 September 2024
#လေပွေလှိုင်း #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
တစ်ပတ်တာအတွင်း ရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်သုံးသိန်းခွဲကျော်ဝန်းကျင်ကျဆင်း လာပြီး အခေါက်ရွှေအရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းရှိနေတာကြောင့် ဒီထက်အရောင်းပိုများလာရင်တော့ ဈေးဆက်ကျနိုင်တယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 30 September 2024
#ရွှေဈေးသုံးသိန်းခွဲကျော်ကျဆင်း #ဈေးဆက်ကျနိုင်
#YMG/NN #Yangon_Times
အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့် အခမ်းအနား၌ သာသနာပြုအတွေ့အကြုံ စာတမ်းငယ်လေးစောင်ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#အရဟံဖောင်ဒေးရှင်း #စာတမ်းလေးစောင်ဖတ်ကြား
#YMG/NN #Yangon_Times
ရေဘေးသင့်ကျေးရွာသားရာချီကို ရေဘေးမှကယ်ဆယ်ပေးခဲ့တဲ့ (၁၂)နှစ်အရွယ် 'မောင်ပေါများ' အတွက် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပြီး ဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#ကျေးရွာသားရာချီကယ် #မောင်ပေါများ
#YMG/tthl #Yangon_Times
#Local_News
Published_30 Sept 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်အတွင်း ရေဘေးလှူမည့်အထုပ်အတွင်းမှ ဗုံးပေါက်ကွဲ၍ ၁၁ ဦး ဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
▪️ ယနေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာရရှိသူများအား အမှတ် (၂)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
▪️ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်စက်ဆန်းရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတို့တွင်ဖြစ်ကြောင်း၊ အလတ်ချောင်းအုပ်ချုပ်ရေးမှူးရုံး၌ စမတ်ကတ်ပြုလုပ်ရန်ရောက်ရှိနေကြသော အရပ်သား ၇ ဦးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးရှိ အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
▪️ လက်ရှိတွင်သက်ဆိုင်ရာက အခင်းဖြစ်ရာနေရာကို စစ်ဆေးမှုများပြုလုပ်နေကာ ကျူးလွန်သူများကို ဖော်ထုတ်ရန် စုံစမ်းနေကြကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 30 September 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
▪️ စက်တင်ဘာ ၃၀ ရက်နေ့၊ မနက် ၂နာရီ ၂၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာည်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 September 2024
▪️ မလေးရှား၊ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာ့ရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့်ပစ္စည်းများအား နိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် ပထမအကြိမ်ပေးပို့ခဲ့ကြောင်း သိရသည်။
▪️ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းဦးဆောင်သည့် သံရုံးကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းများမှ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက် ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသည့် လှူဒါန်း ပစ္စည်းများအနက် ပထမအသုတ်အဖြစ်လှူဒါန်းသည့် ကီလို ၅၀၀၀ အား စက်တင်ဘာ၂၈ ရက်နေ့ မနက် ၁၀နာရီခွဲ အချိန်တွင် မလေးရှားအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လှူဒါန်းပစ္စည်းများတွင် အဝတ်အထည် (လူကြီး/ကလေး)၊ အနွေးထည်၊ ဖိနပ်မျိုးစုံ (လူကြီး/ကလေး) နှင့် စောင်တို့ပါဝင်ပါကြောင်းနှင့် ၎င်းတို့အား မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့ ၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။ ထို့အပြင် လှုဒါန်းပစ္စည်းများအား မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများ ထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ မြန်မာသံရုံးအနေဖြင့်လည်း လှူဒါန်းပစ္စည်းများအား ဒုတိယအကြိမ် ဆက်လက်ပို့ဆောင် နိုင်ရေးနှင့် မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေရေး မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 240 of 1959