ယုံကြည်စိတ်ချရပြီး၊ သက်သာလွယ်ကူစွာ ခရီးသွားလာနိုင်ဖို့ Maxride အပလီကေးရှင်းကို သန်လျင်မြို့ရှိ သုံးဘီးယာဉ် ၉၈ စီးနဲ့ ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
#Local_News
Published 3 June 2025
#Maxrideအပလီကေးရှင်း #သုံးဘီးယာဉ်၉၈စီး
#YMG/NN #Yangon_Times
ငလျင်သင့် အမွေအနှစ်အဆောက်အအုံတွေ ပြန်လည်ထိန်းသိမ်းရာမှာ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေပေးသွားဖို့ရှိတယ်လို့ ဒို့အိမ်အဖွဲ့အစည်းမှ သိရပါတယ်။
#Local_News
Published 3 June 2025
#ငလျင်သင့်အမွေအနှစ်အဆောက်အအုံ #နည်းပညာအကူအညီများပေး
#YMG/SW #Yangon_Times
လကုန်ရက်က အကျဖက်ဦးတည်ခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ သုံးရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းနှစ်သောင်းပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်မှ တဆင့်သိရပါတယ်။
#Local_News
Published 3 June 2025
#မြန်မာ့ရွှေဈေးတက် #ရွှေဈေးကွက်
#YMG/SW #Yangon_Times
ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများ ရောင်းခွန်ပေးဆောင်ဖို့ ကျန်ရှိသူတွေအနေနဲ့အခု ဇွန်လ၁၃ရက် နောက်ဆုံးထားပေးဆောင်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 3 June 2025
#ပြင်ဦးလွင်ကော်ဖီစီမံကိန်း #ရောင်းခွန်များပေးဆောင်ရ
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ ထိုင်းဘတ်ငွေလေးသန်းကျော်နှင့် တရုတ်ယွမ်ငါးသိန်းကျော် မြန်မာနိုင်ငံ ဗဟိုဘဏ် က ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၈ဒဿမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၅၇၉,၉၀၀ ကိုထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၂ဒဿမ ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၄ဒဿမ ၇၂၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ဗဟိုဘဏ် နိုင်ငံခြားငွေဈေးကွက် ထဲသို့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေများကိုဆက်တိုက်ထုတ်ရောင်းပေးနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် မေလ ၃၀ ရက်နေ့ကလည်း ငွေလဲနှုန်း ၅၄၆ဒသမ၆ ကျပ်နှင့် တရုတ်ယွမ် ၆၁၃,၅၄၄ဒသမ၆၇ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၄ ကျပ်ဖြင့် ထိုင်းဘတ် ၂ဒသမ၄၃၀ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ EV ကား၊ စက်ယန္တရားများနှင့် ကုန်ပစ္စည်းမျိုးစုံကို အထူးစျေးနှုန်းဖြင့်ဝယ်ယူနိုင်မည့် ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC)တွင် ယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို လာမည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အထိ နေ့စဥ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။
▪️ ယင်းပြပွဲတွင် ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများနှင့် အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများဖြစ်သည့် EV ကားများ၊ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများကို ခင်းကျင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ပြပွဲတွင် နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကံစမ်းမဲအစီအစဥ်များကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPA) နှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)တို့ ပူးပေါင်းပြီး“မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်”ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို သစ်ပင်စိုက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် ရည်ရွယ်၍ လှည်းကူးရှိ ရုပ်ရှင်မြို့တော် ဧက(၂၀၀)စီမံကိန်းအတွင်း ဇွန်လ၁၅ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်ရှင်အနုပညာရှင်များ၊ ဆောက်လုပ်ရေးလောကနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများဖြင့် စည်ကားစွာ ပြုလုပ်သွားမည်ဖြစ်ေကြာင်း သိရသည်။
▪️ ထို့ကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ MCEF နှင့်အတူပူးပေါင်းပါဝင်လိုသည့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအေနဖြင့် အမှတ် (၃) ၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သု၀ဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အသင်းရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 238 of 2238