#Local_News
Published_3 January 2023
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ စက်မှု (၁) လမ်းတွင်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရုံးတွင် နည်းပညာအဆင့်မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမှုကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
အွန်လိုင်းတုံကင် QR စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ပထမအပတ် တစ်ပတ်လုံး ရုံးပိတ်ထားမည်ဖြစ်ကြောင်း၊ အွန်လိုင်းတုံတကင်စနစ် အဆင့်မြှင့်တင်ပြီးပါက ဇန်နဝါရီလ ဒုတိယအပတ်တွင် ရုံးပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ကြိုတင်တုံကင်ယူသည့်စနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း ကြိုတင်တုံကင်ယူထားသူကိုသာ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှစတင်ကာ ရုံးကိုပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးပြားတွေကို သွန်းလောင်းပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လာမည့် ဇန်နဝါရီလ ၄ ရက်တွင် တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို အသစ်သွန်းလောင်း ထုတ်ဝေကာ အများပြည်သူကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသစ်သွန်းလောင်းထုတ်ဝေသွားမည့် ရွှေဒင်္ဂါးများကို ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးတို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၏ အရောင်းဆိုင်များတွင် ဇန်နဝါရီလ ၅ ရက်မှစတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသစ်သွန်းလောင်းမည့် ရွှေဒင်္ဂါး၏အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး "၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့" ဆိုသည့် စာသား ရေးထိုးထားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီး တည်ဆောက်နေသည့် တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ပြီးစီးသွားပြီဖြစ်ကြောင်း Green Power Energy က သတင်းထုတ်ပြန်ထားသည်၊၊
အဆိုပါ စီမံကိန်းအတွင်း ဆိုလာပြား (၄၅,၉၈၀) တပ်ဆင်အသုံးပြုထားပြီး ယင်းမှ နေရောင်ခြည်စွမ်းအင်ထုတ်ယူသည့် photovoltaic (PV) စွမ်းအင်ကို အမြင့်ဆုံးရရှိစေရန် နေရောင်ခြင်နှင့်ခြေရာခံသည့် စနစ် အသုံးပြုထားကြောင်း ဖော်ပြထားသည်၊၊
တစ်နှစ်ကို လျှပ်စစ်ဓာတ်အား (၂၅) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ယင်းမှထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားတွေကို (၃၃)ကေဗွီ ကောင်းကင်ဓာတ်အားလိုင်းနှင့် (၁၃၂) ကေဗွီ တောင်တော်ကွင်းဓာတ်အားရုံမှ တစ်ဆင့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
နိုင်ငံတော်မှ ဖိတ်ခေါ်နေသည့် ဆိုလာစီမံကိန်းများတွင် လုပ်ကိုင်ခွင့်ရသူတွေအတွက် သက်သာခွင့်ကာလကို စီးပှားဖြစ်လုပ်ငန်းစတင်ချိန်မှ နှစ် (၂၀) အထိ ခံစားခွင့်ရရှိထားပြီးသင့်တင့်မျှတသည့် စံသတ်မှတ်ဈးနှုန်းနှင့်လျှပ်စစ်ဓာတ်အားများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေညာထားသည်၊၊
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်၍ လူ ၂ဦးသေဆုံးသွားကြောင်း သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းက သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများကသွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း၊ နေအိမ်အပေါ်ထပ်မှမီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မိသားစုဝင် ၅ ဦးအနက် အမျိုးသား၂ဦးမှာ မီးဘေးသင့်သေဆုံးခဲ့ကာ နေအိမ်တစ်ခုလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
အသက်ဆုံးရှုံးသွားသည့် အမျိုးသား၂ ဦး၏ ရုပ်အလောင်းကို သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းကုတင်၂၀၀ဆံ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အသက်(၁၄)နှစ်သာရှိသေးသည့် လူငယ်အား ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်သူကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄)အရထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း သိရသည်၊၊
အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်မောင်ကြည်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ မောင် ----၊ ၁၄ နှစ်ကို ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မလုပ်အားခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျုံကဒွန်းနယ်မြေရဲစခန်း၊ (ပ) ၁၃၁/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ (၃၁) ရက်တွင် တရားခံ ဦးမောင်မောင်ကြည် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ကျပ် ၄၄၇၀ ကျပ်သတ်မှတ်ပေးထားပါတယ်။ ဒီတစ်ပါတ်မှာတော့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၁၀၀ ကျော်ပြန်လည်မြင့်တက်လာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_2 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်အထိ ၈ လကျော်ကာလအတွင်းမှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၅၃ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1718 of 2411