#Local_News
Published _9 September 2022

 

မော်လမြိုင်သို့ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်တစ်စီး ယနေ့ နံနက်ပိုင်း တစ်နာရီ မထိုးမီအချိန် မိုင်းဆွဲခံရကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

 

မိုင်းဆွဲခံရသည့်ယာဉ်မှာ အဆိုပါအသင်းမှ ယာဉ်ဖြစ်ကြောင်း၊
သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်းကြောင့် ယာဉ်မောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ် နံပါတ်(၃) ပျက်စီးကျေမွသွားကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group