#Local_News
Published - 8 September 2022

 

ကလေးငယ်များ အပါအဝင် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့လာသည့် မြန်မာရွှေ့ပြောင်း ၃၄၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

 

အဆိုပါ မြန်မာရွေ့ပြောင်း လုပ်သား ၃၄၀ ကျော်ကို ရနောင်းကနေ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့မှ ယခု စက်တင်ဘာ ၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၉၃ ဦးအပါအဝင် ကလေးငယ် ၁၉ ဦးကို ထိုင်းနိုင်ငံမှာရှိသည့် အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၂၁) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့တရားမဝင် သွား ရောက်လုပ်ကိုင်သူ များပြာလာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများကို တစ်လထက်မကျော်အချုပ်ထောင်ထဲတွင် နေရကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group