Published 4 JKanuary 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြညစာစားပွဲသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊နစကအဖွဲ့ဝင်တွေ၊ ဒုတိယသမ္မတ(ငြိမ်း) တွေဖြစ်ကြတဲ့ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊နိုင်ငံတော်အကြီးအကဲဟောင်းများရဲ့ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တပ်မတော် အရာရှိကြီးတွေ၊ တိုင်းမှူးတွေ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်သံရုံးတာဝန်ခံတွေ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝင်တွေ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူတွေးNCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်တွေနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တွေနှင့် ် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ညစာစားပွဲကျင်းပနေစဉ်အတွင်းမှာ ဆုရရှိခဲ့ကြတဲ့ ဂုဏ်ပြုယာဉ်တွေနှင့် လေထီးခုန်ဂုဏ်ပြုခဲ့ကြသူတွေဟာ ဆုတွေ လက်ခံရယူခဲ့ကြပါတယ်။
အဲဒီနောက် ဂုဏ်ပြညစာစားပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်တက်ရောက်လာသူတွေဟာ လွတ်လပ်ရေးနေ့ဂုဏ်ပြု ပဒေသာကပွဲကို ဆက်လက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl











#Local_News
Published_4 January 2023
ယခု ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလအထိ စာရင်းတွေအရ စက်မှုကုန်ချောတင်ပို့မှုကနေရရှိထားတဲ့ ဝင်ငွေဟာဆိုရင်ကန်ဒေါ်လာသန်းပေါင်း ၆၉၀၀ ကျော်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 4 January 2023
ပြည်တွင်းမှာ သကြားစားသုံးမှုမြင့်တက်လာတဲ့အပြင် ပြည်ပကနေလည်း တင်သွင်းမှုလျော့နည်းလာတာကြောင့် ဒီနှစ်မှာတော့ ပြည်ပကိုသကြားတင်ပို့မှုဟာ လျော့နည်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 4 January 2023
မြန်မာနိုင်ငံမှာ ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၀၁၂ ဦးကို ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက အကျဉ်းထောင်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနှင့်ဆွေမျိုးတွေက လွတ်မြောက်လာမယ့်သူတွေကို သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကြီးတွေ ထွက်လာပြီးနောက် ဆွေမျိုးမိသားစုတွေက ကြိုဆိုခဲ့ကြပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#Myanmar_Prisoners_release
#Myanmar_Politics
#LocalNews
Published_4 January 2023
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး နိုဝင်ဘာလထက် တင်ပို့မှုလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_4 January 2023
မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတာ ၁၂ ရက်ကျော်ရှိပြီဖြစ်တာကြောင့် ကုန်ကားတွေအနေနဲ့ တောလမ်းပိုင်းကနေ သွားနေရတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 4 January 2023
၁။ မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြန်မဖွင့်သေးသည့်အတွက် ကုန်ကားများတောလမ်းပိုင်းကသွားနေရ
၂။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၃။ ပြည်တွင်းစားသုံးမှုများပြားသည့်အတွက် ပြည်ပသို့သကြားတင်ပို့မှု လျော့နည်းခြင်းဖြစ်
၄။ တရုတ်-ရုရှားအရှေ့ဘက်လမ်းကြောင်းဓာတ်ငွေ့ပိုက်လိုင်းမှ နှစ်စဉ်ဓာတ်ငွေ့ပေးပို့မှုတိုးမြှင့်ရန်ရည်ရွယ်ထား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1715 of 2411