#Local_News
Published_11 July 2022
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်အား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ကျောက်တော်မြို့နယ်၊ အလယ်ရွာသို့ သွားရောက်လည်ပတ်စဉ် ယင်းအဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝင်းနိုင်သည် ကျောက်တော်ကမ္ဘာ့ရတနာဘဏ်၏ မန်နေဂျာဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ကြောင်း၊ ယင်းအနေဖြင့် လက်ရှိနိုင်ငံရေးကိစ္စများတွင်လည်း ပါဝင်ပတ်သက်ခြင်းမျိုးမရှိဘဲ ဆေးအေးဆေးဆေး နေတတ်သူတစ်ယောက် ဖြစ်ကြောင်းလည်း သိရသည်။
"ဒီကိစ္စနဲ့ပတ်သက်ရင် ကမ္ဘာ့ရတနာဘဏ်က စစ်တွေမန်နေဂျာကို မေးပါ။သူတို့က ဘယ်အကြောင်းပဲဖြစ်ဖြစ် မန်နေဂျာကိုဆက်သွယ်ပါလို့ ပြောထားတာရှိတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက YMG ကို ပြောသည်။
ယခုအခါ ဦးဝင်းနိုင်အား ဖမ်းဆီးသွားခြင်းမှာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မည်သူမျှ မသိကြသေးပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published - 11 July 2022
စားအုန်းဆီ အခြေခံကာလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၆၅၀ ကျပ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းစျေး ၄၆၀၀ ကျော်သတ်မှတ်ထားသော်လည်း စျေးကွက်တွင် တစ်ပိဿာ ၈၆၀၀ ကျပ်ဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ် ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆိုသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန် အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၅၀ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထား ခြင်းဖြစ်သည်။
စားအုန်းဆီများနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 July 2022
တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS) လျှောက်လွှာများကို ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၃နာရီမှ ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့ နံနက် ၁၀နာရီအထိ Application System ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်လိုက်သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းပြုလုပ်ကြသည့်အတွက် ပြန်လည်စိစစ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း၊လျှောက်လွှာအကြိမ်ကြိမ်တင်ပါက Payment No. နှင့် စာမေးပွဲခုံနံပါတ်မှန်ကန်စွာမရနိုင်ကြောင်း၊ယင်းကြောင့် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းမပြုလုပ်ကြရန် အဆိုပါအေဂျင်စီက ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS)ဖြေဆိုခွင့်လျှောက်ထားခြင်းများကို ဇူလိုင်လ ၇ ရက်ကစ၍ ဇူလိုင်လ ၂၃ ရက်ထိ လက်ခံသွားမည်ဟု ထုတ်ပြန်ထားပြီး ဖြေဆိုမည့်သူ သုံးသောင်းကျော်ရှိနိုင်မည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 July 2022
မော်တော်ယာဉ်တင်သွင်းခွင့် ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခွင့်မူဝါဒများကို ပြန်လည်သုံးသပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယနေ့ ဇူလိုင်လ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးတွင်ပြောသည်။
"နိုင်ငံခြားသုံးငွေနဲ့ပတ်သက်တဲ့အမိန့် ကြော်ငြာစာလာပြီးနောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ်နိုင်ငံခြားငွေလွဲခွင့်မရှိတော့ပါဘူး။နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲရေးကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုမိန့်ရှိမှ လွှဲလို့ရတယ်။အဲ့ဒါကိုပြန်ပြီးတော့ ကျွန်တော်တို့ သုံးသပ်နေပါတယ်။ဒါကြောင့် မော်တော်ယာဉ်တင်သွင်းခွင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခွင့်မူဝါဒတွေကို ပြန်သုံးသပ်နေပါတယ်"ဟု ယင်းကပြောသည်။
လက်ရှိတွင်သီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးစက်ရုံအပါအဝင် မော်တော်ယာဉ်တင်သွင်းထုတ်လုပ်တပ်ဆင်သည့်လုပ်ငန်းများ အားလုံးရပ်ဆိုင်းနေကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်း ကပြောသည်။
"အခုဆိုရင် မော်တော်ယာဉ်မူဝါဒကလည်း ပြင်နေတယ်ဆိုတာ ကျွန်တော်တို့သိရတယ်။အခုအနေအထားကတော့ Suzuki မှ မဟုတ်ဘူး ၊ အားလုံးက ရပ်နေတာ ၊ ပြီးခဲ့နှစ်အောက်တိုဘာလကတည်းကထုတ်တဲ့မူဝါဒနောက်ပိုင်းမှာပေါ့။
လောလောဆယ် ဘယ်ကားမှတင်သွင်းခွင့်မပြုဘူး ၊ကိုယ့်ပိုက်ဆံနဲ့ကိုယ်လည်းခွင့်မပြုဘူး"ဟု ယင်းကပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက် မှစ၍ အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိသည့်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်များကို စတင်ရပ်ဆိုင်းထားရာ ၂၀၂၂ ခုနှစ်ကားတင်သွင်းခွင့်မူဝါဒတွင် ကားအရောင်းစင်တာများအတွက် ကားသစ်တင်သွင်းခွင့် ပါဝင်မလာခဲ့တော့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1717 of 2033