#Local_News
Published_ 26 January 2023

 

ရှမ်းပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များမှ ဖြတ်သန်းမည့်သူများအတွက် BorderPass စာအုပ်များပြုလုပ်ပေးနေကြောင်း သိရသည်။

 

အဆိုပါ ဂိတ်များကို ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က ဖွင့်လှစ်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နန်းတော်နယ်စပ်ဂိတ်နှင့်၊ ဆင်ဖြူနယ်စပ်ဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ဝင်ရောက်နိုင်ရန် ဇန်နဝါရီလ ၂၅ ရက်နံနက်ပိုင်းမှစတင်၍ BorderPass စာအုပ်များ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"နယ်စပ်သွားလာခွင့် လက်မှတ် Border Pass စာအုပ်တွေကို နန်းတော်နယ်စပ်ဂိတ်မှာ လုပ်ပေးနေတာပါ၊လောလာဆယ်ကတော့ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေက သန်းခေါင်စာရင်းရှိသူတွေကိုပဲ လုပ်ပေးနေပါသေးတယ်။ ကာယကံရှင် ကိုယ်တိုင် သွားလုပ်ရတာပါ"ဟု မူဆယ် ဒေသခံတစ်ဦးက ပြောသည်။

 

Border Pass စာအုပ်ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်၊ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းတို့၏ မူရင်းနှင့်မိတ္တူတို့ကို ယူဆောင်လာရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်မည့်သူများအနေဖြင့် Border Pass စာအုပ်နှင့်အတူ မှတ်ပုံတင်ကိုလည်း ယူဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group