TV Yangon Times Matters အစီအစဉ်
Published - 11 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးမြင့်ထွန်း (Quality )မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဥက္ကဌနှင့်အတူ
-"ဆုပြည့်စုံထွန်းစာပေ ထူထောင်ပြီး ကလေးစာပေ၊ ရုပ်ပြစာအုပ်၊ဘာသာရေးစာပေများ ထုတ်ဝေခဲ့သလို ဆရာကြီးဒဂုန်ရွှေမျှား စာအုပ်များကို မူပိုင်ထုတ်ဝေခဲ့ကြောင်း
-ကိုဗစ်ကာလမှာ ထိုက်သင့်သလောက် စာအုပ်ဈေးကွက်အဆင်ပြေပြေလည်ပတ်ခဲ့ပြီး အထွေအထွေအကြပ်အတည်းများကြောင့် စာအုပ်ထုတ်ဝေရေးအခြေအနေ ၅၀% ရပ်တန့်ခဲ့ရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် -ဟင်္သာတ -ကြံခင်း အစုန်အဆန် အမြန်ရထားများကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ က သိရသည်။
ပုသိမ်-ဟင်္သာတ-ကြံခင်း သို့ ၁၈၁ အဆန်အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ပြီး ယနေ့တွင် ကြံခင်းဘက်မှ ပုသိမ်သို့ ကြံခင်းဘူတာမှ နံနက် ၆ နာရီကစ၍ ၁၈၂ အစုန်ရထားကို ပြေးဆွဲရာ ဟင်္သာတဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၈၂ အစုန် အမြန်ရထားသည် ပုသိမ်ဘက်သို့ လိုက်ပါမည့် ခရီးသွားပြည်သူ ခရီးသည် ၁၂၃၈ ဦးကို တင်ဆောင်လျက် ပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
Photo-KZ(HTD)
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အင်းတကော်ရပ်ကွက်၊ အင်းတကော်ကျေးရွာ၊ ညောင်အင်းပြည်သာစက်မှုဇုန်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ Melody Global ဘိနပ်စက်ရုံ၌ ဖြစ်ပွားခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၃)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ သနပ်ပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ကြကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ymg/mt
#Yangon_Media_Group



#LocalNews
Published _ 11 September 2022
ရခိုင်ရိုးမရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် တရားမဝင်သစ်များ ဖမ်းဆီးမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်အချိန်က ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သို့ တရားမဝင်သစ်များ တင်ဆောင်လာသည် မော်တော်ယာဉ် တစ်စီးကိုတောင်ပုံကြီးပူးပေါင်းစစ်ဆေးဂိတ်၌ ယာဉ်အသွားအလာများစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်တင်လာသောမော်တော်ယာဉ်မောင်း ဥသျှစ်ပင်မြို့နယ်နေ အသက် ၃၁ နှစ်အရွယ် စိုင်းဇော်စိုး(ခ)ကိုစိုင်း မောင်းနှင်လာသည့် Forland (အပြာရောင်)မော်တော်ယာဉ်ကို စစ်ဆေးစဉ် ဂျင်း(ချင်း)အိတ်များအောက်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းပြတင်းပေါက် ၆၅ ချပ်၊ ကျွန်းတံခါးရွက် ၆ ချပ်၊ ပျဉ်းကတိုးကျည်းဘောင် ၇၀ ချောင်း၊ စုစုပေါင်း ကာလတန်းဖိုး ၇၀၈,၁၈၀ ကျပ်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။
သစ်ပိုင်ရှင်ဖြစ်သူမှာ ဇော်မင်းဦးဆိုသူဖြစ်ပြီး တောင်ကုတ်မြို့ဆိပ်ကမ်းသို့ ပို့ဆောင်ခိုင်းသဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ယခုအခါ ဖမ်းဆီးရမိသောသစ်များကို တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ ဖမ်းဆီးရမိတရားခံ၊ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 11 September 2022
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၁၅၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်ကိုမြင့် မောင်းနှင်ပြီး မျိုးသီဟလိုက်ပါ လာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄၅ သိန်း)၊ ဘိန်းစိမ်းအလေးချိန် ၉ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။
စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဇော်ကိုမြင့်(၄၅)နှစ်နှင့် မျိုးသီဟ(၂၅)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့ရှိ ရေသန့်ဘူးစက်ရုံက အလုပ်ဖြုတ်လိုက်သော မြန်မာအလုပ်သမား ၂၉ ဦးအတွက် အလုပ်ရှင်က လျော်ကြေး ဘတ် ၉သိန်းကျော်ကို စက်တင်ဘာလ ၉ ရက်တွင် ပေးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)က သိရသည်။
ယင်းတို့မှာ ယန္တယားများအကူအညီကို မယူဘဲ လုပ်အားတစ်ခုတည်းဖြင့်သာအလုပ်ခိုင်းစေနေမှုခံနေရသည့်အပေါ် အကူအညီမရသည့်အတွက် အလုပ်ရှင်အားတင်ပြရာ အလုပ်ရှင်ဘက်က လက်ခံဆွေးနွေးမှုမပြုဘဲ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စကြောင့် အလုပ်သမားတွေက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)နှင့် ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(စဝါဒီကမ်)သို့ တိုင်ချက်ဖွင့်ခဲ့ရာ အလုပ်ရှင်က အလုပ်သမားတွေအား နစ်နာကြေးပေးရမည်ဟု စဝါဒီကမ်က အမိန့်ချခဲ့ခြင်းလည်း ဖြစ်သည်။
အမိန့်အပေါ် အလုပ်ရှင်က အမှတ်-၁ အလုပ်သမားတရားရုံး(စာရဘူရီ)တွင် အယူခံဝင်ခဲ့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားများ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြရာ ၄၀ ရာခိုင်နှုန်း လျော်ကြေးပေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည့်အတွက် လျော်ကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
photo-MWRN
ymg/mt
#Yangon_Media_Group



#LocalNews
Published _ 11 September 2022
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂၀၀ ကျော်အလုပ်ထုတ်ခံရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ချုပ်ရုံက လုပ်သက်ပြည့်မြန်မာလုပ်သားများဖြစ်ပြီး အကြောင်းမဲ့ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အလုပ်ထုတ်ခံရသော အလုပ်သမားများက စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားကြောင်း၊ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်က အဆိုပါစက်ရုံရှေ့တွင် အလုပ်ထုတ်ခံရသော အလုပ်သမားများက ဆန္ဒဖော်ထုတ်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း၊လက်ရှိတွင် ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက် ကူညီနေကြကြောင်းလည်း သိရသည်။
photo-ym
ymg/mt
#Yangon_Media_Group


Page 1712 of 2166