#Local_News
Published_ 9 January 2023
ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ၄င်းတို့စုဆောင်းထားသည့် ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခု ထိန်းသိမ်းခွင့်ပေးအပ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှသိရသည်၊၊
အဆိုပါ ထိန်းသိမ်းခွင့်ပေးအပ်သည့်'ရှေးဟောင်းဝတ္တုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ( ၅)ရက်က ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များနှင့် Bagan Myanmar Group of companies မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဌာနခွဲညွှန်ကြားရေးမှူးမှ ဦးအောင်ကြည်(အထွေထွေမန်နေဂျာ၊ Bagan Myanmar Group of Companies) ထံသို့ ၎င်းတို့စုဆောင်းထားသည့်ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခုတို့အတွက် ထိန်းသိမ်းခွင့်လက်မှတ်နှင့် ရှေးဟောင်းဝတ္တုပစ္စည်းစာရင်း မှတ်တမ်းစာအုပ်တို့ကိုပေးအပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group




#LocalNews
Published_9 January 2023
ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်သည်။
ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ် ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြုပြင်နေစဉ်တွင် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#LocalNews
Published_ 8 January 2023
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက်ပိုင်းက လုပ်ကြံခံလိုက်ရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်(ALP-ALA)၏ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၈ ရက်၊ နေ့လယ်ပိုင်းက စစ်တွေသုသာန်၌ မီးသဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လုပ်ကြံခံလိုက်ရသူများမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ (၅၃)နှစ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ဖြစ်ပြီး ဝေသာလီ အားကစားကွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အပြီး အိမ်စီးကားတစ်စီးဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက်ရှိ ဆီတန်းအနီးတွင် အမည်မသိလက်နက်ကိုင်များက သေနတ်ဖြင့်လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းတို့၏ရုပ်အလောင်းများကို ဇန်နဝါရီလ ၅ ရက်မှစတင်ကာ စစ်တွေဆေးရုံကြီးမှ စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်(ခေါ်) နာဇီရွာကုန်းရှိ ALP ရုံး၌ အအေးခန်းဖြင့် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ၊ နာရေးအခမ်းအနားသို့ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံးနှင့် ရခိုင်ပြည်အမျိုးသားကောင်စီတို့က လုပ်ကြံခံလိုက်ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ALP-ALA တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြကြောင်း သိရသည်။
မီးသဂြိုလ်ခဲ့ပြီးနောက် ယင်းတို့ ၃ ဦး၏အရိုးပြာများကို ပါတီအနေဖြင့် တရိုတသေသိမ်းဆည်းပြီး အာဇာနည် (၃)ဦးအဖြစ်မှတ်တမ်းတင်ကာ နောင်လာနောက်သားများ အစဉ်အမှတ်ရစေနိုင်ရန်အတွက် အထိမ်းအမှတ်ကျောက်တိုင်(သို့မဟုတ်) ကျောက်ရုပ်များစိုက်ထူပြုလုပ်သွားမည်ဖြစ်ကြောင်း ALP က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 7 January 2023
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်မှ ချင်းမိုင်ခရိုင်ဘက်သို့ အလုပ်လုပ်ရန် သွားရောက်ကြသည့် ကလေး ၅ ဦးပါသည့် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး နှင့် ပွဲစား ၃ ဦး အဖမ်းခံရပြန်ပြီ ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက်က ချင်းရိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရဲဌာန ထောက်လှမ်းရေး၏ သတင်းပေးပို့မှုကြောင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်းကာ တရားမဝင်မြန်မာလုပ်သား ပို့ဆောင်ရေးယာဉ် ၃ စီးကို ချင်းရိုင်းခရိုင်၊ မောင်မြို့၊ မဲခေါင့်သုံးကျေးရွာမှာ တားစီးစစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ယာဉ် ၃ စီးတွင် မိဘနှင့်အတူလိုက်ပါလာသောကလေး ၅ ဦး၊မြန်မာအမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး ယာဉ်မောင်းလိုက်ပို့ပေးသည့် မြန်မာပွဲစား အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ယခုအခါ ယင်းတို့ကို ဘန့်ဒူရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူရန်ရှိကြောင်းနှင့် အခြား ဆက်စပ်သူများအား ထပ်မံစစ်ဆေးနိုင်ရေး ထိုင်းနိုင်ငံတာဝန်ရှိသူများကလုပ်ဆောင်နေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group



#TV Yangon Times Matters အစီအစဉ်
Published - 8 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးမျိုးသော် ဥက္ကဌ(အနော်ရထာပန်းချီပြခန်း) Chairman of Milky Way Group နှင့် အတူ
-"အနော်ရထာပန်းချီပြခန်း"ကို ပန်းချီဆရာတွေအတွက်ဆုံဆည်းရာအဖြစ် 2019 မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း
-မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ အဖိုးတန်ပန်းချီကားများနှင့် ရှေးဟောင်းပန်းချီကားကြီးများ သီးသန့်စုစည်းထိန်းသိမ်းပြသထားမည့်"Anawrahta Premium Lounge"ကို အနော်ရထာပန်းချီပြခန်းကြီးမှာ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 January 2023
(၂၀၂၃) ခုနှစ်အတွက် ခွင့်ပြုဘက်ဂျက်နဲ့ မန္တလေးတိုင်း၊ မွန်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးက ဆေးရုံတွေ၊ ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေကို အိတ်ဖွင့်တင်ဒါခေါ်ပြီး ဝယ်ယူလျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 8 Jan 2023
ဩစတြေလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်လ် Mr. Sean Turnell အပေါ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပယ်ဖျက်လိုက်တယ်လို့ နစက အစိုးရက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၆)ရက်နေ့က အမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါအမိန့်အမှတ် ၇၉/၂၀၂၂ ထဲမှာ ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ Mr. Sean Turnell ဟာ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီးနောက် ကျန်ရှိနေသည့် ပြစ်ဒဏ် ကာလမစေ့မီအတွင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာများတွင် လည်းကောင်း၊ သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောကြားရာတွင်လည်းကောင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ ပြောဆိုခြင်းများသည် ၎င်းအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးစဉ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ရာရောက်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြပါရှိပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ပြစ်ဒဏ် ကျခံလျက်ရှိသော ဩစတြေးလျနိုင်ငံသား Mr. Sean Turnell အား နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၇၄/၂၀၂၂ ဖြင့် နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း အဆိုပါ အမိန့် ၇၉/၂၀၂၂ က ဆိုပါတယ်။
အဲဒါကြောင့် ဩစတြေးလျနိုင်ငံသား Mr. Sean Turnell အား နစကရဲ့ အမိန့်အမှတ် ၇၄/၂၀၂၂ ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၃) အရ ပယ်ဖျက်လိုက်တယ်လို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလုပ်ခဲ့တဲ့ ပါမောက္ခရှောင်တာနယ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနှင့် ပြစ်ဒဏ်စီရင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ အကျဉ်းထောင်ကနေ နစက ဥက္ကဋ္ဌရဲ့ လွတ်ငြိမ်းအမိန့်အရ ထောင်မှလွတ်မြောက်လာသူဖြစ်ပါတယ်။
ymg/knl
#Sean_Turnell
#Myanmar_Politics
Page 1707 of 2411