#Local_News
Published 1 February 2023

ရန်ကုန်တိုင်း‌ဒေသကြီး၊ မင်္ဂလာတောင်ညွန့်ယာမြို့နယ် ကန်ရိပ်သာလမ်း ဟော်ကီကွင်းအရှေ့လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ထား၍ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း ဆက်သွယ်လာသည့်အတွက် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁ရက် (ယနေ့) နံနက် ၆နာရီခွဲအချိန်တွင် ကန်ရိပ်သာလမ်း ဟော်ကီကွင်း အရှေ့လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ထား၍ သေဆုံးသူရှိကြောင်း ဆက်သွယ်လာကြောင်း သိရသည်။

 

"ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံးကျိုးကြေနေတာလေ။ ဘာမှအကောင်းမရှိဘူး။ အကုန်လုံးပွန်းပဲ့ပြီးတော့ အဝေးကြီးကနေ ဆွဲပါလာတာဆိုတော့လေ"ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ယင်းကဲ့သို့ ဆက်သွယ်လာ၍ မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ အသင့်ရောက်ရှိနေသော ဒီဃာယုကအသင်းရှမာရီအသင်း ရင်ဘတ်တူညီကိုများ ပရဟိတတို့နှင့် ပူးပေါင်းချိတ်ဆက်၍ မှတ်တမ်းရယူပြီး တောင်ညွန့်လူငယ်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သေဆုံးသူမိသားစုဝင်များနှင့် ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်းလည်း ယင်းအသင်းကသိရသည်။

ymg/mt
#Yangon_Media_Group