#Local_News
Published_ 1 February 2023

 

နေပြည်တော်စည်ပင်သာယာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းလိုက်ပြီဖြစ်ပြီး ဥပဒေအသစ်တွင် ငွေဒဏ်၊ ထောင်ဒဏ်ပြောင်းလဲမှုများရှိသလို ရရှိလာသည့်ဒဏ်ကြေးငွေများကို သက်ဆိုင်ရာဌာနအသီးသီးကို ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေအဖြစ်ပြန်လည်ပေးအပ်ရန်ဆိုသည့်အချက်လည်းပါဝင်လာကြောင်း သိရသည်၊၊

 

ယင်းဥပဒေကို ဇန်နဝါရီလ(၃၁)ရက်တွင်ထုတ်ပြန်ပြဌာန်းလိုက်ပြီး ဖြည့်စွက်စာသားများပြုပြင်ခြင်း အပြင်ယခင်ဒဏ်ကြေးငွေများထက်ပိုသည့် ငွေဒဏ်၊ ထောင်ဒဏ်များကို ပြဌာန်းလိုက်ခြင်းဖြစ်သည်၊၊

 

နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၄ တွင် ပါဝင်သောငွေဒဏ်နှစ်သိန်းအထက်မပိုသော စကားရပ်အစား ငွေဒဏ်ခုနှစ်သိန်းအထက်မပိုသော ငွေဒဏ်အဖြစ်လည်းကောင်း၊ ပုဒ်မ ၂၆ ပါ ထောင်ဒဏ်သုံးလထက် မပိုသောစကားရပ်အစားထောင်ဒဏ်ခြောက်လ အထက်မပိုသောထောင်ဒဏ်ဖြစ်စေဟုလည်းကောင်း ကျပ်တစ်သိန်းမပိုသောငွေဒဏ်အစား ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဟုလည်းကောင်း ပြင်ဆင်ထားခြင်းဖြစ်သည်၊၊

 

ဒီ့အပြင် ကော်မတီသည် ဤဥပဒေအရထုတ်ပြန်ထားသည့် နည်းဥပဒေ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူများကို တပ်ရိုက်သည့်ဒဏ်ကြေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးသို့ ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေချီးမြှင့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group