#LocalNews
Published_14 August 2022
ရှေးဟောင်းသမိုင်းဝင် ဒလသင်္ဘောကျင်းကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က သိရသည်။
"ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းကိုလုပ်တဲ့အခါ သင်္ဘောကျင်းမှာရှိတဲ့ အလုပ်ရုံတွေ ၊အဆောက်အအုံတွေကိုလည်း ပြုပြင်ရမှာဖြစ်ပါတယ်၊ ဒါကြောင့် စက်ပစ္စည်းနဲ့ စက်ယန္တရားတွေကိုဖြည့်ပြီးတော့ လုပ်ငန်းများလည်ပတ်နိုင်ရေးနဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်"ဟု အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
ဒလသင်္ဘောကျင်းသည် နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်ပြီး လက်ရှိတွင် သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ရန်၊သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောကျင်းအဆင့်မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_13 August 2022
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြိုနယ်၊ ယန်းခကျေးရွာမှာ သြဂုတ်လ (၁၃)ရက်ကတောင်ကျရေကြောင့် လူတစ်ဦးသေဆုံးပြီးတစ်ဦးပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးတွေဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 13 August 2022
သြဂုတ်လ ဒုတိယအပတ်ကစပြီး ပြန်လည်မြင့်တက်လာတဲ့ စက်သုံးဆီဈေးတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေတဲ့ ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_13 August 2022
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ငါးစားသုံးသူတွေ အဆင်ပြေစေဖို့ အခုနှစ်တစ်နှစ်တာပတ်လုံးမှာ ငါးအကောင်ရေသိန်း(၂၆၀)ကို သဘာဝရေပြင်အတွင်း လွှတ်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာနမှူး ဦးတင့်လွင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_13 August 2022
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်၊၊
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် သြဂုတ်လ(၁၃)ရက်မှသြဂုတ်လ(၁၅)ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်၊၊
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကာလှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃) ပေခန့် ရှိနိုင်သည်ဟုဆိုသည်၊၊
ဒီ့အပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခုဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားပြီးပိုမိုအားကောင်းလာနိုင်ကာ၊ နောက်(၂၄)နာရီအတွင်းမုန်တိုင်းငယ်(Depression) အဖြစ်သို ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်၊၊
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Health_Matters
Published - 13 August 2022
- တန်ဆေးလွန်ဘေး မဖြစ်ရအောင် အများပြည်သူတွေ ဘာတွေလိုက်နာသင့်ပါသလဲ??
#Yangon_Media_Group
#Local_News
Published - 13 August 2022
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အနေနဲ့ အခက်အခဲများစွာကို ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1722 of 2114