#Local_News
Published - 25 August 2022
အဆိုပါလစာခေါင်းစဉ်မှ ဝင်ငွေရရှိသူပြည်ပနိုင်ငံသားများအနေဖြင့် ယင်းငွေအားပြည်တွင်းသို့ လွှဲပြောင်း၍ ပြည်တွင်း၌ မော်တော်ယာဉ်များဝယ်ယူခြင်းနှင့် အခြေပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းတို့ဆောင်ရွက်ရာတွင် အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်း လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်ရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့် လိုင်စင်ရဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တစ်ဆင့်လွှဲပြောင်းကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပြည်ပတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသူများ အနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာငွေများနှင့်ပတ်သက်၍ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားခြင်းဖြစ်သည်။
အဆိုပါ လစာငွေများသည် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းလစာငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌ ကားဝယ်ယူခြင်း၊ အခြေခံပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရာ၌ အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်းလုပ်ငန်းစဉ်များအား စိစစ်ဆောင်ရွက်ရကြောင်း၊ ယင်းသို့ စိစစ်ရာ၌ ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့မှသာ တည်ဆဲအခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံ စားခွင့်များအား ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသည့် လစာငွေဖြင့် အခြေခံပစ္စည်းများဝယ်ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ပြည့်ပြည့်ဝဝရရှိနိုင်ရန် ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြရန် တိုက်တွန်းထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 25 August 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၄၈ဦး ယနေ့ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၄၈)ဦး ယနေ့ သြဂုတ်လ ၂၅ရက်မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိက ကြိုဆိုပြီး အလုပ်သမားတွေ သိရှိလိုက် နာသင့်သည့် အချက်များအား မှာကြားခဲ့ပြီး လိုအပ်တာများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၃ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၀)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၉)ဦးအပါအဝင် စုစုပေါင်း (၁၄၉)ဦး စေလွှတ်ခဲ့သည်။
ဩဂုတ်လ ၁၈ ရက်က တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၆၈ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီး ယခုဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၀၀၀ကျော်အား တရားဝင်ဝင်ခွင့်ပြုခဲ့သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published-25 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။
သြဂုတ် ၂၅ ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာကို ၂၄၉၀ ကျပ်၊ ၉၅ တစ်လီတာဈေး ၂၅၇၀ ကျပ်၊ ၉၇ တစ်လီတာ ၃၀၅၅ ကျပ်အထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။
ယင်းအပြင် သြဂုတ် ၂၄ ရက်နေ့တွင် ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၈၀ ကျပ်ဖြစ်ပြီး ယနေ့(သြဂုတ် ၂၅) တွင် တစ်လီတာလျှင် ၃၁၃၅ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး အုံနာခပင်မှန်မှန်မပေးနိုင်ကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published_25 August 2022
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်၊ နံနက်(၀၄)နာရီ၊ (၁၈)မိနစ်၊ (၀၇)စက္ကန့်အချိန်တွင်စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး အင်အားရစ်တာစကေး(၅.၂)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်၊၊
အဆိုပါ မြေငလျင်သည် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့ မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်သည်၊၊
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေပြီး မြေငလျင်ကြီးများ တစ်ကျော့ပြန်လှုပ်ခတ်နိုင်ခြေရှိ၍ သတိပြုနေထိုင်ကြဖို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲက တာဝန်ရှိသူများက သတိပေးပြောကြားထားကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 25 Aug 2022
ရန်ကုန်စတော့အိပ်ချိန်း၌ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့် လှစ်ထားသူ ဦးရေမှာ ၄၄,၈၀၉ ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ ဇူလိုင်လကုန်ရှိ ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ငွေကျပ် ၅၈၁ ဒသမ ၅၁၅ ဘီလီယံရှိကြောင်း သိရပါတယ်။
YSX ၌ စာရင်းဝင်ထားသောအများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ ၇ ခု၏ ရှယ်ယာများ ကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၆ ခုမှ တစ်ဆင့် ရောင်းဝယ်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကို နေပြည်တော်၌ ကျင်းပရာ ဝန်ကြီး ဦးဝင်းရှိန်က အရင်းအနှီးဈေးကွက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသည့် မောင်းနှင်အားတစ်ခု ဖြစ်၍ နိုင်ငံအသီးသီးက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများအား နေ့စဉ် ရောင်း/ဝယ်လျက်ရှိကြောင်း သိရပါတယ်။
တစ်ဖက်တွင်လည်း ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယဈေးကွက် (Secondary Market) ကို ထူထောင်ဆောင်ရွက်ခဲ့ရာ ယင်းဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရင်းနှီးမြှုပ်နှံလျက်ရှိသော်လည်း နိုင်ငံ၏အရင်းအနှီးဈေးကွက်တွင် ပါဝင်ရင်းနှီး မြှုပ်နှံသူနှင့် အရင်းအနှီးစုဆောင်းသူများမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးတယ်လို့ ဝန်ကြီးက ပြောပါတယ်။
စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် အကြိုဈေးကွက် (Pre Listing Board – PLB) ကို ဒုတိယဈေးကွက်အဖြစ် ထူထောင်ခွင့်ပြုထားပြီးဖြစ်ရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လက်ရှိစာရင်းဝင်စံသတ်မှတ်ချက်များကိုလျှော့ချပြီး အနည်းဆုံးလိုအပ်ချက်များဖြင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။
စာရင်းဝင်အကြိုဈေးကွက်မှတဆင့် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published-24 August 2022
မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ ရန်ကုန်မြို့တွင်းမှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 24 August 2022
ရွှေအသင်းက ရွှေဈေးနှုန်း သတ်မှတ်မှု တွေလုပ်ဆောင်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ ပြင်ပရွှေပေါက်ဈေးနှင့် (၇) သိန်းနီးပါး ကွာဟနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1695 of 2111