#Local_News
Published_ 16 November 2022
ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနာလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းကို နိုဝင်ဘာ ၁၅ ရက်မွန်းလွဲ ပိုင်းတွင် သက်ဆိုင်ရာ အဆောက်အဦများ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ၂၀၁၅ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၁) ခုတွင် နှစ်တစ်ရာ သက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၂၀၈ လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် အမိန့်ကြော်ငြာ စာထုတ်ပြန် သတ်မှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်တဲ့ အမျိုးသားစာကြည့်တိုက်သည် ၁၉၀၈ ခုနှစ်က ဗြိတိသျှရေနံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘီအိုစီကုမ္ပဏီ၏ ရုံးစိုက်ရာ အဆောက်အအုံဖြစ်ခဲ့၍ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာ့ရေနံ့နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆောင်ရွက်ရာ ရုံးဌာနတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမျိုးသားစာကြည့်တိုက်အဖြစ် ဖွင့်လှစ်လျက်ရှိပါတယ်။
ရှေးဟောင်းအဆောက်အအုံ စာရင်းဝင်ဖြစ်တဲ့ အကောက်ခွန်ရုံးသည် ယခင် ၁၈၅၃ ခုနှစ်က တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံနေရာတွင် ယခုမြင်တွေ့နေရသည့် အဆောက်အဦကို ၁၉၁၃ ခုနှစ်မှ စတင်ဆောက်လုပ်ပြီးကာ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ မျက်နှာစာ ဖက်တွင် နာရီစင်ပါရှိသည့် မျှော်စင်အဆောင်နှင့် အလင်းနှင့် လေဝင်လေထွက် ကောင်းစေရန်လည်း ထည့်သွင်းတည်ဆောက်ထားကြောင်း တွေ့ရှိရပါတယ်။
ဝန်ကြီးများရုံးဖြစ်သည့် အတွင်းဝန်ရုံးသည် ရှေးယခင်က မြင်းခင်းသဘင်ကျင်းပ ခဲ့သည့် နေရာဖြစ်ခဲ့ပြီး ယခု အဆောက်အအုံကို ၁၈၈၉ ခုနှစ်မှ စတင်ကာ ၁၉၀၅ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်ကြီးများ နိုင်ငံ့အရေး ဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်နေရာလည်း ဖြစ်သည့်အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မြန်မာတို့၏ လွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေငြာခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှေးဟောင်းအဆောက် အအုံပေါင်း (၁၂၄) လုံးကိုသတ်မှတ်ခဲ့ပြီး ဖြစ်ကာ ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းပဒေ များဖြင့် ကာကွယ်စောင့်ရှောက်သည့်အပြင် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းလက်ရာများ မပျောက်မပျက်စေရေးနှင့် အဆိုပါ ရှေးဟောင်းအဆောက်အအုံများသည် ရှေးဟောင်း အဆောက်အအုံများဖြစ်ကြောင်း ထင်ရှားသိသာစေရန် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရပါတယ်။



#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 15 november 2022
ASEAN အလှည့်ကျ ဥက္ကဌသစ် အနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က မျှော်လင့်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 November 2022
မြန်မာအပါအဝင် ကမ္ဘာ့ကလေးငယ်တွေဟာ မသန့်ရှင်းတဲ့ရေ၊ အိမ်သာနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး ချို့တဲ့မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရပြီး နေ့စဉ်ကလေးပေါင်း(၈၀၀)ကျော်အသက်ဆုံးရှုံးနေရတယ်လို့ Water Aid Myanmarရဲ့ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News
Published _ 15 November 2022
ပြည်တွင်းမှာရှိတဲ့ ထောပတ်ခြံတော်တော်များများတွင် ဒေသမျိုးရင်းထောပတ်သီးများထက် အရည်အသွေး၊ အရသာပိုကောင်းမွန်တဲ့ Hass ထောပတ်သီးတွေကို စိုက်ပျိုးမှုပိုများလာတယ်လို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_15 November 2022
ယခု ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အထိ ခုနှစ်လကျော် ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် ကန်ဒေါ်လာ ၂၃၆ သန်းကျော် ပိုမိုရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 15 November 2022
၁။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိ၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၂၃၆ သန်းကျော်ပိုမိုရရှိခဲ့
၂။ ပြည်တွင်းထောပတ်ခြံများ၌ ဒေသမျိုးရင်းထောပတ်သီးများထက် Hass ထောပတ်သီးစိုက်ပျိုးမှု ပိုမိုများပြားလာ
၃။ အိမ်သာနှင့်ရေမသန့်ရှင်း၍ တစ်ရက်ကိုကလေးငယ် (၈၀၀)ကျော်သေဆုံးနေ
၄။ အမေဇုန်ကုမ္ပဏီကြီးတွင် လူသားများနေရာ၌စက်ရုပ်များဖြင့် အစားထိုးတော့မည်လား? ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 november 2022
ရထားလက်မှတ်ကို အွန်လိုင်းက ဝယ်ယူနိုင်ဖို့ မြန်မာ့မီးရထားအနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1698 of 2288