#Local_News
Published _6 October 20222
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အိမ်အမှတ် အ၁ /၆၄ ၊ ၇၂ လမ်း၊၁၁၈လမ်းနှင့် ၁၁၈ A လမ်းအကြားရှိ နေအိမ်ဆေးဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၆ ရက်နံနက် ၅ နာရီခန့်က အနုကြမ်းစီးကာ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားသည့်အမျိုးသားတစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
အနုကြမ်းစီးသူက ဆေးဝယ်လို၍ တံခါးဖွင့်ပေးရန်ပြောဆိုသည့် အတွက် တံခါးဖွင့်ပေးစဉ်တွင် အဆိုပါ အမျိုးသမီးနှစ်ဦးကိုသတ်၍ နေအိမ်ရှိပစ္စည်းနှင့်ငွေများကို ယူဆောင်သွားကြောင်း၊ လူသတ်၍ အနုကြမ်းစီးသွားသူများကို မှတ်တမ်းများဖြင့် လိုက်လံရှာဖွေဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်း၊ ၁၁၈လမ်းနှင့် ၁၁၉လမ်းကြားတွင် အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးအပါအဝင် သုံးဦးအတူ နေထိုင်၍ အိမ်ရှေ့တွင် ဆေးအရောင်းဆိုင် ဖွင့်လှစ်ထားရှိသည့် နေအိမ်ဖြစ်ကြောင်း၊ သမီးအငယ်နှင့်မိခင်ဖြစ်သူ နှစ်ဦးသာရှိနေချိန်တွင် လူသတ်ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူများမှာ သားအမိနှစ်ဦးဖြစ်ပြီး သမီးမှာ အသက်နှစ်ဆယ်ခန့်အရွယ်၊ မိခင်မှာအသက်ခြောက်ဆယ်ခန့်အရွယ်တို့ ဖြစ်ကြောင်း ၊အဆိုပါနေအိမ်၌ သားအမိ သုံးဦးနေထိုင်ကြခြင်းဖြစ်ပြီး နောက်ထပ် သမီးတစ်ဦးမှာ အခင်းဖြစ်ပွားစဉ်တွင် နေအိမ်၌ ရှိမနေခဲ့ကြောင်းလည်း သိရသည်။



#ymg/mt
#Yangon_Media_Group
#Local_News
Published _6 October 20222
မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota ကို ထောင်ခုနစ်နှစ်ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကိုရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ နှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးပုဒ်မ ၃၃(က)အရ နှစ်မှုပေါင်းပြီး တစ်ပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းဖြစ်ကြောင်း၊ လဝက ၁၃(၁)အတွက် တရားရုံးစစ်ဆေး ဆဲဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
သြဂုတ် ၁၆ ရက်က ယင်း အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ခဲ့သေးသည်။
မစ္စတာ Toru Kubota ဆိုသူမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published _ 6 October 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၂၄ ဦးဟာ ယနေ့ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ် Re-entry လုပ်သား ၁၁၀ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သား ၁၄ ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိမှ ကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့်အချက်များအား မှာကြားခဲ့ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၉၇၈ ဦးတို့ကို တရားဝင်ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်၊၊
#ymg/NN
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ ရေးမြို့နယ် ကမ်းခြေတစ်ခုမှာ အကြီးဆုံးငါးမန်းမျိုးနွယ် ဝေလငါးမန်းတစ်ကောင်ကို အောက်တိုဘာလ ၄ ရက်မှာ ဒေသခံတွေက တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 5 Oct 2022
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန် တစ်ခုလုံးအား ခြုံငုံမြင်တွေ့ လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခုကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောက်လုပ်နိုင်ရန် နစက ဥက္ကဋ္ဌက တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌဟာ အောက်တိုဘာ ၅ ရက်က သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်စဉ် တာဝန်ရှိ သူတွေကို အဲဒီအချက်ကို မှာကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ရှေးဟောင်းယဉ်ကျေးမှုနေရာတွေကို Protection Area အဖြစ် ကာရံပေးနိုင်ဖို့နှင့် ယဉ်ကျေးမှု နယ်မြေကို မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်ဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိတဲ့ သီရိခေတ္တရာပြတိုက်ကို ဒစ်ဂျစ်တယ်ပြတိုက်အဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ဖို့လည်း အကြံပြုမှာကြားခဲ့တယ်လို့ သိရှိရပါတယ်။
“ ပြတိုက်အတွင်းခင်းကျင်းပြသထားတဲ့ ဓာတ်ပုံတွေနှင့် ခုနှစ်သက္ကရာဇ်တွေ၊တူးဖော်ရရှိတဲ့ နေရာတွေကို အလွယ်တကူလေ့လာ သိရှိဖို့ ရှင်းလင်းစွာစာတန်းထိုးထားဖို့ လိုအပ်ပါတယ်။ပျူစာဖြင့်ရေးထိုးထားတဲ့ကျောက်စာတွေကို သမိုင်းပညာရှင်များဖြင့် ဘာသာ ပြန်ဆိုပြီး အများပြည်သူ လေ့လာနိုင်ရေးထားရှိဖို့၊ရှေးခေတ်လက်ရာ ဒင်္ဂါးပြား များ၊ လက်ဝတ်ရတနာများကို အနီးကပ်ကြည့်ရှု လေ့လာနိုင်ရေးအတွက်လည်း ခေတ်မီနည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားဖို့နှင့် ပြတိုက်ကို Digital Museum အဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ပေးဖို့” ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ ဗီဇကာပတ်တနန်မြို့တွင်လည်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ နေရာ တစ်ခုရှိပြီး ၎င်းတို့ တူးဖော်ရရှိထားသည့် အဆောက်အဦများ၊ စေတီပုထိုးများ၊ ရှေးဟောင်း ပစ္စည်းတွေဟာ မြန်မာနိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း များတွင် တူးဖော်ရရှိထားသည့် လက်ရာများနှင့် များစွာ တူညီမှုရှိနေတဲ့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သွားရောက်လေ့လာပြီး သမိုင်းကြောင်းတွေ့ရှိမှု များကို သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ရာဇကုမာရ်ကျောက်စာတွင် ဗမာ စာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆိုရေးထိုးထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာ တို့၏ စပ်ဆက်မှုများ၊ ပျူ တို့၏ ယဉ်ကျေးမှု များကို သုတေသနပြု ဖော်ထုတ်ရန်လိုကြောင်းကိုပါ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သရေခေတ္တရာမြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်း များအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး သရေခေတ္တရာဟူသော အမည်သည် “ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့”ဟု အဓိပ္ပါယ်ရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင် တည် ရှိပြီး သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်း ပုံသဏ္ဍာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာ ရှိပါတယ်။ မြို့ဟောင်းအတွင်း မှော်ဇာ ရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာ ပါဝင်ကြောင်း၊ ဒေသရာဇဝင်များအဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော် သက္ကရာဇ်(၁၀၁)ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ၇ ဦးတို့သည် မြတ်စွာ ဘုရား ဗျာဒိတ်တော်ရှိသည်နှင့်အညီ မြို့ကို တည်အံ့သော အကြောင်းကို စုရုံးတိုင်ပင် ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင် နဂါးကိုစက်ကြိုးပြု၍ပတ်စေခဲ့ပါတယ်။ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာ မြို့တော်၏ ပမာဏအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင် မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ ပါတယ်။
သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုး ကဲ့သို့သော အဆောက်အဦ အကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန်အထိ လူနေထိုင်ဆဲမြို့ပြ တစ်ခု ဖြစ်ပါတယ်။၊ မြို့ဟောင်း တူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်း များကို ၁၉၀၇ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Source: MNA
#SG_Min_Aung_Hlaing
#Myanmar_Culture
#Myanmar_Heritage


#Local_News
Published-5 October 2022
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာတယ်လို့ စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ဈေးနှုန်းအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 October 2022
ရွှေတိဂုံစေတီတော်ကြီးကို ပြည်ပခရီးသွားတွေနေ့စဉ် ဝင်ရောက်လာပြီဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1699 of 2207