Published 18 Nov 2022
ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူဟာ မြန်မာနိုင်ငံကို လာမယ့် အပတ်တွေထဲ တတိယအကြိမ်လာရောက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုသွားရောက်ခြင်းဟာ မြန်မာနိုင်ငံကို ပုံမှန်အနေအထားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
ယနေ့ နိုဝင်ဘာ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မြန်မာနစကရဲ့ အကျဉ်းသားတွေလွှတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆော့ခွန်ကပြောကြောင်းသိရပါတယ်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေးလိုက်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ လက်ရှိအကျပ်အတည်းတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှာဖွေဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားတဲ့ ကောင်းမွန်တဲ့စိတ်ထားတစ်ခုဖြစ်တယ်လို့ သူက ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ယခု အကျဉ်းသား အမြောက်အမြားလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုစတင်ဖို့အတွက် ထောက်ကူပေးမယ့် ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ပြမူမှုတစ်ခုလို့ အထူးသံတမန်က မှတ်ယူပါတယ်”
“ဒါဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆက်လက်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ပြူမူမှုတစ်ခုနှင့် ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အနှစ်သာရနှင့်ကိုက်ညီတဲ့ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ သတိထားမိစရာ လူပုဂ္ဂိုလ်အချို့လွတ်မြောက်လာတာကို အမည်နှင့်တကွဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ကိုမြအေးတို့အမည်တွေပါဝင်ပါတယ်။
လွှတ်ပေးတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရသူ ဦးမျိုးညွန့်၊ အလုပ်အမှုဆောင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ ဦးမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းနှင့် သူ့ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တိုရူကူဘိုတာ၊နှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ပါဝင်ကြပါတယ်။
“ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်(၅)ချက်၏ ဦးစားပေးလုပ်ငန်း(၃)ခုရရှိနိုင်စေရေးအတွက် ပိုပြီးတိုးတက်ဖြစ်ထွန်းမှုများရှိလာမည်ဟုယုံကြည်ပါသည်” လို့လည်း ဆော့ခွန်ကပြောပါတယ်။
Source: Phnom Penh Post
#ASEAN_Special_Envoy
#Prak_Sokhonn
#Myanmar_ASEAN
#Local_News
Published _ 18 November 2022
လတ်တလောမှာ မီးစက်သုံးဖို့လိုအပ်ချက်တွေရှိနေကြပေမယ့်လည်း မရှိမဖြစ်လိုတဲ့ သူတွေပဲဝယ်ယူနိုင်တဲ့အတွက် မီးစက်ဈေးကွက်သိသိသာသာရောင်း အားတက်လာတာမရှိသေးဘူးလို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 18 November 2022
ပြည်တွင်းသကြားလက်ကျန် များပြားနေတဲ့အတွက် ကြံရာသီစချိန်မှာ သကြားဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 November 2022
၁။ ပြည်တွင်းသကြားလက်ကျန်များနေ၍ ကြံရာသီစတင်ချိန် သကြားဈေးကျဆင်းနိုင်
၂။ မရှိမဖြစ်လိုသူများသာဝယ်ယူနိုင်သဖြင့် မီးစက်ဈေးကွက်အနည်းငယ်သာတက်
၃။ ဒီဇင်ဘာလတွင် မိုင်းများမှ ပစ္စည်းအသစ်များထွက်မည်ဖြစ်သည့်အတွက် ရွှေပြတ်လပ်မှုမရှိဟုဆို
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲမှတဆင့် ကာတာတို့၏ ရိုးရာအမဲလိုက်ငှက်အားကစားထွန်းကားစေရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 November 2022
၁။ ပြည်တွင်းသကြားလက်ကျန်များနေ၍ ကြံရာသီစတင်ချိန် သကြားဈေးကျဆင်းနိုင်
၂။ မရှိမဖြစ်လိုသူများသာဝယ်ယူနိုင်သဖြင့် မီးစက်ဈေးကွက်အနည်းငယ်သာတက်
၃။ ဒီဇင်ဘာလတွင် မိုင်းများမှ ပစ္စည်းအသစ်များထွက်မည်ဖြစ်သည့်အတွက် ရွှေပြတ်လပ်မှုမရှိဟုဆို
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲမှတဆင့် ကာတာတို့၏ ရိုးရာအမဲလိုက်ငှက်အားကစားထွန်းကားစေရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြည်ပကို ပဲတန်ချိန် ၉ သိန်း ၃ သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၃၆ ဒသမ ၂၀ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 18 november 2022
ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mart အနီး ဆေးလိပ် အစားထိုးသုံးစက်ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ယနေ့ နိုဝင်ဘာလ ၁၈ရက် နံနက်ပိုင်းက အုပ်စုဖွဲ့၍ ဖောက်ထွင်းမှုကို ခံခဲ့ရကြောင်း သိရသည်။
ယနေ့ နံနက် ၃ နာရီ ၅၃ မိနစ်ခန့်က House Of Flavors အမည်ရှိ အဆိုပါဆိုင်ကို လူ ၆ ဦးက ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါဆိုင်တွင် ညအိပ်စောင့်သော ဝန်ထမ်းတစ်ဦးအား အိပ်ငွေ့ချကာ ဖောက်ထွင်းဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ဆိုင်မှတန်ဖိုးကြီးသည့် ပစ္စည်းများကို သယ်ဆောင်သွားကြကြောင်းနှင့် လူကိုမူ အန္တရာယ်မပေးခဲ့ကြောင်း သိရှိရသည်။
ကျူးလွန်သူများမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဆိုင်နောက်ဖေးမှန် တံခါးရှိ သံပန်းကို ဖျက်ဆီးကာ ဆိုင်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ ကာလတန်ဖိုး သိန်း (၇၀) ကျော်ကို ယူဆောင်သွားခဲ့ကြောင်း အဆိုပါ ဖောက်ထွင်းခံရသည့် လုပ်ငန်းလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် ဖောက်ထွင်းခံရမှုကြောင့်ပုဇွန်တောင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group

Page 1691 of 2288