#Health_Matters
Published - 27 August 2022
- အိုမီခရွန်ဗီဇပြောင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့အန္တရာယ် ဘယ်လောက်ကြီးသလဲ??
#Yangon_Media_Group
#DailyNews
Published - 27 August 2022
၁။ စစ်ကိုင်းတိုင်းရှိ မိဘမဲ့ကလေးငယ်နှင့် ဘိုးဘွားများအတွက် အလှူရှင်များလိုအပ်နေ
၂။ တရုတ် ဝမ်တိန်ဘက်ခြမ်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်
၃။ အခေါက်ရွှေ ၂၈ သိန်းခွဲအထိရှိလာပြီး ဒေါ်လာဈေး ၃၀၀၀ ကျော်အထိရှိနေ
၄။ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမီးရထားများအား ဂျာမနီမှစတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 27 August 2022
-အိုမီခရွန်ဗီဇပြောင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့အန္တရာယ် ဘယ်လောက်ကြီးသလဲ???
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
- "ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
- သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 27 August 2022
ပြည်တွင်း၌ နိုင်ငံခြားဆေးဝါးမျိုးစုံများ၏ဈေးနှုန်းမှာ ထက်ဝက်ကျော်ခန့် မြင့်တက်လာကြောင်း ဆေးဝါးရောင်းဝယ်သူများနှင့် ဝယ်ယူသူများထံမှ သိရသည်။
နိုင်ငံခြားဆေးဝါးမျိုးစုံ၏ဈေးနှုန်းများသည် ပြီးခဲ့သည့် ဇူလိုင်လတွင် ၁၅ရာခိုင်နှုန်းလောက်သာ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
"ဆေးရဲ့ဈေးနှုန်းက တဖြည်းဖြည်းမြင့်လာတယ်။ ကိုယ်ကဆေးစွဲသောက်ရတယ့်သူဆိုတော့ ဆေးတွေဝယ်မရမှာစိုးလို့ နှစ်ပတ်စာလောက်ကြိုဝယ်ရတယ်။ နောက်တစ်ခေါက်သွားထပ်ဝယ်ရင် ဈေးကတမျိုးပြန်ဖြစ်သွားတယ်။ ဈေးမကျပဲ တတ်တတ်လာတာ"ဟု ဆေးဝါးဝယ်ယူသူ တစ်ဦးကပြောသည်။
နိုင်ငံခြားဆေးဝါးဈေးကွက်အတွင်း ဈေးမြင့်တက်မှုအပြင်အချို့ဆေးဝါးများဝယ်မရခြင်း၊ ဆေးပြတ်လပ်မှုများရှိနေကြောင်း၊ နေ့စဉ်ဈေးမြင့်တက်မှုကြောင့် လက်လီဆေးဝါးအရောင်းဆိုင်များအနေဖြင့် ရောင်းရှုံးဖြစ်လာပြီး အရင်းထဲကပါနေကြောင်း သိရသည်။
ယင်းအပြင် ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေ၊ နိုင်ငံခြားငွေဈေးမြင့်တက်လာမှုစသည့်အခြေအနေများကြောင့် နိုင်ငံခြားဆေးဝါးမျိုးစုံ ဈေးဆက်လက်မြင့်တက်ဖို့ရှိနေကြောင်း ဆေးဝါးရောင်းသူများက သုံးသပ်ပြောဆိုထားသည်။
ယင်းအပြင် ဆေးဝါးကုမ္ပဏီများ၊ လက်ကားဖြန့်ဖြူးရေးဆိုင်များ၊ လက်လီဆိုင်များအနေဖြင့် ဈေးကွက်ထဲတွင် အရောင်းပိတ်စရာမလိုဘဲ ပုံမှန်အတိုင်းဆက်လက်ရောင်းချကြရန်လည်း မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များအသင်းက တိုက်တွန်းထားသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published - 27 August 2022
ဆန်စပါးထွက်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၃,၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ မှ ၇,၃၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေပြီး ရွှေသွယ်တစ်အိတ်လျှင် ကျပ် ၅၂,၀၀၀ ဝန်းကျင်၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဆန်ဆိုင်တချို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၉၆,၀၀၀ကျပ်ဖြင့် စျေးအမြင့်ဆုံးဖြစ်နေကြောင်း ဆန်ရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။
ဆန်ဈေးအပြင် အခြေခံစားသောက်ကုန်များပါ ဈေနှုန်းမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းနေ ကြောင်းလည်း သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published _ 27 August 2022
ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်မှုကြောင့် အဝေးပြေးကားတချို့ပြေးဆွဲမှုရပ်ထားရပြီး ယာဉ်လုပ်သားတွေ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။
စက်သုံးဆီဈေးနူန်းဟာ ယခုလဆန်းပိုင်းမှစ၍ တရှိန်ထိုးမြင့်တက်လာသောကြောင့် အဝေးပြေးကားများ ယခင်ကထက်အစီးရေ လျှော့ချ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း သိရသည်။
"အခုနောက်ပိုင်း ရပ်ထားရတဲ့ ရက်တွေများတယ်။ ခေါက်ရေစားနဲ့ လုပ်နေရတာဆိုတော့ မထွက်ဘဲရပ်ထားရရင် ဒရိုင်ဘာရော၊ စပယ်ယာပါ ဝင်ငွေမရှိတော့ဘူး"လို့ အဝေးပြေးယာဉ်မောင်းတစ်ဦးက ဆိုသည်။
လက်ရှိဆီဈေးနှင့် ကားပြေးဆွဲလျင် ရရှိငွေ မမျှသောကြောင့် ကားများကို ခေါက်ရေခြားပြီး ပြေးဆွဲနေရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ဆိုထားသည်။
"ခရီးသည်ရတဲ့အပေါ်မူတည်ပြီး တစ်ရက်ခြား၊ နှစ်ရက်ခြား ထွက်နေရတယ်။ အရင်လို ခေါက်ရေစိပ် မဆွဲနိုင်ဘူး။ စိုက်သုံးနေရတာကြာတော့ ပိုင်ရှင်တွေလည်း မခံနိုင်တော့ဘူး"လို့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။
ဒီဇယ်ဆီဈေးဟာ တစ်လီတာကို ၃,၂၀၀ကျပ် အထက်ရောက်ရှိနေပြီး တစ်လအတွင်း ၁,၀၀၀ ကျော်တက်သွားသော်လည်း ပြန်လည်ရရှိငွေအနေဖြင့် တက်လာခြင်းမရှိကြောင်း သိရသည်။
အဝေးပြေးကားတစ်စီးကို ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက် အနည်းဆုံးတစ်ဦးနှင့်ပြေးဆွဲနေကြခြင်း ဖြစ်သည်။
ယခုရက်များမှာ ရန်ကုန်မြို့မှ တစ်ရက်ကို ကားစီးရေ ၅၀၀ ကျော် ပြေးဆွဲနိုင်ပြီး ယခင်ထက် အစီးရေ ၁၀၀ လောက်လျော့သွားကြောင်း မှတ်တမ်းများအရ သိရသည်။
အဝေးပြေးကားပြေးဆွဲသည့် အစီးရေ လျော့သွားသောကြောင့် ယာဉ်လုပ်သား ၃၀၀ထက်မနည်း ဝင်ငွေမရှိသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
#ymg/NN
#Yangon _ Media_ Group
Page 1688 of 2110