#LocalNews
Published_ 22 January 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင် ၃၀ ကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။
ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် HINO RANGER အမျိုးစား(အဖြူ-အစိမ်းရောင်)ယာဉ် မှာ အဆိုပါမိုင်တိုင်အရောက်တွင် လက်ယာဘက်နောက်ဘီးပေါက်သွားသဖြင့် အရှိန်လျှော့လိုက်စဉ် လားရာတူနောက်မှ မောင်းနှင်လာသည့် TOYOTA SUCCEED အမျိုးစား (အနက်ရောင်)ယာဉ် က HINO RANGER ယာဉ်၏ နောက် လက်ဝဲဘက်သို့ဝင်ရောက်တိုက်မိပြီး လည်ထွက်သွားကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အလောင်းကို ဒီတိုင်းတောင်ထုတ်မရဘူး။ cutter နဲ့ ဖြတ်ရတယ်၊ တစ်ယောက်က ရုပ်ပါ ပျက်သွားတယ်၊ပဲခူး ရွှေကျင်က လို့ သိရတယ်"ဟု အခင်းဖြစ်စဉ်ကို သိရှိသူကပြောသည်။
ယာဉ်တိုက်မှုကြောင့်(TOYOTA SUCCEED)ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်ရာနေရာ၌ ပင် သေဆုံးခဲ့ကြောင်း၊ သေးဆုံးသူများ၏ ရုပ်အလောင်းကို စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
ymg/mt
#Yangon_Media_Group




#LocalNews
Published_ 22 January 2023
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ၉ ရုံးတို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်း နစက ဆန့်ကျင်လက်နက်ကိုင် အဖွဲ့တစ်ခုက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှု အပါအဝင် အထက်ပါအတိုင်း ရုံး ၉ ရုံး ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ် မတိုင်မီက ဖျက်ဆီးခံထားရသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများမှာ ချင်းပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၊ချင်းပြည်နယ်ကန်ပက်လက် မြို့နယ်ဦးစီးမှူးရုံး၊ ချင်းပြည်နယ်တီးတိန်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်းနေအိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ် ဦးစီးမှူးရုံး၊မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ဦးစီးမှူးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်ဦးစီးမှူးရုံး၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group








#TV Yangon Times Matters အစီအစဉ်
Published - 22 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင် ရင်ခုန်သံမောင်အေးထွန်းနှင့်အတူ
-"တေးရေးကိုကြည်တိုးရဲ့ သီချင်းအများကြီးထဲမှာမှ "ရင်ခုန်သံ"ဆိုတဲ့ သီချင်းကိုဘာမှန်းမသိဘဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
-"ရှောင်လေဝေးဝေးမူးယစ်ဆေး"ပညာပေးသီချင်းကို ကျွန်တော်ဆိုတာမှန်း အခုထိ မသိကြသေးတာရှိကြောင်း
-ကိုယ့်ကိုယ်ကို အဆိုတော်လို့မသတ်မှတ်ဘဲ တေးသံရှင်လို့ပဲ ခံယူထားတာဖြစ်ပြီး သီချင်းတွေဆိုနိုင်နေသေးသရွေ့ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖြစ်နေဦးမှာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘာအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင်တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)ကို ပူးပေါင်းလုပ်ကိုင်နိုင်မည့် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ စက်မှုဝန်ကြီးဌာန ၊အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း လက်အောက်တွင်ရှိပြီး အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership -PPP) ပုံစံဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊စိတ်ဝင်စားသူများအနေဖြင့်နေပြည်တော် ၊ရုံးအမှတ် ၄၁ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထားကာ စိတ်ဝင်စားမှုအဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း သိရသည်။
၎င်းစက်ရုံကို Czech နည်းပညာဖြင့် တည်ဆောက်ကာ ၁၉၈၅ ခုနှစ်တွင် ကျွတ်တပ်ဆင်အသုံးပြုရသည့် Bias Tyre များ စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါတာယာစက်ရုံတွင် တာယာနှင့် ရာဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(Public Private Partnership - PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းဆိုပြုလွှာ (Expression of Interest- EoI) ခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 January 2023
စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ်နဲ့ ပြန်လည်မြင့်တက်လာတာကို စက်သုံးဆီအရောင်းဆိုင်တွေက ဖော်ပြထားတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 22 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင် ရင်ခုန်သံမောင်အေးထွန်းနှင့်အတူ
-"တေးရေးကိုကြည်တိုးရဲ့ သီချင်းအများကြီးထဲမှာမှ "ရင်ခုန်သံ"ဆိုတဲ့ သီချင်းကိုဘာမှန်းမသိဘဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
-"ရှောင်လေဝေးဝေးမူးယစ်ဆေး"ပညာပေးသီချင်းကို ကျွန်တော်ဆိုတာမှန်း အခုထိ မသိကြသေးတာရှိကြောင်း
-ကိုယ့်ကိုယ်ကို အဆိုတော်လို့မသတ်မှတ်ဘဲ တေးသံရှင်လို့ပဲ ခံယူထားတာဖြစ်ပြီး သီချင်းတွေဆိုနိုင်နေသေးသရွေ့ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖြစ်နေဦးမှာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
ထိုင်းနိုင်ငံ၊ စမုဆွန်ခရမ်ခရိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က ဆီတင်သင်္ဘောပေါက်ကွဲစဉ် သေဆုံးသွားသည့် မြန်မာလုပ်သား ၇ ဦး အတွက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူမိသားစုဝင်များအား နစ်နာကြေးပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိရုံးက သိရသည်။
အဆိုပါ Soosh Sea C22 ဆီတင်သင်္ဘောမှာ စမုဆွန်ခရမ်ခရိုင်၊ မဲခေါင်မြစ်ခွဲ၌ ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူတစ်ဦးချင်းအတွက် နာရေးပြုလုပ်ခ ဘတ် ၅၀,၀၀၀၊ အလုပ်ခွင်အတွင်း သေဆုံးမှုကြောင့် လျော်ကြေး ဘတ် ၇၇၀,၉၅၂ ပေးအပ်ခဲ့ကာ သက်ကြီးပင်စင်ကြေးကိုတော့ သေဆုံးသူများ၏ သူသက်တမ်းအလိုက် ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
လူမှုဖူလုံရေးဌာနအနေဖြင့် ဆေးကုသမှုကျသင့်ငွေကို ဝန်ကြီးဌာန ဥပဒေသတ်မှတ်ချက်အတိုင်း ပြန်ပေးမည်ဖြစ်ပြီး ဆရာဝန်က ဆေးရုံအတွင်း ကုသမှုခံယူမှုကို ရပ်နားရန် ညွှန်ကြားခဲ့ပါက တစ်နှစ်မကျော်သည့် ယခင်ရရှိသည့် လုပ်ခလစာထဲမှ ၇၀ ရာခိုင်နှုန်း လုပ်အားခကိုရရှိမည် ဖြစ်ကြောင်း၊ ကိုယ်အင်္ဂါဆုံးရှုံးခဲ့ပါက ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာဥပဒေအရ ၁၀ နှစ်ကာလအတွင်း နစ်နာမှုထောက်ပံ့ကြေး ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ-MGR
ymg/mt
#Yangon_Media_Group


Page 1683 of 2411