#Local_News
Published_22 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင်လောက်အကွာက နဘူးလယ်ဒေသမှာ အကောင်အထည်ဖော်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အထောက်အကူပြုဖို့နဲ့ ပြည်တွင်း ရထားလမ်းကွန်ရက်နဲ့လည်းချိတ်ဆက်နိုင်ဖို ရေး- ထားဝယ် - မြိတ် ကမ်းခြေရထားပတ်လမ်းကို ဖောက်လုပ်မယ်လို့ မြန်မာ့ မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 November 2022
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်း International Schoolတွေမှာအောင်မြင်ခဲ့သူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်တွေမှာ တက်ရောက်ဖို့အခက်ကြုံနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_22 November 2022
ယခုရက်ပိုင်းထဲမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အရောင်းအဝယ်အေးနေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တစ်ဦးဖြစ်သူ ဦးသန်းစိုးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 22 November 2022
လာမယ့်ဒီဇင်ဘာလ ကြံရာသီစတင်ချိန်တွင် တရုတ်ကိုတင်ပို့မယ့် ကြံတစ်တန်ကို ယွမ် ၃၈၀ အထိ ဈေးရနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 22 November 2022
၁။ တရုတ်ကိုတင်ပို့မယ့် ကြံတစ်တန်ကို ယွမ် ၃၈၀ ထိ ပေါက်ဈေးရှိနေ
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ်အေးနေ
၃။ ပြည်တွင်းနိုင်ငံတကာကျောင်းများမှ အောင်မြင်ခဲ့သူအချို့ တက္ကသိုလ်တက်ရန်အခက်ကြုံနေ
၄။ ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံနေရသည့်အတွက် ရေကြီးမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ဆန်စပါးမျိုးကွဲအသစ်အား ထိုင်းနိုင်ငံတွင်တီထွင်ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _22 November 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွေးမြူရေးငါးတွေ တင်ပို့ရာမှာ စစ်တွေမြို့နယ်၊ ဘူးသီးတောင်မောင်တော နယ်စပ်ကနေ တင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ နယ်စပ်တွင် ထိတွေ့တိုက်ပွဲ တချို့ဖြစ်နေတာကြောင့် လမ်းကြောင်းအခြေအနေ ငြိမ်သက်မှုမရှိဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_22 November 2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရေပူအုပ်ကျေးရွာအုပ်စု၊ အုန်းကိုင်းရွာသစ်ရှိ ကျောက်တွင်းဟောင်း မြေတွင်း(မျှောပျက်) အတွင်း မျှောတိုက်နေသော အမျိုးသားတစ်ဦးအား ကျောက်တုံးပိ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့နိုဝင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့နယ်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ယခုအခါ ကျောက်တုံးပိမိသူအား မြတ်စေတနာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1682 of 2288