#Local_News
Published _ 20 September 2022
ဒီဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၃၂ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 September 2022
သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက်ကြီးကို မွန်ပြည်နယ်၊ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်ပရဝုဏ်အတွင်းမှာ လာမယ့်(၃) (၄)လအတွင်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 20 September 2022
လက်ရှိအနေထားအရ ပြည်တွင်းဆန်စပါးဈေးကွက်က အတက်ဖက်ကို ဆက်တိုက်ဦးတည်နေလျှက်ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 September 2022
ရွှေလီမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ ခပ်စိပ်စိပ်တွေ့ရှိလာတာကြောင့် ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ရွှေလီတစ်မြို့လုံးရှိရပ်ကွက်တွေနဲ့ လမ်းတွေကို လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၅ရက်တာ ရောဂါပြန့်ပွားမှုထိန်းချုပ်ဖို့အတွက် Lockdown ချလိုက်တာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 September 2022
၁။ ရွှေလီမြို့ကို Lockdown ချထားသော်လည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုမရှိဟုဆို
၂။ ဆန်လက်လီ၊ လက်ကား ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀၀၀၀၀ ဖြင့် ရောင်းချလျက်ရှိနေ
၃။ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက် မကြာမီဖွင့်လှစ်မည်
၄။ ပင်လယ်ရေညစ်ညမ်းမှုလျှော့ချနိုင်ရန် ဗင်နီဇွဲလားတွင် ပလတ်စတစ်ဗူးအဖုံးများဖြင့် နံရံပန်းချီဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 20 September 2022
ရှေးဟောင်းမြောက်ဦးမြို့ရဲ့ ရေသွင်းရေထုတ်စနစ်အတွက် ပညာရှင်အကြံပြုချက်အတိုင်းလုပ်ဆောင်မယ်လို့ ရှေးဟောင်းမြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 September 2022
မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ပိုင်းအတွင်းဖြစ်ပေါ်လာနိုင်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်၊၊
စက်တင်ဘာလ(၂၀)ရက်က ပြုလုပ်သည့် နစက ၏ (၂၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
ဗိုလ်ချုပ်ဇော်မင်းထွန်းက" ပထမဦးဆုံးလုပ်မှာကအသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးကို ကျွန်တော်တို့လုပ်ဆောင်သွားမှာ ဖြစ်တယ်၊၊ လုပ်ဆောင်နိုင်တဲ့ ခန့်မှန်းခြေကတော့နှစ်ပိုင်းအတွင်းမှာပဲဖြစ်ပေါ်လာနိုင်တယ်လို့ တွက်ပါတယ်၊၊ ဒါတွေဖြစ်ပေါ်နိုင်ဖို့က အသိပညာပေးတာ၊ သတင်းဖြန့်ဖြူးတာတွေကိုအရင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်"ဟု ထည့်သွင်းပြောသည်၊၊
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုသွားမည်ဖြစ်ပြီး ပြည်သူလူထုကို အသိပေးဆောင်ရွက်မည်ဖြစ်သောကြောင့် ပထမဦးဆုံးအဆင့်အနေဖြင့် နျူကလီးယားစွမ်းအင်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အသုံးပြုရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနားလည်အောင်၊ပူးပေါင်းဆောင်ရွက်မှုရရှိအောင် သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1677 of 2152