#Local_News
Published_ 4 July 2022
ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော KMIC စီမံကိန်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ညောင်နှစ်ပင် KMIC စက်မှုဇုန်ရှိ ယာယီ အဆောက်အဦရုံးခန်း၌ ကိုရီးယား KMIC Development Co.,Ltd မှ Managing Director အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)မှ ရန်ကုန်-ပဲခူး (၆)လမ်းသွားလမ်းမကြီးနှင့် ချိတ်ဆက်သည့် ညောင်နှစ်ပင်အဝင်လမ်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ သမိုင်းဝင်အဆောက်အဦဖြစ်တဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးခဲ့ပါတယ်။
ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝါရင့်ကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ၏ အကြံဉာဏ်များ၊ ပြင်ဆင်ထိန်းသိမ်းရေး နည်းပညာများ၊ အထောက်အထား မှတ်တမ်းမှတ်ရာများကို ရယူပြီး မူလလက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းထားရန် လိုအပ်ကြောင်းမှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Published 3 July 2022
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲကို ဇူလိုင်(၃)ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာရက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြိးမင်းအောင်လှိုင်နှင့်ဇနီး၊မိသားစုဝင်တွေ၊ ခရီးစဉ်မှာလိုက်ပါလာတဲ့ အခြားတာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် က အနန္တသုခငါးထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစင်္ကြာရိပ်သာ ဆရာတော်တို့ ဦးဆောင်၍ နစကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော် ခဲ့ကြပါတယ်။
အဆိုပါ ဓမ္မာစင်္ကြာရိပ်သာကျောင်းတိုက်ကြီးကို ၁၉၅၄ ခုနှစ်တွင် ဘဒ္ဒန္တ ဝိဓဇသိရီ မဟာထေရ်မြတ်က စတင်တည်ထောင်တော်မူခဲ့ပြီးနောက်ကျောင်းတိုက်ကြီးကို လက်ဆင့်ကမ်း၍ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။
ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်၍ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
#Local_News
Published_ 3 July 2022
မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ကျင်းပတဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ဟာ ဒီကနေ့ နံနက် ၁၁ နာရီတွင် ပုဂံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓါတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို ပိုမိုတင်ပို့သွားနိုင်ရေး၊ မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် စသည့်ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ကြပါတယ်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးကြကြပါတယ်။
နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် ဆွေးနွေးကြပါတယ်။
ယင်းနောက် ဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးနိုင်ငံရေး ဖြစ်ပေါ်တိုးတက် မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အောင်မြင်စွာ ဖော်ဆောင်နေမှုတိုကို တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးအား ရှင်းလင်းပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ ရှေ့မှောက်၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက် မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် (၁၀ ဒသမ ၅) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယွမ် (၃၂) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/ လက်ခံလွှာ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ (၁,၀၀၀) လွှဲပြောင်းပေးအပ်/လက်ခံလွှာတို့ကို မြန်မာဘက် မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တရုတ်ဘက် မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံ လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 3 July 2022
ထိုင်းနိုင်ငံသို့ နှစ်လအတွင်း MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၉၃၂၈ ဦး စေလွှတ်ခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ၂၀၂၂ ခုနှစ် ၊ မေလ ၁၀ ရက်မှစ၍ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မေလနှင့် ဇွန်လအတွင်း မြဝတီ - မဲဆောက် လမ်းကြောင်းမှ ၂၃ ကြိမ် စေလွှတ်ခဲ့ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီ ၂၅ ခုမှ ထိုင်းကုမ္ပဏီ ၇၂ ခုသို့ အလုပ်သမား ကျား ၅၂၅၂ ဦး ၊ မ ၄၀၇၆ ဦး စုစုပေါင်း ၉၃၂၈ ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများကို မြန်မာအလုပ်သမားသံအရာရှိရုံး နှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ သက်ဆိုင်ရာလုပ်ငန်းခွင် ရောက်ရှိသည်အထိ စီစဉ်ချိတ်ဆက်ပေးထားကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 3 July 2022
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn နှင့်အဖွဲ့ဟာ ယမန်နေ့ ဇူလိုင်(၂)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီး၊ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် ဩစတြေလျံသံရုံး သံရုံးယာယီတာဝန်ခံတို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးမှာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အပါအဝင် အာဆီယံရဲ့ အချက်(၅)ချက်ပါ ဘုံသဘောတူညီချက်ကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။
Page 1672 of 1971