#LocalNews
Published - 22 Apr 2022
ဗဟိုဘဏ် ထုတ်ပြန်ချက်ထွက်ပြီးနောက် ပို့ကုန်လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာသလို နိုင်ငံခြားငွေကြေးစနစ်အပြောင်းအလဲကြောင့် သင်္ဘာသားလစာပေးစနစ်အပြောင်းအလဲပြုလုပ်ထားရတယ်လို့ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 April 2022
မန္တလေးနန်းမြို့ရိုးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ ရတနာပုံဥယျာဉ်အတွင်း အများပြည်သူများအနေဖြင့် လာရောက်အပန်းဖြေ အနားယူနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။
ပြည်သူများလာရောက် အပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရတနာပုံ ဥယျာဉ်အတွင်းသို့ ၂၆ လမ်း နှင့် ၇၃ လမ်း၊ ကျော်မိုးတံခါး မင်္ဂလာတံတား ဝင်ပေါက်၊ ၆၆ လမ်းနှင့် ၁၉ လမ်း ဦးထိပ် တံခါးဝင်ပေါက် နှင့် လမ်း ၈၀ နှင့် ၂၂ လမ်း ကြေးမုံတံခါး ဝင်ပေါက်များမှ အခမဲ့ ဝင်ရောက်နိုင်ကြောင်းသိရပါတယ်။
ရတနာပုံဥယျာဉ်အတွင်း လူလျှောက်လမ်းများ၊ ပေ ၃၀ အကျယ် နိုင်လွန်ကတ္တရာ လမ်း၊ ၂ ဒသမ ၆၄ မိုင်အရှည်အား အမြန်လျှောက်လမ်း၊ ပြေးလမ်းများအဖြစ် အသုံးပြုနိုင်ပြီး ၁၀ ပေ အကျယ် မြက်ခင်း ၂ ခုကြားတွင် မိသားစု ပျော်ရွှင်စွာလမ်းလျှောက်နိုင်ရန် တည်ဆောက်ပေးထားသော လမ်းကြောင်းတစ်လျှောက် ပုံမှန်လမ်းလျှောက်ခြင်းနှင့် ပန်းအလှပင်များအကြား နားနေနိုင်ရန် ထိုင်ခုံများ တည်ဆောက်ထားပါတယ်။
နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကျန်းမာရေး အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်တဲ့အပြင် မင်္ဂလာအကြို အလှပုံရိုက်ကူးခြင်း၊ မွေးနေ့ မင်္ဂလာဧည့်ခံပွဲများ၊ အထိမ်းအမှတ်ပွဲများကိုလည်း ကျင်းပနိုင်ရန် ၂၆ လမ်း ၆၆ လမ်းနှင့် လမ်း ၈၀ ကြားနှင့် ၆၆ လမ်း ၁၂ လမ်းမှ ၂၆ လမ်းကြားတွင် ကျုံးနှင့် မြို့ရိုးအကြား ပေ ၃၀၀ အရှည်၊ ပေ ၄၀ အကျယ်ရှိသည့် ရင်ပြင်များ တည်ဆောက်ထားပါတယ်။
ထို့ပြင် ကျန်းမာရေးအတွက် သန့်စင်ခန်း ၂ ခန်းအား တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းများတွင် ထည့်သွင်းတည်ဆောက်ထားရှိပြီး မကြာမီကာလတွင် စက်ဘီးငယ်များအား သတ်မှတ်နာရီနှုန်းဖြင့် စီးနင်းနိုင်ရန် အစီးရေ ၁၀၀ စီစဉ်ထားပြီး၊ နိုင်လွန်ကတ္တရာလမ်း တစ်လျှောက် လူကြီး၊ လူငယ်များ ၂ ဒသမ ၆၄ မိုင်ကို လှည့်လည်ကြည့်ရှုနိုင်ရန် Buggy ကားငယ် ၁၅ စီးကိုလည်း တောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် စီးနင်းနိုင်ရန် စီစဉ်ထားပါတယ်။
နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ၆၆ လမ်း နှင့် ၁၉ လမ်းဘက် ဝင်ပေါက်တွင် ကားကြီး၊ ကားငယ်များ ဝင်ရောက်ရပ်နားနိုင်ပြီး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု၍ အနားယူစားသုံးနိုင်ရန် ကော်ဖီ၊ အအေးဆိုင် ၅ ဆိုင်ကို ခေတ်မီ Container Box Coffee Shop များဖြင့် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 22 April 2022
ဧပြီလ ၁၇ ရက်နေ့က စတင်ပြီး အသက် ၁၅ နှစ်နဲ့အထက် အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံဖို့ အကြုံးဝင်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_22 April 2022
တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တင်သွင်းခွင့်ပြန်ရပေမယ့် ဈေးမကိုက်လို့ ကုန်သည်တွေအနေနဲ့ သိပ်ပြီးတော့ မတင်ပို့ကြဘူးလို့ မူဆယ်ဆန်ကုန်စည်ဒိုင်က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_22 April 2022
သင်္ကြန်အပြီး ဧပြီလ ၁၉ ရက်က မြန်မာနိုင်ငံသား ၅၄ ဦး မြဝတီ - တတ်ခရိုင်နယ်စပ်ဘက်ခြမ်းတရားမဝင်သွားရောက်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းဘုရင့်ကြည်းတပ်မတော်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
မြန်မာနိုင်ငံသား အမျိုးသား ၂၈ ဦး ၊ အမျိုးသမီး ၂၆ ဦး တို့ကို မော်တော်ယာဉ် ၃ စီးဖြင့် မဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းပြခေါ်ဆောင်ပေးသည့် ပွဲစားများ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ဖမ်းဆီးရမိသူများမား စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံမှထိုင်းသို့ဝင်ရောက်ရန် သောင်ရင်းမြစ် ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -22 April 2022
၁။ အသက် ၁၅ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီ
၂။ တရုတ်သို့ ဆန်နှင့်ဆန်ကွဲ တင်သွင်းခွင့်ပြန်ရသော်လည်း ဈေးမကိုက်၍ ကုန်သည်များ တင်ပို့မှုနည်း
၃။ မိုးလေ၀သ သတင်း
၄။ အစဉ်အလာ အုတ်ဂူများနေရာတွင်ခေတ်မီပုံစံသုဿန်သင်္ချိုင်းများဖြင့် ဂျပန်တွင် အစားထိုးလာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 April 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များနှင့် သူကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးပြောဆိုရန် နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။
ယနေ့ဧပြီ၂၂ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌက ရုပ်သံမိန့်ခွန်းတစ်ရပ် အထူးထုတ်လွှင့်သွားရာမှာ ယခုလိုဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။
“ ၂၀၂၂ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ဒါကိုလက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်” လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။
အဲသလိုတွေ့ပြီးရင် နစကအဖွဲ့ဝင်ကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေမှုများပြုလုပ်သွားမည်ဟုလည်း နစကဥက္ကဋ္ဌက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲအတွက် ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်(၂)ဦးစီတက်ရောက်ပေးကြဖို့နှင့် ၂၀၂၂ခုနှစ် မေလ(၉)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုတယ်လို့လည်း ဖိတ်ခေါ်မိန့်ခွန်းမှာ သူကပြောကြားခဲ့ပါတယ်။
“နှစ်ဘက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသား ပြည်သူ အားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့ အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေး သွားကြပါမယ်” လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောကြားခဲ့ပါတယ်။
Source MOI
Page 1669 of 1810