#Local_News
Published_ 20 February 2023

 

ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင် ညင်းပမ်းနှိပ်စက်ခံရသော မြန်မာလုပ်သားအား ထိုင်းရဲမှူးချုပ်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း ထိုင်းနိုင်ငံဒေသတွင်း သတင်းများအရ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက် ည ပိုင်းတွင် ပတ်နမ်းဆွမ်ဖွမ်ရဲစခန်းထံ PIPO စင်တာအဖွဲ့၏ တိုင်ကြားချက်အရ အထက်ပါအတိုင်း သွားရောက် ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

M ဆိုခဝါစဏာဝီ - 9 အမည်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောပေါ်တွင် လုပ်နေကြသော မြန်မာအလုပ်သမားပေါင်း ၇ ဦး ထဲမှ အောင်ဝင်းနိုင် ဆိုသူက အလုပ်ဆက်လုပ်လိုစိတ်မရှိသည့် ကိစ္စနှင့်ပတ်သက်၍ အောင်ဝင်းနိုင်အား လှေသင်္ဘောပိုင်ရှင်နှင့် ကပ္ပတိန်တို့က ညင်းပမ်းနှိပ်စက်ခဲ့ကာ လှေဆိပ်ကမ်းတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဒဏ်ရာပြင်းထန်ခဲ့ကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ထိုင်းရဲမှူးချုပ်ကိုင်တိုင်အပါအဝင် ဆွမ်ဖွမ်အလုပ်သမားရုံး နှင့် NGOs အဖွဲ့စည်းများ ဆေးရုံသို့ လာရောက်ကြည့်ရှု၍ အားပေးစကား ပြောကြကြောင်းနှင့် အမှုကို ဆက်လက်စုံစမ်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်း လှေသင်္ဘောပေါ်တွင် ကျန်ရှိနေသော မြန်မာနိုင်ငံသား ၆ ဦးမှာလည်း လူကုန်ကူးခံရမှုနှင့် ညှင်းပမ်းနှိပ်စက်ခံရမှု မရှိသော်လည်း လုပ်အားခပေးဆောင်မှု နည်းစနစ်မှန်ကန်မှု မရှိကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိထားရကြောင်းလည်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group