#Local_News
Published_ 20 February 2023

 

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးမြှင့်တင်ဖို့ဆောင်ရွက်ပေးခဲ့ရာ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကျပ် ၁၀ ဘီလီယံသတ်မှတ်ထားတာဖြစ်တယ်လို့ နစက ဥက္ကက၇၅နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့သို့ ပေးပို့သည့်သ၀န်လွှာမှာဖော်ပြထားသည်။ ထို့အပြင်ဒေသဖွံ့ဖြိုးရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုလွယ်ကူစေရန်အတွက် တီးတိန်ခရိုင်နှင့်ပလက်၀ခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့ပေးထားသည်။

 

အစိုးရအနေနှင့် ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိစေဖို့အတွက် မဟာဓာတ်အားလိုင်းတည်ဆောင်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပြီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ပြည်မနှင့်အလွယ်တကူသွားလာနိုင်ဖို့ပြည်နယ်တွင်း လမ်းတွေနှင့် အဝေ​းပြေးလမ်းတွေကိုလည်းတိုးချဲ့တည်ဆောက်ပေးနေတယ်လို့ ဖော်ပြထားသည်။

 

ချင်းပြည်နယ်မှရေကြောင်းခရီးဖြင့် နိုင်ငံရပ်ခြားသွားလာရေးအတွက် ကုလားတန်မြစ်၀မ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝဆိပ်ကမ်းတည်ဆောက်ခြင်းစီမံကိန်းများကို လုပ်ဆောင်ပေးထားသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့လိုလားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ နိုင်ငံတော်အစိုးရနှင့်အတူပူးပေါင်းပါ၀င်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါသည်။

 

#ymg/ynzw
#Yangon_Media_Group