#Local_News
Published_ 26 December 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးအား သနပ်ခါးတုံးဖြင့်ထုသတ်၍ ရွှေဆွဲကြိုးလုယက်ခံရသည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီရမိထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်း ဖြစ်စဉ်သည် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူနှစ်ဉီးကို ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူများ ယူဆောင်သွားသည့် သက်သေခံရွှေထည်ပစ္စည်းနင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်တွင် ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်အရ အခင်းဖြစ်နေအိမ်အား ငွေကြေးကိစ္စဖြင့် မကြာခဏရောက်ကြောင်း၊ အိမ်ရှင်(သေဆုံးသူ)၏ ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို လုယူရန်ကြံစည်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့က သေဆုံးသူတစ်ဦးတည်းရှိနေစဉ် ဆွဲကြိုးကိုဆွဲဖြတ်ရာ လူမှတ်မိသွား၍ အသက်သေသည်အထိ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမှုအတွက် အမရပူရမြို့နယ်ရဲစခန်းက အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
#ymg/myn
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)
နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 December 202
ရန်ကုန်မြို့ကျောက်မြောင်းနှစ်ကျိပ်ရှစ်ဆူပွဲဈေး ပေါက်ကွဲမှုဖြစ်စဉ်မှာထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သားအမိနှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့တယ်လို့ တာမွေမြို့နယ် ကြက်နီအဖွဲ့နဲ့ လူမှုပရဟိတအဖွဲ့တွေထံမှ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)
နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 December 2022
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _25 December 2022
ဘတ်ငွေ ၇ သောင်းကို ပြန်ဆပ်လိုသော အသက် ၃၀ နှစ်ခန့်အရွယ် ကို......ဆိုသော မြန်မာတစ်ဦးက ဘန်ကောက်ရွှေဆိုင်တစ်ဆိုင်မှ ရွှေများလုယူထွက်ပြေးရာ အဖမ်းခံရကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားက ဒီဇင်ဘာလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အေကချိုင်လမ်း၊ နိုင်လီယ်ဈေး၌ ဖွင့်လှစ်ထားသည့် "ထိုင်းစီးလီး" ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ကာ ထိုင်းဘတ်ငွေ ၁ သိန်းခွဲတန်ဖိုးရှိ ရွှေလက်ကောက် ၅ ကွင်းကို လုယက်ယူဆောင်သွားခဲ့ကာ ထွက်ပြေးတိမ်းရှောင်ရင်း ထိုင်းရဲချုပ်တစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း ဝင်ပုန်းနေခဲ့ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ယင်းမှာ အထည်ချုပ်စက်ရုံတွင် တစ်လလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊မိသားစုအားပြန်လည်ထောက်ပံ့ရန် ငွေတိုးပေးသူထံမှ ဘတ်(၇၀၀၀၀)ကိုချေးယူထားသည်ကို တစ်လလျှင်ဘတ် (၃၀၀၀) ပုံမှန်ပြန်ဆပ်နေရကာ အကြွေးတင်နေသည့်အတွက် ငွေပြန်လည်ပေးဆပ်ရန် ရွှေဆိုင်မှ ရွှေလက်ကောက်များကို ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားကြသည်။
ယခုအခါ ရွှေများလုယူမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ဘန့်ခွန်ထီယံရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group

Page 1685 of 2360